Daily News

သခင်ဖြစ်သူတွက် နံနက်စာကို နေ့တိုင်းထွက်ဝယ်ပေးခဲ့သော ခွေးလိမ်မာလေး

အချို့သော တိရစ္ဆာန်လေးများသည် လူတွေထက်အသိဥာဏ်ပိုကြွယ်ပြီး သူတို့အပေါ် နည်းနည်းလောက်ကောင်းပေးသည်ကို မှတ်ထားပြီး ကျေးဇူးပြန်ဆပ်တတ်လေ့ရှိသည်။

ယခုအခါတွင်လည်း လမ်းဘေးတွင် စွန့်ပစ်ခြင်းခံရသော လသားအရွယ်သာ ရှိသေးသော ခွေးပေါက်လေးတစ်ကောင်သည် ကံကောင်းထောက်မစွာဖြင့် သဘောကောင်းသူ အဘွားအိုတစ်ဦးနှင့် ဆုံခဲ့ရာ အိမ်သို့ခေါ်ပြန်ပြီး မွေးစားခြင်းကို ခံလိုက်ရသည်။


ခွေးလေးသည် ကျေးဇူးရှင် အဘွားအိုကို တစ်ချိန်လုံး အနားမှာနေရင်း စောင့်ရှောက်ပေးလျက်ရှိကာ အပြင်ထွက်ချိန်လည်း တူတူလိုက်ပါသွားခဲ့သည်။


အဘွားအိုသည် အသက်ကြီးပြီဖြစ်၍ ခြေထောက်မှာလည်း ရပ်ဖို့ရာ ခဲယဥ်းပြီး အိမ်တွင်သာ နေရသည့်အခါ ခွေးလေးသည် အဘွားအိုအတွက် စတိုးဆိုင်တစ်ခုမှ နေ့စဥ် နံနက်စာကို ထွက်ဝယ်ပေးခဲ့သည်။


ခွေးလေးသည် စားစရာများကို ကိုက်ချီကာ အဘွားအိုကို အလုပ်အကျွေးပြုခဲ့သည်မှာ ဆယ်စုနှစ်လောက် ကြာခဲ့ပြီး ကျေးဇူးသိတတ်ကာ သစ္စာစောင့်သိမှုကြီးကြောင့် အများမှ ချီးကျူးခဲ့ကြသည်။

Hlaing (Love Feeling )

Zawgyi










Hlaing (Love Feeling )

Leave a Comment