Daily News

မီးဖွားပြီးနောက် ဆံပင်ကျွတ်ခြင်းပြဿနာ ကြုံတွေ့ခဲ့ရတဲ့ သူမရဲ့အဖြစ်ကို ဝေမျှလာခဲ့တဲ့ ကလေးမိခင်

ကလေးငယ်လေးရဲ့မိခင်တစ်ယောက်က သူမရဲ့ “နာမည်ကြီးဆံပင်ပုံစံ” ကို ရယ်စရာအဖြစ် တင်ခဲ့ပါတယ် ။ သူမဟာ ကလေးမွေးပြီးနောက် ဆံပင်ကျွတ်ခြင်းကို တွေ့ကြုံရပြီး ဆိုရှယ်မီဒီယာမှာ သူရဲ့အဖြစ်ကို ဖော်ပြလာခဲ့တာပါ ။ မိခင်များစွာက ကလေးမွေးဖွားပြီးနောက် ဆံပင်ကျွတ်ခြင်းပြဿနာအချို့ကို ကြုံတွေ့ဖူးကြမယ်ထင်ပါတယ် ။ မီးဖွားပြီးနောက် ဆံပင်ကျွတ်ခြင်းဟာ ခန္ဓာကိုယ်အတွင်းဟော်မုန်းအပြောင်းအလဲများကြောင့် ဖြစ်ပါတယ် ။ ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်က estrogen ပိုထွက်လာတဲ့အတွက် ၎င်းဟာ ဆံပင်ကျွတ်ခြင်းကို လျော့နည်းစေပြီး သင်ရဲ့ဆံပင်ကို ကျန်းမာသန်စွမ်းစေပါတယ် ။ ဒါပေမယ့် ကလေးမွေးပြီးနောက် Estrogen ပမာဏလျော့နည်းသွားသဖြင့် ဆံပင်ကျွတ်ခြင်းကို ကြုံတွေ့ခဲ့ကြတာပါ ။ ၎င်းအကြောင်းကြောင့် ကလေးမွေးပြီးနောက် ဆံပင်ကျွတ်ခြင်းဟာ ပုံမှန်ထက်ပိုများလာခဲ့ပါတယ် ။


မကြာသေးမီကဖေ့စ်ဘွတ်ခ်သုံးစွဲသူ “YingYing YingYing” မိခင်တစ်ဦးက သူမရဲ့ဆံပင်ပုံစံကို အွန်လိုင်းမှာ မျှဝေလာတဲ့အခါမှာ များစွာသော ကလေးမိခင်တွေက သူတို့လည်း ထိုအတိုင်း ကြုံဖူး၊ ဖြစ်ဖူးကြောင်းကို မှက်ချက်ပေးကြပါတယ် ။ နောက်ပြီး ဒီမိခင်ရဲ့ post က အွန်လှိုင်းပေါ်မှာ အကျော်ကြားဆုံး ဆံပင်ပုံစံအဖြစ် များစွာ ပျံ့နှံ့သွားခဲ့ပါတယ် ။


JRose (KBdailynews)


Reference : thainewsonline


Zawgyi





JRose (KBdailynews)

Leave a Comment