Knowledge

နှစ်ပေါင်း ၂၀၀ကျော်သက်တမ်းရှိပြီဖြစ်တဲ့ ဂရိတ်ဗြိတိန်ရဲ့အသေးဆုံးအိမ်လေး

အခုပြောပြပေးမယ့်အိမ်လေးက ဂရိတ်ဗြိတိန်မှာ အသေးဆုံးဆိုတဲ့အိမ်လေးအကြောင်းပါ။ လက်ရှိမှာ အမျိုးသမီးတယောက်ပိုင်တဲ့ အိမ်လေးဟာ ဝေးလ်မြောက်ပိုင်းကွန်ဝေးမှာရှိပြီး၊ လွန်ခဲ့တဲ့ ၆ လလောက်ကနေစလို့ တိုးရစ်လုပ်ငန်းထဲပါဝင်လိုက်ပါတယ်။

အိမ်လေးရဲ့အမြင့်က ၁၂၂လက်မရှိပါတယ်။ ၇၂လက်မအကျယ်ပဲရှိလို့ အပေါ်ထပ်၊ အောက်ထပ်ရအောင်ခွဲလိုက်ပါတယ်။ အပေါ်ထပ်မှာ အိပ်ဖို့ကုတင်ထားပြီး၊ အောက်ထပ်မှာဧည့်သည်တွေ ဓာတ်ပုံရိုက်ဖို့ ဆိုဖာထည့်ထားပေးထားပါတယ်။ သေးပေမဲ့ပြတင်းပေါက်လည်းရအောင်ထည့်ထားပါသေးတယ်။

Photo Credit

အိမ်လေးကိုစဆောက်ခဲ့တာက ၁၈၉၁ခုနှစ်မှာပါ။ အခုအိမ်ပိုင်ရှင်ရဲ့အထက်မျိုးဆက်ငါးဆက်မြောက်မှာ အိမ်ပိုင်ရှင်ဖြစ်လာမယ့်အမျိုးသားက မြေကွက်လပ်လေးရခဲ့ပါတယ်။ ကိုးနှစ်နေလာတဲ့အထိ ဘာပြဿနာမှမဖြစ်ခဲ့ပေမဲ့ တရက်မှာ မြို့တော်ဝန်က မင်းအိမ်ကအိမ်အင်္ဂါရပ်နဲ့မညီလို့ဖျက်ရမယ်ဆိုလာပါတယ်။

Photo Credit

အိမ်ပိုင်ရှင်ကအဲဒီခေတ်ကဆို မြို့မှာနာမည်ကြီးတဲ့ သတင်းစာဆရာနဲ့သူငယ်ချင်းဖြစ်နေတော့ အကြံတခုရသွားပါတယ်။ နိုင်ငံမှာ အသေးဆုံးအိမ်လေးကို ဖျက်ဖို့ကြံနေပြီဆိုပြီး သတင်းထည့်ခိုင်းလိုက်ပါတယ်။ တကယ်က အဲဒီနည်းက အင်မတန်အလုပ်ဖြစ်သွားခဲ့ပါတယ်။

Photo Credit

အိမ်လေးကိုလုံးဝမထိဖို့ ညွန်ကြားခံခဲ့ရကာ ခေတ်အဆက်ဆက်နာမည်ရခဲ့ပါတယ်။ ဂင်းနစ်မှာလည်း ဗြိတိန်အသေးဆုံးအိမ်ဆိုတဲ့စံချိန်တင်ထားတာ နှစ်၁၀၀ရှိခဲ့ပြီလို့သိရပါတယ်။ အခုချိန်မှာ ဆိုဖာကုမ္ပဏီတခုနဲ့ လက်တွဲထားကာ ခရီးသည်တွေထိုင်ဖို့ စပွန်ဆာပေးထားပါတယ်။

v

လက်ရှိပိုင်ရှင်အမျိုးသမီး ဂျန်ဆိုသူက တနှစ်ကို ခရီးသွားငါးသောင်းလောက်လာဖို့ မှန်းထားတယ်ဆိုပါတယ်။ တခုရှိတာက အိမ်ကသေးလွန်းတဲ့အတွက် သေးပေါက်၊ အီးပါကိစ္စတွေလုပ်လို့ရမှာမဟုတ်ဘဲ ကိစ္စတွေအရင်ကြိုရှင်းလာဖို့တော့လိုတယ်လို့ ညွန်းထားပါတယ်။

Photo Credit

Ref:Dailymail

Leave a Comment