Daily News
ဆရာမလေးဧ။် ချောမောလှပမှုကြောင့် ကျောင်းသားလေးများမှာ တစ်ချိန်လုံးစာသင်နေချင်သည့် အဖြစ်
ကျောင်းတက်ချိန်တွင် ကျောင်းသားအများစုမှာ ပျင်းရိကြပြီး ကျောင်းခိုးလစ်ရတာနဲ့ နေမကောင်းချင်ယောင်ဆောင်ရတာနဲ့ စသဖြင့် မရှိသည့် ရောဂါ လက္ခဏာတွေကို အကြောင်းအမျိုးမျိုးပြကာ အတန်းပျက်ခဲ့ကြသည်။
သို့ဖြစ်၍ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း ဒါဗာအိုမြို့ရှိ ဆန်ဒက်ပိုကောလိပ်တွင် တက်ရောက်နေသော ကျောင်းသားလေးများမှာ အခြားသူများလို ပျင်းရိချိန်ပင်မရှိပဲ တစ်ချိန်လုံး အခန်းထဲတွင် စာသင်ချင်နေကြသည်။
ထိုသို့ဖြစ်ရခြင်းမှာ ကောလိပ်တွင် လူမှုဗေဒ နှင့်သိပ္ပံဘာသာရပ်များကို သင်ကြားပို့ချပေးနေသော Amalia Cabangbang ဟု အမည်ပေးထားသည့် ကျောင်းဆရာမအချောလေးကြောင့်ပင် ဖြစ်သည်။
ဆရာမလေးသည် ချောမောလှပရုံတင်မကပဲ ကြင်နာတတ်သည့်အပြင် စာအသင်အပြကောင်းလွန်းပြီး စိတ်ဝင်စားအောင် နားလည်အောင် သင်ပြနိုင်သည့် ထူးချွန်ထက်မြက်သူတစ်ယောက်လည်း ဖြစ်သည်။
ထို့ကြောင့် ကျောင်းသားလေးများသည် ဆရာမလေးနှင့် စာသင်ချင်သည်ဆိုပြီး အတန်းကို ပုံမှန်တက်ကာ ကျောင်းမပျက်မိရန် ကြိုးစားကြသည်။
Hlaing (Love Feeling )
Zawgyi
Hlaing (Love Feeling )
Leave a Comment