Daily News

အမျိုးသားတိုင်းလိုချင်ကြသည့် 6-packs ကြွက်သားအလှအား ၁၀နှစ်အရွယ်လေးနှင့် ပိုင်ဆိုင်ထားသော ကောင်လေး

အမျိုးသားအများစုမှာ ခန္ဓာကိုယ်ကြွက်သားအလှနှင့် တည်ဆာက်ထားတာမျိုးကို လိုချင်ကြပြီး ရရှိအောင်လည်း လေ့ကျင့်ခန်းများလုပ်ကာ ကြိုးစားကြသော်လည်း 6-packs ရရှိဖို့ကျ မလွယ်ကူလှပေ။


သို့သော်လည်း ဗီယက်နမ်နိုင်ငံ Dong Naiပြည်နယ်တွင် နေထိုင်သော Hoang Nam အမည်ရှိသော အသက် ၁၀နှစ်သာရှိသေးသော ကောင်လေးသည် အမျိုးသားတိုင်း အားကျရသည့် 6-packsကြွက်သားအလှနှင့် ခန္ဓာကိုယ်မှာ ကြည့်ကောင်းနေခဲ့သည်။


ကောင်လေးသည် ၄နှစ်အရွယ်လောက်ကပင် လမ်းလျှောက်ဖို့ရာ ခဲယဥ်းပြီး နွားနို့များစွာ သောက်ခဲ့ရကာ အံ့အားသင့်စွာဖြင့် ၅နှစ်ရောက်သည့်ချိန်တွင် ကြွက်သားများ စတင်ပေါ်ထွက်ခဲ့ပြီး သန်မာလာခဲ့သည်။


မိဘတို့မှလည်း ထူးခြားနေမှုကြောင့် ဆရာ၀န်ထံ ခေါ်ပြခဲ့ရာ ရှားပါးသည့် ကြွက်သားထွက်ရောဂါ ရှိသည်ဟု ဆိုခဲ့ပြီး ထိုရောဂါမျိုးက ကျန်းမာရေးအတွက်တော့ စိုးရိမ်စရာမရှိကြောင်း ဆိုခဲ့သည်။


ထို့နောက် မိသားစုမှ ကောင်လေးကို အားကစားခန်းမသို့ အပ်နှံခဲ့ပေးပြီး လေ့ကျင့်ခန်းများလုပ်စေခဲ့ရာ မကြာမှီ လူတိုင်းအားကျရသည့် 6-packs ကြွက်သားအလှနှင့်ခန္ဓာကိုယ်အား ရရှိခဲ့ပြီး အများဧ။် အာရုံစိုက်ခြင်းကို ခံလာရသည်။

Hlaing (Love Feeling )

Zawgyi










Hlaing (Love Feeling )

Leave a Comment