Daily News
သူငယ်ချင်းဖြစ်သူဧ။် မင်္ဂလာဆောင်တွင် ရွှံ့ဗွက်တွေနှင့် ဆော့ရင်း ပျော်ရွှင်ဖွယ် အပြတ်ကဲခဲ့ကြသော အမျိုးသမီးအုပ်စု
လောကကြီးတွင် လူတစ်ယောက်စီတိုင်းမှာ အရမ်းခင်မင်ရင်းနှီးရသော သူငယ်ချင်းအဖွဲ့ဆိုတာ ရှိစမြဲဖြစ်ပြီး ပျော်စရာရှိရင်လည်း တူတူပျော်ပါးကြရင်း တစ်ယောက်ပြိုလဲချိန် တစ်ယောက်ကရှိနေပေး၍ ခွဲခွာရချိန်တွင်လည်း ဝမ်းနည်းကြေကွဲရပြန်သည်။
ထို့အတူ သူငယ်ချင်းထဲမှ တစ်ယောက်ယောက်များမင်္ဂလာဆောင်သွားရင်လည်း မင်္ဂလာဆောင်နေ့တွင် ပျော်စရာအမှတ်တရလေးများ ပြုလုပ်ပေးတတ်ကြသည်။
သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ သူငယ်ချင်းဖြစ်သူဧ။်မင်္ဂလာပွဲတွင် အမျိုးသမီး ၄ယောက်သည် တူညီသောအဝတ်အစားများဝတ်ကာ လှလှပပပြင်ဆင်သွားပြီး သူငယ်ချင်း မင်္ဂလာပွဲအား သွားရောက် ဂုဏ်ပြုခဲ့ကြသည်။
ထို့အတူ မင်္ဂလာပွဲတွင် သံစဉ်တီးဝိုင်းလည်း ပါ၍ သီချင်းနှင့်အတူ စိတ်ပါစွာလိုက်ကရင်း ရွှံ့များကို တစ်ယောက်နှင့်တစ်ယောက် လိုက်လိမ်းသုတ်ကြရာ နောက်ဆုံးတွင် ဆော့ထားသော နေရာက ဗွက်ပေါက်သွားခဲ့သည်။
သတို့သမီးနှင့်အတူ သူငယ်ချင်း ၄ယောက်လည်း စိတ်လွှတ်ကိုယ်လွှတ် ချွေးတလုံးလုံးနှင့် ရွှံ့ဗွက်များ ဆော့ခဲ့ရာ မနက်ကဝတ်လာသော အဝတ်အစားလှလှလေးတွေမှာလည်း အကုန်ညစ်ပတ်ကုန်ပြီး တက်ရောက်လာသူများမှာလည်း ရယ်မောနေရပြီး မင်္ဂလာပွဲအား ပျော်ရွှင်စွာ ကျင်းပခဲ့ကြသည်။
ထိုနေ့လေးသည် သူတို့အတွက် မမေ့နိုင်သော အမှတ်တရနေ့တစ်နေ့အဖြစ် အမြဲထင်ကျန်နေပါတော့သည်။
Hlaing (Love Feeling )
Zawgyi
Hlaing (Love Feeling )
Leave a Comment