success

တောက်ပတဲ့အနာဂတ်သစ်တစ်ခုရရှိအောင် ကြိုးစားနေချိန်မှာ ရှောင်ရှားသင့်တဲ့ အချက်တွေ

တောက်ပတဲ့အနာဂတ်သစ်တစ်ခုရရှိအောင် ကြိုးစားနေချိန်မှာ ရှောင်ရှားသင့်တဲ့ အချက်တွေ

လူတိုင်းလူတိုင်း မိမိဘဝနဲ့ ပတ်သတ်ပြီး လှပတဲ့အနာဂတ်သစ် တစ်ခုကို ဖန်တီးချင်ကြမှာပါ။အနာဂတ်မှာအဆင်ပြေချောမွေ့ တဲ့ဘဝတစ်ခုပိုင်ဆိုင်နိုင်ဖို့ဆိုရင် လက်ရှိအချိန်မှာကတည်းက အများကြီးကြိုးစားအားထုတ်ဖို့လိုအပ်ပါတယ်။တစ်ချို့ကလည်းကိုယ့်မျှော့်လင့်ထားတဲ့အနာဂတ်ပန်းတိုင်ကိုဖြောင့်ဖြောင့်တန်းတန်းလျောက်လှမ်းနိုင်ကြသလို တစ်ချို့ကျတော့လမ်း တစ်ဝက်မှာတင် လမ်းပျောက်သွားတာမျိုးတွေ ရှိတက်ကြပါတယ်။ဒီနေ့မှာတော့ တောက်ပတဲ့အနာဂတ်သစ်တစ်ခုရရှိအောင် ကြိုးစားနေချိန်မှာ ရှောင်ရှားသင့်တဲ့ အချက်တွေကိုပြောပြ ပေးချင်ပါတယ်။

(၁) မိုက်ရူးရဲမဆန်ပါနဲ့

တစ်ခါတစ်လေမှာ ကျွန်တော်တို့အနေနဲ့ ကိစ္စတစ်ခုခုလုပ်ဆောင်ရာမှာ မိုက်ရူးရဲဆန်စွာပဲ လုပ်မိတက်ကြပါတယ်။အမှားအမှန်ကိုခွဲခြားသိမြင်နိုင်ခြင်းက အောင်မြင်မှုရဲ့ လမ်းစတစ်ခုဖြစ် တာကြောင့်ဘာပဲလုပ်လုပ် အရင်ဆုံးစဉ်းစားဆင်ခြင်မိဖို့အရေးကြီးပါတယ်။ကောင်းတဲ့အရာတစ်ခုအတွက် ရှေ့ကိုဆက် တိုးတာဟာ မှန်ကန်ပေမယ့် မှားနေတယ် မကောင်းဘူးဆိုတဲ့ အရာတွေအတွက်တော့ မိုက်ရူးဆန်စွာမလုပ်ဆောင်သင့်ပါဘူး။

မိုက်ရူးရဲဆန်စွာအမှားကိုလုပ်ဆောင်ခြင်းဟာ သာမာန်အမှားလုပ်တာထက်နှစ်ဆပိုခံရနိုင်ပါတယ်။ဒါကြောင့်ဘယ်အရာပဲလုပ်လုပ်အရင်ဆုံးစဉ်းစားပါတွေးခေါ်ပါအကြံဉာဏ်တောင်းပါ။

(၂) အချစ်ကိုမရူးသွပ်ပါနဲ့

ကမ္ဘာပေါ်ကသက်ရှိတိုင်းအတွက် ချစ်ခြင်းမေတ္တာဆိုတာလိုအပ်ပေမယ့် ၁၅၀၀ အချစ်ကတော့ တစ်ခါတစ်လေမှာ ကျွန်တော် တို့ရဲ့ ဘဝတွေကို အောက်ဆုံးအထိဆွဲချသွားတက်ပါတယ်။အနာဂတ်အတွက်ကြိုးစားနေချိန်မှာ ပိုပြီးတောင်အချစ်ကို လိမ်မာပါးနပ်စွာကိုင်တွယ်သင့်ပါတယ်။လုံးဝမချစ်နဲ့လို့မပြောချင်ပါဘူး။ချစ်ပါ။

ဒါပေမဲ့အဆုံးအစွန်ထိတော့ အရာရာအားလုံးပုံအပ်ပြီးမချစ်သင့်ပါဘူး။အချစ်ကိုရူးသွပ်ခြင်းက ကိုယ့်ရဲ့ ကြိုးစားနေမှုလမ်းကြောင်းကိုနှောင့်နှေးစေတက်တာကြောင့် ရူးသွပ်စွာမချစ်ဖို့ ကိုယ့်ကိုယ်ကိုအမြဲသတိပေးပါ။

(၃) မပျင်းရိပါနဲ့

ကျွန်တော်တို့ဟာ အကြောင်းပြချက်အမျိုးမျိုးရဲ့ ကိုယ့်ရဲ့ ပျင်းရိတဲ့စိတ်ကို ကာကွယ်ပေးတက်ကြပါတယ်။စောသေးလို့ နေပူလို့ မိုးရွှာလို့ စတဲ့အကြောင်းပြချက်တွေနဲ့ ကျွန်တော်တို့ လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တာတွေကို နေ့ရွေ့ညရွေ့ ရွေ့တက်ကြတာဖြစ်ပါတယ်။တကယ်တော့ပျင်းရိမှုဟာ ကိုယ်လိုချင် တဲ့အနာဂတ်ပန်းတိုင်ကိုရောက်ဖို့ ဟန့်တားနေတဲ့ ကိုယ်နဲ့ ပန်းတိုင်ကြားက မမြင်ရတဲ့အတားအဆီးတစ်ခုဖြစ်ပါတယ်။

ပျင်းရိမှုဟာ မျက်စိနဲ့မြင်ရပြီးထိတွေ့ကိုင်တွယ်လို့ရတဲ့ အတားအ ဆီးတစ်ခုမဟုတ်တာကြောင့် ပျင်းရိစိတ်ကိုဖယ်ရှားဖို့ ကျွန်တော်တို့ရဲ့ စိတ်တစ်ခုကသာလုပ်ဆောင်နိုင်မှာပါ။ဒါကြောင့်ပျင်းရိစိတ်တွေဖျောက်ပြီး မဝေးတော့တဲ့ကိုယ့်ရဲ့ အနာဂတ်အတွက် အင်တိုက် အားတိုက်ဆက်လက်လျောက်လှမ်းလိုက်ပါအုန်း။

(၄) စိတ်ကူးယဉ်ကမ္ဘာထဲမှာပဲမျော်မနေပါနဲ့

စိတ်ကူးယဉ်တယ်ဆိုတာ သိပ်ကိုစိတ်ကျေနပ်ဖို့ကောင်းတဲ့ အရာတစ်ခုပါ။ကိုယ့်ကိုယ်ကိုစိတ်ကူးထဲမှာ သိန်းပေါင်းများစွာပိုင်ဆိုင်တဲ့ မီလီယံနာသူဋ္ဌေးအဖြစ်မြင်တွေ့လို့ရသလို Lamborghini လိုသိန်းသောင်းချီတဲ့ကားတွေကိုစီးနိုင်ပါတယ်။ဒါပေမယ့် စိတ်ကူးကစိတ်ကူးသက်သာပါပဲ။အချိန်တန်လို့ တခြားအတွေးတစ်ခုဝင်လာရင်ချက်ချင်းပဲ ပျောက်ကွယ်သွား နိုင်ပါတယ်။

ဒါပေမဲ့သင့်မှာသင့်စိတ်ကူးထားတဲ့ အရာတွေကိုလက်တွေ့ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားခွင့်ဆိုတာတော့ ရှိပြီးသားပါ။ဒါကြောင့်ကိုယ်ကဘာဖြစ်ချင်တာလဲဆိုတာကောင်းကောင်းကြီးစိတ်ကူးယဉ်ပစ်လိုက်ပါ။ပြီးရင်တော့စိတ်ကူးထဲကအတိုင်း ပြင်းပြင်းထန်ထန်ကြိုးစားလိုက်ပါ။ပန်းတိုင်ဆိုတာသင့်နဲ့ အနီးဆုံးမှာရှိနေပါတယ်။

(၅) ရည်ရွှယ်ချက်မလွဲပါစေနဲ့

လူအများစု ကိုယ့်လိုချင်တဲ့အနာဂတ်ပန်းတိုင်ကိုမရောက်ကြဘူးဆိုတာဟာ သူတို့ချမှတ်ထားတဲ့ ရည်ရွှယ်ချက်လမ်းကြောင်းတွေက လမ်းခုလပ်မှာ ဦးတည်ရာလွဲကုန်လို့လည်းဖြစ်တက်ပါတယ်။တစ်ချို့က ကိုယ်ချမှတ်ထားတဲ့ရည်ရွှယ်ချက်က တစ်ခုက ဒီရည်ရွှယ်ချက်လမ်းကိုလျောက်ရင်းလမ်းတစ်ဝက် မှာတင် တခြားသောလမ်းကြောင်းတွေကိုပြောင်းလဲလျောက်လှမ်းကြတာဖြစ်ပါတယ်။

တကယ်ပဲမိမိတို့ရဲ့ Passion ပါရာလမ်းကြောင်းတစ်ခုကိုရှာဖွေတွေ့ရှိသွားရင်တော့ ကောင်းပါတယ်။ဒီလိုမှမဟုတ်ပဲ တခြားသူတွေရဲ့ စကားတွေကို နားယောင်ပြီး ဟိုလမ်းလျောက်ရမလို ဒီလမ်းလျောက်ရမလိုနဲ့ တွေ ဝေနေရင်တော့ ကိုယ်ချမှတ်ထားတဲ့လမ်းကြောင်းကလည်း ပျောက်သွားမှာသေချာပါတယ်။

zawgyi

ေတာက္ပတဲ့အနာဂတ္သစ္တစ္ခုရရွိေအာင္ ႀကိဳးစားေနခ်ိန္မွာ ေရွာင္ရွားသင့္တဲ့ အခ်က္ေတြ

လူတိုင္းလူတိုင္း မိမိဘဝနဲ႔ ပတ္သတ္ၿပီး လွပတဲ့အနာဂတ္သစ္ တစ္ခုကို ဖန္တီးခ်င္ၾကမွာပါ။အနာဂတ္မွာအဆင္ေျပေခ်ာေမြ႕ တဲ့ဘဝတစ္ခုပိုင္ဆိုင္ႏိုင္ဖို႔ဆိုရင္ လက္ရွိအခ်ိန္မွာကတည္းက အမ်ားႀကီးႀကိဳးစားအားထုတ္ဖို႔လိုအပ္ပါတယ္။တစ္ခ်ိဳ႕ကလည္းကိုယ့္ေမွ်ာ့္လင့္ထားတဲ့အနာဂတ္ပန္းတိုင္ကိုေျဖာင့္ေျဖာင့္တန္းတန္းေလ်ာက္လွမ္းႏိုင္ၾကသလို တစ္ခ်ိဳ႕က်ေတာ့လမ္း တစ္ဝက္မွာတင္ လမ္းေပ်ာက္သြားတာမ်ိဳးေတြ ရွိတက္ၾကပါတယ္။ဒီေန႔မွာေတာ့ ေတာက္ပတဲ့အနာဂတ္သစ္တစ္ခုရရွိေအာင္ ႀကိဳးစားေနခ်ိန္မွာ ေရွာင္ရွားသင့္တဲ့ အခ်က္ေတြကိုေျပာျပ ေပးခ်င္ပါတယ္။

(၁) မိုက္႐ူးရဲမဆန္ပါနဲ႔

တစ္ခါတစ္ေလမွာ ကြၽန္ေတာ္တို႔အေနနဲ႔ ကိစၥတစ္ခုခုလုပ္ေဆာင္ရာမွာ မိုက္႐ူးရဲဆန္စြာပဲ လုပ္မိတက္ၾကပါတယ္။အမွားအမွန္ကိုခြဲျခားသိျမင္ႏိုင္ျခင္းက ေအာင္ျမင္မႈရဲ႕ လမ္းစတစ္ခုျဖစ္ တာေၾကာင့္ဘာပဲလုပ္လုပ္ အရင္ဆုံးစဥ္းစားဆင္ျခင္မိဖို႔အေရးႀကီးပါတယ္။ေကာင္းတဲ့အရာတစ္ခုအတြက္ ေရွ႕ကိုဆက္ တိုးတာဟာ မွန္ကန္ေပမယ့္ မွားေနတယ္ မေကာင္းဘူးဆိုတဲ့ အရာေတြအတြက္ေတာ့ မိုက္႐ူးဆန္စြာမလုပ္ေဆာင္သင့္ပါဘူး။

မိုက္႐ူးရဲဆန္စြာအမွားကိုလုပ္ေဆာင္ျခင္းဟာ သာမာန္အမွားလုပ္တာထက္ႏွစ္ဆပိုခံရႏိုင္ပါတယ္။ဒါေၾကာင့္ဘယ္အရာပဲလုပ္လုပ္အရင္ဆုံးစဥ္းစားပါေတြးေခၚပါအႀကံဉာဏ္ေတာင္းပါ။

(၂) အခ်စ္ကိုမ႐ူးသြပ္ပါနဲ႔

ကမာၻေပၚကသက္ရွိတိုင္းအတြက္ ခ်စ္ျခင္းေမတၱာဆိုတာလိုအပ္ေပမယ့္ ၁၅၀၀ အခ်စ္ကေတာ့ တစ္ခါတစ္ေလမွာ ကြၽန္ေတာ္ တို႔ရဲ႕ ဘဝေတြကို ေအာက္ဆုံးအထိဆြဲခ်သြားတက္ပါတယ္။အနာဂတ္အတြက္ႀကိဳးစားေနခ်ိန္မွာ ပိုၿပီးေတာင္အခ်စ္ကို လိမ္မာပါးနပ္စြာကိုင္တြယ္သင့္ပါတယ္။လုံးဝမခ်စ္နဲ႔လို႔မေျပာခ်င္ပါဘူး။ခ်စ္ပါ။

ဒါေပမဲ့အဆုံးအစြန္ထိေတာ့ အရာရာအားလုံးပုံအပ္ၿပီးမခ်စ္သင့္ပါဘူး။အခ်စ္ကို႐ူးသြပ္ျခင္းက ကိုယ့္ရဲ႕ ႀကိဳးစားေနမႈလမ္းေၾကာင္းကိုေႏွာင့္ေႏွးေစတက္တာေၾကာင့္ ႐ူးသြပ္စြာမခ်စ္ဖို႔ ကိုယ့္ကိုယ္ကိုအၿမဲသတိေပးပါ။

(၃) မပ်င္းရိပါနဲ႔

ကြၽန္ေတာ္တို႔ဟာ အေၾကာင္းျပခ်က္အမ်ိဳးမ်ိဳးရဲ႕ ကိုယ့္ရဲ႕ ပ်င္းရိတဲ့စိတ္ကို ကာကြယ္ေပးတက္ၾကပါတယ္။ေစာေသးလို႔ ေနပူလို႔ မိုး႐ႊာလို႔ စတဲ့အေၾကာင္းျပခ်က္ေတြနဲ႔ ကြၽန္ေတာ္တို႔ လုပ္ေဆာင္ရမယ့္ လုပ္ငန္းတာဝန္တာေတြကို ေန႔ေ႐ြ႕ညေ႐ြ႕ ေ႐ြ႕တက္ၾကတာျဖစ္ပါတယ္။တကယ္ေတာ့ပ်င္းရိမႈဟာ ကိုယ္လိုခ်င္ တဲ့အနာဂတ္ပန္းတိုင္ကိုေရာက္ဖို႔ ဟန႔္တားေနတဲ့ ကိုယ္နဲ႔ ပန္းတိုင္ၾကားက မျမင္ရတဲ့အတားအဆီးတစ္ခုျဖစ္ပါတယ္။

ပ်င္းရိမႈဟာ မ်က္စိနဲ႔ျမင္ရၿပီးထိေတြ႕ကိုင္တြယ္လို႔ရတဲ့ အတားအ ဆီးတစ္ခုမဟုတ္တာေၾကာင့္ ပ်င္းရိစိတ္ကိုဖယ္ရွားဖို႔ ကြၽန္ေတာ္တို႔ရဲ႕ စိတ္တစ္ခုကသာလုပ္ေဆာင္ႏိုင္မွာပါ။ဒါေၾကာင့္ပ်င္းရိစိတ္ေတြေဖ်ာက္ၿပီး မေဝးေတာ့တဲ့ကိုယ့္ရဲ႕ အနာဂတ္အတြက္ အင္တိုက္ အားတိုက္ဆက္လက္ေလ်ာက္လွမ္းလိုက္ပါအုန္း။

(၄) စိတ္ကူးယဥ္ကမာၻထဲမွာပဲေမ်ာ္မေနပါနဲ႔

စိတ္ကူးယဥ္တယ္ဆိုတာ သိပ္ကိုစိတ္ေက်နပ္ဖို႔ေကာင္းတဲ့ အရာတစ္ခုပါ။ကိုယ့္ကိုယ္ကိုစိတ္ကူးထဲမွာ သိန္းေပါင္းမ်ားစြာပိုင္ဆိုင္တဲ့ မီလီယံနာသူေ႒းအျဖစ္ျမင္ေတြ႕လို႔ရသလို Lamborghini လိုသိန္းေသာင္းခ်ီတဲ့ကားေတြကိုစီးႏိုင္ပါတယ္။ဒါေပမယ့္ စိတ္ကူးကစိတ္ကူးသက္သာပါပဲ။အခ်ိန္တန္လို႔ တျခားအေတြးတစ္ခုဝင္လာရင္ခ်က္ခ်င္းပဲ ေပ်ာက္ကြယ္သြား ႏိုင္ပါတယ္။

ဒါေပမဲ့သင့္မွာသင့္စိတ္ကူးထားတဲ့ အရာေတြကိုလက္ေတြ႕ပိုင္ဆိုင္ႏိုင္ဖို႔ ႀကိဳးစားခြင့္ဆိုတာေတာ့ ရွိၿပီးသားပါ။ဒါေၾကာင့္ကိုယ္ကဘာျဖစ္ခ်င္တာလဲဆိုတာေကာင္းေကာင္းႀကီးစိတ္ကူးယဥ္ပစ္လိုက္ပါ။ၿပီးရင္ေတာ့စိတ္ကူးထဲကအတိုင္း ျပင္းျပင္းထန္ထန္ႀကိဳးစားလိုက္ပါ။ပန္းတိုင္ဆိုတာသင့္နဲ႔ အနီးဆုံးမွာရွိေနပါတယ္။

(၅) ရည္႐ႊယ္ခ်က္မလြဲပါေစနဲ႔

]

လူအမ်ားစု ကိုယ့္လိုခ်င္တဲ့အနာဂတ္ပန္းတိုင္ကိုမေရာက္ၾကဘူးဆိုတာဟာ သူတို႔ခ်မွတ္ထားတဲ့ ရည္႐ႊယ္ခ်က္လမ္းေၾကာင္းေတြက လမ္းခုလပ္မွာ ဦးတည္ရာလြဲကုန္လို႔လည္းျဖစ္တက္ပါတယ္။တစ္ခ်ိဳ႕က ကိုယ္ခ်မွတ္ထားတဲ့ရည္႐ႊယ္ခ်က္က တစ္ခုက ဒီရည္႐ႊယ္ခ်က္လမ္းကိုေလ်ာက္ရင္းလမ္းတစ္ဝက္ မွာတင္ တျခားေသာလမ္းေၾကာင္းေတြကိုေျပာင္းလဲေလ်ာက္လွမ္းၾကတာျဖစ္ပါတယ္။

တကယ္ပဲမိမိတို႔ရဲ႕ Passion ပါရာလမ္းေၾကာင္းတစ္ခုကိုရွာေဖြေတြ႕ရွိသြားရင္ေတာ့ ေကာင္းပါတယ္။ဒီလိုမွမဟုတ္ပဲ တျခားသူေတြရဲ႕ စကားေတြကို နားေယာင္ၿပီး ဟိုလမ္းေလ်ာက္ရမလို ဒီလမ္းေလ်ာက္ရမလိုနဲ႔ ေတြ ေဝေနရင္ေတာ့ ကိုယ္ခ်မွတ္ထားတဲ့လမ္းေၾကာင္းကလည္း ေပ်ာက္သြားမွာေသခ်ာပါတယ္။

Leave a Comment