Daily News

ငါးဖမ်းထွက်ရင်း သန်း၁၀၀တန် ဧရာမပုလဲကြီးအား ရှာဖွေတွေ့ရှိခဲ့သော တံငါသည်

ပုလဲလုံးလေးများကို ကမာကောင်များမှ ရရှိပြီး နားကပ် လက်စွပ် စသဖြင့် လက်ဝတ်လက်စားရတနာများတွင် ထည့်သွင်းပြုလုပ်ကြပြီး စျေးကွက်တွင်ရောင်းချကြသည်ကို မြင်တွေ့ဖူးကြမှာပါ။

သို့ဖြစ်၍ ဖိလစ်ပိုင်နိုင်ငံ ပင်လယ်ကမ်းစပ်တွင် နေထိုင်သော တံငါသည်အမျိုးသားတစ်ဦးသည် ကံကြမ္မာအလှည့်အပြောင်းတစ်ခုတွင် ကံကောင်းထောက်မစွာဖြင့် ရှားပါးလှသည့် ဧရာမပုလဲကြီးအား တွေ့ရှိခဲ့သည်။


တံငါသည်အမျိုးသားသည် Palawanကမ်းရိုးတန်းတွင် စားဝတ်နေရေးအတွက် ငါးဖမ်းထွက်ခဲ့ရာ မထင်မှတ်ပဲ ၇၅ပေါင်အလေးချိန်ရှိသော ကမ္ဘာ့အကြီးဆုံးအဖြစ်သတ်မှတ်ခြင်းခံထားရသော ပုလဲလုံးကြီးအား တွေ့ရှိခဲ့၍ အံ့အားသင့်ခဲ့ရသည်။


သို့သော် တံငါသည်သည် ထိုပုလဲကိုတွေ့ရှိခဲ့သော်လည်း ရောင်းစားခြင်းမရှိပဲ မည်မျှတန်ဖိုးရှိသည်ကိုလည်း မသိရှိခဲ့ပါ။


နောက်ဆုံးတွင် အမျိုးသားသည် ဒေါ်လာ သန်း ၁၀၀တန်ဖိုးရှိ ပုလဲကြီးအား နာမည်ကြီးပြတိုက်တစ်ခုတွင် သွားရောက်၍ သိမ်းဆည်းထားသည်ဟု သိရသည်။

Hlaing (Love Feeling )

Zawgyi


ပုလဲလုံးလေးများကို ကမာကောင်များမှ ရရှိပြီး နားကပ် လက်စွပ် စသဖြင့် လက်ဝတ်လက်စားရတနာများတွင် ထည့်သွင်းပြုလုပ်ကြပြီး ဈေးကွက်တွင်ရောင်းချကြသည်ကို မြင်တွေ့ဖူးကြမှာပါ။







Hlaing (Love Feeling )

Leave a Comment