Daily News

သင့်ကို မျက်လုံးပြူးသွားရစေမယ့် သဘာဝတရားရဲ့ ဆန်းကြယ်မှု ဓာတ်ပုံများ

မင်္ဂလာပါ။ ကိုယ်မမြင်နိုင်တဲ့ ကမ္ဘာ့နေရာတစ်ခုခုမှာ မထင်မှတ်ထားတဲ့ အရာတွေ ရှိနေနိုင်တယ်လို့ စိတ်ကူးယဉ်ဖူးပါသလား..တကယ်လို့ စိတ်ကူးယဉ်ဖူးတယ်ဆိုရင်တော့ အဲ့ဒီအတွေးတွေက မှန်ကန်တယ်လို့ သက်သေပြနေတဲ့ဓာတ်ပုံတွေရှိပါတယ်။ သဘာဝတရားရဲ့ ဆန်းကြယ်မှုတွေနဲ့ မျက်လုံးပြူးသွားရစေမယ့် ဓာတ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁)


ဓာတုဓာတ်ပြုခြင်းဖြစ်စဉ်ကို စမ်းသပ်ထားတဲ့ ရလဒ်ဟာ

ပြွန်ထဲမှာ တောအုပ်လေးကို ဖန်တီးထားသလိုပါပဲ။

(၂)


ကမ္ဘာပေါ်မှ အကြီးဆုံး ပန်းပွင့်စာရင်းဝင် Amorphopallus Titanium ပန်းပွင့်

ဒီပန်းပွင်းကြီးဟာ နှစ်၄၀ မှတစ်ခါပွင့်ပြီး ၄ရက်ပဲ ပန်းပွင့်တာကြောင့် တွေ့ရခက်ခဲတဲ့ ပန်းပွင့်ပဲဖြစ်ပါတယ်။

(၃)


ရှားပါးအရောင်နဲ့

အာလာဂါစီနှံကောင်

(၄)


ကျွဲဆက်ရက်လို့ လူသိများကြပြီး အချို့ကလည်း ငန်းနက်လို့တင်စားခေါ်ဝေါ်ကြတဲ့ ငှက်တွေဟာ အကောင် ပေါင်းငါးသောင်းကျော်လောက် ကောင်းကင်မှာ အုပ်စုဖွဲ့ပျံသန်းလေ့ရှိပါတယ်။

ဒီသဘာဝဖြစ်စဉ်ကို ထစ်ချုန်း ခြင်းလို့လည်း နာမည်ပေးထားပါတယ်။

(၅)


၈နှစ်အရွယ်ကလေးဆော့ကစားနေရင်း

မထင်မှတ်ဘဲ လုပ်မိလိုက်တဲ့ အနုပညာဆန်တဲ့ လက်ရာတစ်ခု

(၆)


လှပပြီး အသည်းယားစရာကောင်းလွန်းတဲ့ ခရစ္စမတ်ကျွန်းက ဂဏန်းများဖြစ်ပါတယ်။ နှစ်စဉ်ဂဏန်း ၄၃ သန်းခန့်က ဥတွေဥဖို့ သမုဒ္ဒရာကို အစုလိုက် အပြုံလိုက် ရွှေ့ပြောင်းကြပါတယ်။

ဒေသခံအာဏာပိုင်တွေကလည်း အဲဒီအချိန်မှာဆို လမ်းအများစုကို တစ်ပတ်လောက် ပိတ်ထားပေးတယ်လို့ ဆိုပါတယ်။ ဂဏန်းတွေရဲ့ ပြောင်းရွှေ့မှုကို ကူညီပေးဖို့ ဒီလိုစီစဉ်ပေးထားတာပဲ ဖြစ်ပါတယ်။

(၇)


အာကာသစခန်းထဲမှ စမ်းသပ်စိုက်ပျိုးကြည့်ပြီး

ရှင်သန်လာခဲ့တဲ့ ပန်းပွင့်လေးတွေ

(၈)


ကျွမ်းဘားသမားတစ်ယောက် ခေါင်းပေါ်ကို ထိုင်နေတာကို

X Ray ကြည့်ထားတဲ့ ပုံပါ။

(၉)


သင်တစ်ခါမှာ မမြင်ဖူးသေးလောက်တဲ့

ဖြူကောင်အရိုးစု

(၁၀)


သူတို့ရဲ့အဆုတ်က အောက်ဆီဂျင်လုပ်ဆောင်မှုကို သိရှိဖို့အတွက်

ကြိုးစားနေကြတဲ့ အာကာသယာဉ်မှူးများ

(၁၁)


အလွန်ကိုရှားပါးလွန်းလှတဲ့

တစ်ကိုယ်လုံး ဖြူစွတ်နေတဲ့လိပ်လေး

(၁၂)


ဘက်တီးရီယားတွေကို အသုံးပြုပြီးလည်း

ပုံဆွဲလည်းရပါတယ်နော်။

(၁၃)


လူတွေ မမြင်ဖူးလောက်သေးတဲ့

သာမန်ပုရွက်ဆိတ်ရဲ့ မျက်နှာ

(၁၄)


How To Train Your Dragon ထဲက

ဇာတ်ကောင်လေးတွေနဲ့ မတူဘူးလား..
(၁၅)


ဗီဗာဖျံတွေရဲ့ သွားတွေက သံပါဝင်တာကြောင့် အဝါရောင်ရှိပါတယ်။

သွားဖွဲ့စည်းပုံမှာ သံပါဝင်တာကြောင့် သစ်သားလိုမျိုး မာကြောတဲ့ အရာတွေကိုတောင် ကိုက်ဖြတ်နိုင်ပါတယ်။

(၁၆)


သစ်ရွက်ဖွဲ့စည်းပုံနဲ့ ဆင်တူနေတဲ့ ပင်လယ်ပက်ကျိ..

ထူးဆန်းတာကတော့ ပင်လယ်ပက်ကျိဟာ သစ်ရွက်တွေလိုမျိုး နေရောင်ကနေ အစာချက်လုပ်နိုင်တာကြောင့် အစားရှာမစားဘဲ ၉လကျော်နေနိုင်ပါတယ်။

(၁၇)


ကမ္ဘာပေါ်မှာ အသေးဆုံးလည်းဖြစ်သလို အန္တရာယ်အကြီးဆုံးလည်း ဖြစ်တဲ့ ဖားသေးသေးလေး…

၁၀ မီလီမီတာလောက်ပဲ အရွယ်အစားရှိပေမယ့် မော်ဖင်းထက် အဆပေါင်း ၁၀၀ ပြင်းပါတယ်။

(၁၈)


ရုတ်တရက်ကြည့်လိုက်ရင် သစ်ကိုင်းပဲမြင်ရပေမယ့် သေချာကြည့်လိုက်ရင်

သစ်ကိုင်းကို ပတ်ထားပြီး ခန္ဓာကိုယ်ကို ပြားထားတဲ့ ပင့်ကူကို တွေ့နိုင်မှပါ။

(၁၉)


ကြောင်မျက်လုံး သန္တာကျောက်တန်းလို့

နာမည်ပေးထားရတဲ့ Cynarina သန္တာကျောက်တန်း

(၂၀)


နှစ်သန်းပေါင်း ၅၄ သန်းလောက်ကြာမြင့်နေပြီဖြစ်တဲ့

ပယင်းထဲမှာ ပိတ်မိနေတဲ့တောက်တဲ့

(၂၁)


ကျားရဲ့အမွှေးတွေကိုသာရိတ်လိုက်မယ်ဆိုရင်

အစင်းကြားတွေရှိတဲ့ အရေပြားကို မြင်တွေ့ရမှာဖြစ်ပါတယ်။

(၂၂)


ပုံထဲမှာ မြင်နေရတာက သစ်ကိုင်းခြောက်လေးထောင်နေရတာလည်းမဟုတ်ပါဘူးနော်။

တကယ်တော့ ကောင်းကင်ပေါ်ကို လွှတ်တင်လိုက်တဲ့ အာကာသယာဉ်ကို ဓာတ်ပုံလှမ်းရိုက်ထားတာပါ။

(၂၃)


ပုံထဲမှာ ကြယ်ငါးရဲ့ အရောင်အသွေးနဲ့ ပုံစံက

စိတ်ကူးယဉ်ဇာတ်ကားတွေထဲက အာကာသယာဉ်နဲ့တောင် တူနေသလိုပဲ။

(၂၄)


အိမ်သုတ်ဆေးကို အရောင်တစ်ပြေးတည်းဖြစ်သွားအောင်

မမွှေရသေးခင် ဒီလိုပုံစံလေးပေါ်နေတာပါ။

(၂၅)


ရေခဲမုန့်ခွက်လေးလိုလို သကြားလုံးလေးလိုလို နဲ့

ဖန်စီဆန်နေတဲ့ ခရုခွံပိုင်ဆိုင်ထားတဲ့ ခရုလေး

ပရိသတ်တွေမှာရော အခုလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့ တွေ့ရှိမှုတွေ ရှိပါသလား..ကိုယ့်စီမှာရှိတဲ့ ထူးဆန်းဓာတ်ပုံလေးတွေကိုလည်း မျှဝေသွားနိင်ပါတယ်နော်။

Ref:Brightside

Credit-Shwenyanshin

Leave a Comment