Daily News

အိမ်ကနေရန်ဖြစ်စကားများပြီးနောက် ရည်းစားဧ။်အိမ်တွင် ၁၁နှစ်ကြာ ပုန်းအောင်းနေထိုင်ခဲ့သော အမျိုးသမီး

လောကကြီးတွင် လူငယ်သဘာဝအရ အိမ်တွင်းရေးအဆင်မပြေပါက စိတ်ညစ်ပြီး စိတ်ထွက်ပေါက်ရှာသည့်အနေနှင့် အဝေးသို့ထွက်သွားတတ်ကြသည်။

ယခုအခါတွင်လည်း အိန္ဒိယနိုင်ငံ Ayalurကျေးရွာတွင်နေထိုင်သော Sajithaအမည်ရှိသော အမျိုးသမီးသည် တစ်နေ့တွင် မိသားစုများနှင့် ရန်ဖြစ် စကားများကြရာ စိတ်ညစ်ပြီး အိမ်မှထွက်ပြေးခဲ့သည်။


ထို့နောက် အမျိုးသမီးသည် သူမဧ။်နေထိုင်ရာရွာလေးနှင့် မီတာ ၅၀၀အကွာအဝေးရှိ ချစ်သူကောင်လေးအိမ်သို့ လိုက်သွားပြီး အိမ်သားများမသိအောင် တိတ်တဆိတ် အခန်းငယ်လေးထဲတွင် ၁၁နှစ်နီးပါး နေထိုင်ခဲ့သည်။


ချစ်သူကောင်လေးမှလည်း သူဧ။်အခန်းထဲကို မည်သူမျှပေးမဝင်ပဲ အမြဲသော့ခတ်ထားလေ့ရှိပြီး ထမင်းစားရင်တောင် အခန်းထဲဝင်စားလေ့ရှိသည်။

အခန်းထဲရှိ စကားသံများမကြားရအောင် တီဗွီ သီချင်းများ အမြဲဖွင့်ထားကာ စိုးရိမ်စိတ်များနှင့်အတူ နေခဲ့ရပြီး အမျိုးသမီးဧ။် မိသားစုများမှလည်း သူမအား အချိန်ကြာရှာမရခဲ့၍ လက်လျှော့လိုက်ခဲ့ကြသည်။


နောက်ဆုံးတွင် အမျိုးသမီးသည် ချစ်သူကောင်လေးအား ခိုးကြောင်ခိုးဝှက်ဘဝမျိုး ဆက်မနေချင်တော့ပဲ တရားဝင်လက်ထပ်ထိမ်းမြားပြီး နေမည်ဟု ဆိုခဲ့ပြီး အဖြစ်အပျက်အားလုံးပြောပြရန် တရားရုံးသို့ သွားရောက်ခဲ့သည်။


Hlaing (Love Feeling )

Zawgyi







Hlaing (Love Feeling )

Leave a Comment