Funny

“မင်းကို ကားဘာလို့ရပ်ခိုင်းတာလဲသိလား’လို့ ဒရိုင်ဘာကို ရဲတွေမေးရတဲ့အကြောင်းရင်း

အနောက်နိုင်ငံရုပ်ရှင်တွေထဲ ယာဉ်ထိန်းရဲတွေကားရပ်ခိုင်းတာတွေကို မြင်ဖူးကြမှာပါ။ ကားရပ်ပြီးတာနဲ့ရဲက ရောက်လာပြီးရင် Do You Know Why I Pulled You Over? ဆိုတဲ့ စကားလုံးကို အမြဲပြောလေ့ရှိပါတယ်။

အဓိပ္ပာယ်က မင်းကို ကားဘာလို့ရပ်ခိုင်းတာလဲသိလားလို့ဆိုလိုပါတယ်။ ရဲက ကားရပ်ခိုင်းလိုက်တာနဲ့ ပိုက်ဆံပေးရမယ့် မြန်မာနိုင်ငံမှာဆိုရင်တော့ အရေးမပါတဲ့မေးခွန်းဖြစ်ပေမဲ့ အနောက်နိုင်ငံတွေမှာ ကားမောင်းရင်းအခုလိုတားခံရရင် အေးဆေးတုံ့ပြန်နိုင်ဖို့ မေးရတဲ့အကြောင်းရင်းတွေ ပြောပြပေးသွားပါမယ်။

Photo Credit

နံပါတ်တစ်အချက်က စနှုတ်ဆက်လိုက်တာဖြစ်ပါတယ်။ ဟေးညီလေး ဘာညာနဲ့မစဘဲ အခုလို့ ခပ်ရင့်ရင့်ပဲဆိုလိုက်တာက စိတ်ပိုင်းဆိုင်ရာအသာစီးမှုကို ရဲကဝင်လိုက်တာပါ။ သူက ရဲဖြစ်နေတဲ့အတွက် လိုတိုရှင်းပဲ လာရင်းကိစ္စကို မိတ်ဆက်ပြီးသားလည်းဖြစ်တဲ့ ဆိုက်ကိုနည်းလမ်းတခုဖြစ်ပါတယ်။

Photo Credit

နံပါတ်နှစ်အချက်က ကိုယ့်စရိုက်ကိုအကဲဖြတ်ဖို့ပါ။ ကိုယ်ဟာ ဒေါသကြီးလား၊ ချိုသာလား၊ အူကြောင်ကြောင်လားစတဲ့ ကိုယ့်စရိုက်ကို အကဲဖြတ်ဖို့ပါ။ ခင်ဗျားရောကျုပ်ဘာလို့ရပ်လိုက်လဲသိလားလို့ ပြန်ရင့်လိုက်ရင်တော့ ရဲကသတိကြီးကြီးထားကိုင်တွယ်မှာဖြစ်လို့ မလိုလားအပ်တာတွေဖြစ်လာနိုင်ပါတယ်။

Photo Credit

ခန္ဓာကိုယ်အမူအရာနဲ့ သုံးတဲ့စကားလုံးတွေကိုလည်း ခဏလေးအတွင်းမှာ အကဲဖြတ်ဦးမှာပါ။ အဲဒီလိုမေးလိုက်လို့ တုန့်ပြန်လာတဲ့အပေါ်မူတည်ပြီး၊ ချလံဖြတ်ရမလား၊ မလားကို ရဲကလုပ်ပိုင်ခွင့်အပြည့်ရှိတဲ့အတွက် ကိုယ်သာ အပြောအဆိုတတ်ရင် နေရာမှာတင် သတိပေးတာလောက်နဲ့ပြီးသွားနိုင်ပါတယ်။

Photo Credit

နံပါတ်သုံးအချက်က အထောက်အထားတွေစုဆောင်းဖို့ပါပဲ။ ဉပမာ မီးနီဖြတ်မောင်းလာတာကို သိလိုက်လို့အတားခံလိုက်ရချိန်မှာ အမှန်တိုင်းဝန်ခံတာနဲ့ မခံတာမျိုးတွေကို မှတ်ချက်မှာ တခါတည်းရေးပါတယ်။ ရေးလိုက်တာက တရားရုံးကို မှတ်ချက်ပါသွားတဲ့အတွက် အမိန့်ချချိန်မှာ အရေးပါပါတယ်။

Photo Credit

လူအများစုက ရိုးရိုးသားသားဖြေကြတဲ့အတွက် မူလမှာ ဒဏ်ငွေ ဒေါ်လာ၂၀၀ကျထားပေမဲ့ တရားရုံးရောက်မှ ၅၀ပဲဆောင်ရတာမျိုးတွေရှိပါတယ်။ အဲဒါဟာ ရဲအရာရှိရေးပေးလိုက်တဲ့ မှတ်ချက်ကြောင့်ပါ။ တချို့ဆိုရင် ဒဏ်ငွေတောင် မဆောင်ရတော့ဘဲ အေးဆေးကို လွတ်လာပါတယ်။

Photo Credit

တခုရှိတာက မေးခံလိုက်ရတာနဲ့ ကျွန်တော်မသိပါဘူးလို့ ဘယ်တော့မှမဖြေမိပါစေနဲ့လို့ ဆိုပါတယ်။ ဖြစ်လာတဲ့အခြေအနေပေါ်မူတည်ပြီး၊ ကိုယ်မှားတာကို ချိုချိုသာသာ၊ အေးအေးဆေးဆေးနဲ့ ကြောက်မနေဘဲဖြေတာက အကောင်းဆုံးနည်းလမ်းလို့ သိရပါတယ်။

Ref:Ladbible

Leave a Comment