Daily News

ဆောက်ထားသောအိမ်မှာ ကလေးကစားကွင်းနှင့် တူနေသဖြင့် တရားစွဲခံထားရသော အိမ်ပိုင်ရှင်

ဖြစ်စဉ်မှာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် နေထိုင်သောဖလောရင့်စ်အမည်ရှိသော အသက် ၈၆နှစ်အရွယ် အဖွားအိုသည် ငယ်စဉ်အခါက မက်ခဲ့သည့် အိပ်မက်ကို အကောင်အထည်ဖော်လိုခြင်းဖြင့် အိမ်ကြီးအား ကာတွန်းဇာတ်ကောင်များနှင့်အတူ ဆောက်လုပ်ခဲ့သည်။


အဖွားအိုသည် ကာတွန်းဇာတ်ကောင်များကို အလွန်နှစ်သက်သောကြောင့် ဒေါ်လာ ၂.၇သန်း တန်ဖိုးရှိ ပစ္စည်းများကို ဝယ်ယူစုဆောင်းခဲ့ပြီး အိမ်ကြီးအား သူမလိုချင်သည့် ပုံစံတိုင်းရဖို့၂နှစ်ကြာ ဆောက်လုပ်ခဲ့ရသည်။


ဆောက်လုပ်ပြီးစီးသွားသောအခါ အိမ်ကြီးတစ်ခုလုံးသည် ကာတွန်းဇာတ်ကောင်များနှင့် ပြည့်နှက်နေခြင်းဖြင့် စိတ်ဝင်စားစရာလေးဖြစ်နေတာကြောင့် ဖြတ်သွားဖြတ်လာသူများနှင့် အိမ်နီးချင်းများသည် မကြာခဏ အိမ်ထဲသို့ ဝင်ရောက်လည်ပတ်လေ့ရှိသည်။


နောက်ပိုင်းတွင် အာဏာပိုင်အစိုးရမှ အိမ်ကြီးသည် လူနေထိုင်မှု ပုံစံနှင့်မညီပဲ ကလေးကစားကွင်းနှင့် တူနေသောကြောင့် အဖွားအိုအား တရားစွဲဆိုခဲ့သည်ဟု သိရသည်။


Hlaing (Love Feeling)

Zawgyi









Hlaing (Love Feeling)

Leave a Comment