Daily News

ခင်ပွန်းဖြစ်သူအလုပ်က ပြန်အလာကို ထမင်းဝိုင်းလေးပြင်ထားပြီး စောင့်နေရင်း ပင်ပန်းလွန်း၍ အိပ်ပျော်သွားသော ဇနီးသည်

ယနေ့ခေတ်တွင် မိန်းကလေးအများစုသည် ချက်ပြုတ်ရေးရာနှင့် ပက်သက်ပြီး စိတ်သိပ်မဝင်စားတော့သလို ကျွမ်းကျင်မှုလည်းမရှိနှင့် အိမ်ထောင်ပြုသည့်အခါ အခက်တွေ့ကြရသည်။


သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ ဇနီးမောင်နှံနှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် နားလည်မှုရှိကာ မောင်တစ်ထမ်း မယ်တစ်ရွက်ဆိုသလို ဝတ္တရားကျေပွန်ခြင်းဖြင့် အများဧ။်အားကျခြင်းကို ခံနေရသည်။

တစ်နေ့တွင် ဇနီးဖြစ်သူသည် အိမ်မှုကိစ္စတွေကို လုပ်ကိုင်ရင်း ညစာအတွက် ခင်ပွန်းဖြစ်သူအလုပ်ကအပြန်နှင့် ကွက်တိဖြစ်အောင်ဆိုပြီး ကြိုးစားပမ်းစား ချက်ပြုတ်ခဲ့သည်။


ထို့နောက် ဇနီးသည်သည် အပြင်အလုပ်ထွက်မလုပ်ရပေမယ့် အိမ်ကအလုပ်တွေနဲ့ကို မနားရဖြစ်နေပြီး ခင်ပွန်းပြန်အလာကို စောင့်ရင်းနှင့် အိပ်ပျော်သွားခဲ့သည်။


ထိုစဥ် ခင်ပွန်းဖြစ်သူရောက်လာချိန်မှာတော့ ပြီးပြည့်စုံတဲ့ ထမင်းဝိုင်းလေးနှင့်အတူ အိပ်မောကျနေသော ဇနီးသည်ကို မြင်လိုက်သည့်အခါ အိမ်မှာပဲနေရလို့ အလုပ်မပင်ပန်းပူးထင်နေသော ခင်ပွန်းဖြစ်သူသည် စာနာသနားမိသွားတော့သည်။

Hlaing (Love Feeling)

Zawgyi







Hlaing (Love Feeling)

Leave a Comment