One Daily News

တိုက်ခန်းကျဉ်းလေးနဲ့လဲ သပ်ရပ်လှပစေမည့် အိမ်တွင်းအလှဆင်နည်းလမ်းကောင်းများ

တိုက်ခန်းကျဉ်းလေးနဲ့လဲ သပ်ရပ်လှပစေမည့် အိမ်တွင်းအလှဆင်နည်းလမ်းကောင်းများ အဆာက်အဦးတစ်ခုဟာ အတူယှဥ်တွဲနေထိုင်သူတွေ နဲ့ ၎င်းတို့ရဲ့စိတ်ခံစားမှုတွေ ပေါင်းစည်းလိုက်တဲ့အခါ ထိုနေရာကို “အိမ်” လို့အမည်တွင်ပါတယ်။

အိမ်တစ်အိမ်ရဲ့သွင်ပြင်ဟာ အိမ်သားတွေရဲ့ စရိုက်ကိုလဲတစ်နည်းတစ်ဖုံထင်ဟပ်စေပါတယ်။လူအများစုရဲ့ စိတ်ကူးယဉ်အိပ်မက်ကတော့ ခမ်းနားလှပတဲ့ အိမ်ကြီးကြီးတွေမှာနေရဖို့ပဲဖြစ်ပေမယ့် လက်ရှိကိုယ်ပိုင်ဆိုင်ထားရတဲ့အိမ်လေး ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေသပ်ရပ်လှပအောင်မွှန်းမံပြင်ဆင်တတ်ဖို့လဲ လိုအပ်ပါတယ်။

ဒါကြောင့်မို့ ပရိဘောဂများအား အိမ်အကျယ်အဝန်းနဲ့ကိုက်ညီစွာနေရာချထားမှုအတွက် နည်းလမ်း‌ကောင်းတချို့ကို တင်ပြပေးသွားမှာဖြစ်ပါတယ်။

၁။ နှစ်ထပ်ကုတင်

 

သင့်ကလေးငယ် အခန်း‌ပိုမိုကျယ်ဝန်းလာနိုင်‌စေရန် သာမန်ကုတင်များအစား ဒီလိုနှစ်ထပ်ကုတင်ကိုလဲလှယ်အသုံးပြုပါ။အမြင်ရိုးရှင်းပြီး နေရာယူမှုမများလှပဲ ခေတ်မှီဒီဇိုင်းဖြစ်ရုံသာမက လုံခြုံမှုကိုလည်း အပြည့်အဝခံစားရစေပါလိမ့်မယ်။

၂။ စာကြည့်စားပွဲလား? ဆိုဖာထိုင်ခုံလား?

 

သင့်အခန်းငယ်‌လေးထဲမှာ ဦးစားပေးအနေနဲ့ စာကြည့်စားပွဲထားသင့်လား ဆိုဖာထိုင်ခုံထားသင့်လားဆိုတာ တွေဝေနေပြီလား ?? နှစ်မျိုးစလုံးတစ်ပြိုင်နက်တည်းထားပါတယ်။ပုံပါအတိုင်း ပြင်ဆင်လိုက်မယ်ဆိုရင် ဆိုဖာထိုင်ခုံ ၊စာကြည့်စားပွဲကောင်းကောင်းအပြင် စာအုပ်စင်အဖြစ်အသုံးပြုရန်နေရာလွတ်များကိုပါရရှိနိုင်မှာဖြစ်ပါတယ်

၃။ အရောင်များနဲ့အလှဆင်ပါ

 

နံရံပြောင်များပေါ်တွင် ယခုလိုလှပရိုးရှင်းသော ပစ္စည်းတင်ရန်စင်ငယ်‌လေးများ အလှဆင်အသုံးပြုခြင်းဖြင့်လဲ သင့်အခန်းကိုပိုမိုကျယ်ဝန်းလာစေပါလိမ့်မယ်။ကွဲပြားသောအရောင်များအသုံးပြုခြင်းကလဲ သင့်နံရံရဲ့အလှအပကို ပိုမိုပေါ်လွင်ထူးခြားစေမှာပါ။

၄။ အထပ်ပိုလေးများဖြင့် အခန်းချဲ့ပါ

 

လှေကားထစ်လေးများအသုံးပြုပြီး အထပ်မြင့်လေးများဖြင့်အခန်းအကျယ်ကို နှစ်ဆတိုးပါ။အဆိုပါအထပ်ပို‌လေးများ၌ စာဖတ်ခြင်း၊အလုပ်လုပ်ခြင်းများအပြင်အိပ်စက်ရာနေရာ အဖြစ်လဲအသုံးချနိုင်ပါတယ်။

၅။ နှစ်ဆပိုမိုသိမ်းဆည်းနိုင်သောစားပွဲခုံ

 

ခေတ်ဟောင်းစားပွဲခုံနှင့်အံဆွဲများအစား စားပွဲခုံအတွင်းဘက်၌ ကြည့်မှန်တစ်ချပ်နဲ့အတူ မှန်တင်ခုံသုံးပစ္စည်းများပါ အတူတကွသိမ်းဆည်းနိုင်သော ပုံပါအတိုင်းသပ်ရပ်လှပသည့် မှန်တင်ခုံများအသုံးပြုသင့်ပါတယ်။ အလှပြင်ရာမှာ မတူညီတဲ့အသုံးအဆောင်အားလုံးကိုတစ်နေရာထဲမှာရနိုင်သည့်အပြင် အလုပ်လုပ်ရန်စားပွဲအဖြစ်ပါအသုံးပြုနိုင်ပါသေးတယ်။

၆။ နံရံကပ်အိပ်ယာ

နံရံကပ်‌အိပ်ယာများဟာ သီးသန့်အိပ်ခန်းလုပ်ရန် အဆင်မပြေသူများအတွက် များစွာအသုံးဝင်လှပါတယ်။နေ့ဘက်တွင်ဆိုဖာထိုင်ခုံများအဖြစ်ထားနိုင်ပြီး ညဘက်တွေမှာတော့ အိပ်ယာအဖြစ်အသုံးပြုနိုင်တာပဲ ဖြစ်ပါတယ်။

၇။ အံဆွဲကဲ့သို့သော နှစ်ထပ်ကုတင်

အမြင့်လုံလောက်စွာမရရှိနိုင်တဲ့အခါမျိုး ၊ နေရာမျိုးတွေမှာ ပုံပါ ဖွင့်လွယ်သိမ်းလွယ်သော နှစ်ထပ်ကုတင်လေးများဟာ အလွန်နေရာချွေတာပေးပါတယ်။ကလေးများသောအိမ်မျိူးများတွင်လဲ အိပ်ယာများစွာအသုံးပြုမည့်အစား ယခုလို ဆွဲထုတ် ဆွဲသိမ်းလွယ်ကူသည့်အိပ်ယာလေးများက များစွာအကျိုးပြုစေပါတယ်။

၈။ ကြမ်းခင်းအောက်တွင်သိမ်းဆည်းခြင်း

နေရာချွေတာရုံသာမက နေရာနှစ်ဆတိုးစေတဲ့ နည်းလမ်းကောင်းလေးပဲဖြစ်ပါတယ်။အောက်ဘက်မှာ သင့်ပိုင်ပစ္စည်းများသိမ်းဆည်းထားချိန်မှာ အပေါ်ပိုင်းကိုလဲ သင့်စိတ်ကြိုက်အသုံးပြုနေနိုင်တာပဲ ဖြစ်ပါတယ်။

၉။ ထိုင်ခုံဗီဒိုလေးများ

သင်တစ်ခုခု လိုအပ်တဲ့အခါ အလွယ်တကူဖွင့်ယူနိုင်ပါမယ်။ပုံမှန်အသုံးပြုလေ့ရှိသော ဖိနပ် ကစားစရာ အစရှိသော အသုံးအဆောင်များသိမ်းဆည်းရန် အသင့်တော်ဆုံးနေရာပင်ဖြစ်သည်။

၁၀။ စားပွဲ၏ဘေးအံဆွဲများအား အလွယ်တကူဆွဲထုတ်ရန်စိတ်ကြိုက်တပ်ဆင်ပါ

 

သင့်အိပ်ယာဘေးနားတွင် စာအုပ် ၊ မီးခြစ် ၊ ဖယောင်းတိုင်အစရှိသော သင်အသုံးများသည့်ပစ္စည်းများအလွယ်တကူ သိမ်းဆည်းနိုင်ရန် နေရာအကျယ်ဝန်းယူမှု နည်းပါးသော စားပွဲနှင့်အံဆွဲတွဲလျက်များကို သင့်စိတ်ကြိုက် တပ်ဆင်အသုံးပြုသင့်ပါတယ်။

၁၁။ နရံကပ်စင်ငယ်လေးများ

 

အိပ်ယာဘေးဝဲယာများတွင် စားပွဲများထက်ပိုမိုသေးငယ်သော ခေတ်မှီလှပသည့်နံရံကပ်စင်ငယ်လေးများပြုလုပ်ခြင်းဖြင့်လဲ သင့်အိပ်ခန်းကိုပိုမိုကျယ်ဝန်းလာစေနိုင်ပါသေးတယ်။

၁၂။ အံဆွဲသဖွယ်စားပွဲခုံ

 

View this post on Instagram

 

A post shared by Ricardo Fontenele (@ideiasdiferentes)

 

 

ဒါကတော့ အလုပ်စားပွဲတစ်လုံးလိုအပ်နေသောသူများအတွက်ဖြစ်ပါတယ် ။ အလုပ်စားပွဲအတွက် နေရာမရှိပါက ဤကဲ့သို့ဆွဲထုတ်ထားနိုင်သောအလုပ်စားပွဲပြုလုပ်ပါ။ လိုအပ်ချိန်ထုတ်ပါ ။ နေရာအပိုမလိုပါဘူး။

၁၃။ နံရံကပ်ဗီဒို အိပ်ခန်း ၊

 

 

ဧည့်ခန်း ၊ ရေချိုးခန်း မည်သည့်နေရာတွင်မဆို နံရံကပ်လက်တွန်းဖွင့်နိုင်သော ဗီဒိုများထားသင့်ပါတယ်။ သင့်ပစ္စည်းများသိမ်းဆည်းရန်အတွက် ဗီဒိုထားစရာနေရာတခုမလိုအပ်တော့ပါဘူး။

၁၄။ ခေါက်သိမ်းနိုင်သော ထမင်းစား စားပွဲ

အကယ်၍ သင့်အိမ်ကထမင်းစားပွဲအတွက်နေရာမရှိရင်စိတ်မပူပါနဲ့။ ခေါက်သိမ်းနိုင်သော ထမင်းစားစားပွဲမျိုးအသုံးပြုခြင်းက သင့်ကိုအဆင့်အတန်းရှိလှတဲ့ ထမင်းစားခန်းလေးဖြစ်စေမှာပါ။

၁၅။ နေရာလွတ်မှန်သမျှအသုံးချပါ

 

အိမ်ရှိနေရာလွတ်များအားလုံးကို အသုံးချတတ်ရန်ကြိုးစားပါ။ နေရာလွတ်များအားလုံး၌ သင့်သိမ်းဆည်းလိုသော အိုး၊ ခွက် ၊ ပန်းကန် စသည့်ပစ္စည်းများကို နည်းလမ်းမျိုးစုံဖြင့် သိမ်းဆည်းနိုင်ပါတယ်။

၁၆။ ဗီဒိုများတွင် ချိတ်ဆွဲနိုင်ပါတယ်

 

အိမ်အများစုတွင် မေ့လျော့နေကြသောနေရာဖြစ်ပါတယ်။ ဗီဒိုများ၏ တစ်ဖက်တစ်ချပ်တိုင်းတွင် ချိတ်ဆွဲသိမ်းဆည်းလို့ရသောပစ္စည်းများ ဥပမာ သန့်ရှင်းရေးပစ္စည်းများ ၊ ကြိူးခွေများ၊ ကုန်ခြောက်များ အစရှိသည်တို့ကို နေရာချ သိမ်းဆည်းနိုင်ပါတယ်။

၁၇။ သေးငယ်ပီးစွယ်စုံသုံးနိုင်သောပရိဘောဂများ

သေးငယ်ပြီး စွယ်စုံအသုံးပြုနိုင်သော ပစ္စည်းများကိုပိုမိုအသုံးပြုပါ။ ဥပမာ စားပွဲခုံသေးသေးလေးတစ်ခုဆိုသော်ငြားလည်း ကော်ဖီသောက်ရန် ၊ Laptop တင်ရန် အစရှိသဖြင့် တစ်မျိုးထက်ပိုမိုအသုံးပြုနိုင်ပါသည်။

၁၈။ သမာရိုးကျ ဒီဇိုင်းများမှ ခွဲထွက်ပါ

သမားရိုးကျမဟုတ်သော ဒီဇိုင်းအသစ်လေးများမှလဲ သင့်အိမ်ငယ်လေးအတွက်ဆန်းသစ်သောအမြင်များကိုပေးစွမ်းပါတယ်။ပုံမှန်မြင်နေကျမဟုတ်သော နံရံကပ်စင်များတွင်စာအုပ် ၊ကစားစရာအရုပ်၊အမှတ်တရပစ္စည်းဟောင်းလေးများ ဖြင့်လဲ အလှဆင်နိုင်ပါတယ်။

၁၉။ လက်ဆေးစင်နှင့်အိမ်သာ

 

အိမ်သာနှင့်လက်ဆေးရန်နေရာကိုတစ်နေရာထဲတွင်အသုံးပြုခြင်းဖြင့် သင့်အခန်းကိုနေရာလွတ်ပိုရစေသည်သာမက လက်ဆေးရာမှရေကိုလဲ အိမ်သာအတွက်အသုံးပြုနိုငိတာကြောင့် ရေကိုပါချွေတာရာရောက်ပါတယ်

၂၀။ အိမ်သာသုံးပစ္စည်းများကိုထပ်တင်ရန်စင်အမြင့်

အိမ်သာသုံးနှင့်ရေချိုးခန်းသုံးပစ္စည်းများကို တစ်စုတစ်ဝေးတည်း စင်အမြင့်လေးတစ်ခုဖြင့် ထပ်တင်သိမ်းဆည်းခြင်းဖြင့် သင့်ရေချိုးခန်း ပိုမိုကျယ်ဝန်းစေပါလိမ့်မယ်

၂၁။သိမ်းဆည်းမှုကို ဒီဇိုင်းနဲ့ပေါင်းစပ်ပါ

တစ်ရှူးလိပ်များကို ပုံတွင်ပြထားသကဲ့သို့ ဒီဇိုင်းဆန်းလေးများဖြင့်လဲ သိမ်းဆည်းနိုင်ပါတယ်။ လက်တွေ့လှပသော ဒီဇိုင်းဆန်းများကြောင့် စိတ်ကြည်နူးဖွယ်ရာများလဲ ခံစားရစေမှာပါ။

၂၂။ ရေချိုးကန်နှင့်လက်ဆေးစင်

ပုံပါအတိုင်း ရေချိုးကန်နှင့်လက်ဆေးဘေစင်တို့ကို တစ်နေရာတည်းယှဥ်တွဲထားခြင်းဖြင့်လဲ သင့်ရေချိုးခန်းရဲ့ နေရာအကျယ်အဝန်းကိုတိုးချဲ့နိုင်မှာဖြစ်သလို ရေစီးဆင်းမှု လမ်းကြောင်းကိုလဲအတူတကွ လုပ်ဆောင်ပေးစေမှာဖြစ်ပါတယ် ။ ကျွန်တော်တို့ အခုဖော်ပြပေးခဲ့တာကတော့ အိမ်တွင်းပရိဘောဂများကို နေရာအနည်းငယ်မျှဖြင့်သပ်ရပ်လှပစွာ တပ်ဆင်နေရာချထားခြင်းအတွက် နည်းလမ်းကောင်းများပဲ ဖြစ်ပါတယ်။ လူကြီးမင်းတို့သိထားတဲ့တခြားသော အကြံကောင်း နည်းလမ်းကောင်းများရှိရင်လဲ ရေးခဲ့ပေးပါဦး ။ ။

 

 

BrightSide

Written One Daily Media

Leave a Comment