One Daily News

မိခင်နှင့်ညီမဖြစ်သူတို့ကို ခြံအနောက်ဘက်တွင် မြေမြုပ်ထားခဲ့သည့် ညီအစ်ကိုနှစ်ဦးအား အချုပ်မှလွှတ်ပေး

မိခင်နှင့်ညီမဖြစ်သူတို့ကို ခြံအနောက်ဘက်တွင် မြေမြုပ်ထားခဲ့သည့် ညီအစ်ကိုနှစ်ဦးအား အချုပ်မှလွှတ်ပေး

-Micheal Lelko (၄၅နှစ်) နှင့် John Lelko(၄၁နှစ်) တို့ဟာ ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်တို့မှာ အသီးသီးသေဆုံးသွားတဲ့ သူတို့ရဲ့ မိခင်နဲ့ညီမဖြစ်သူတို့ကို ခြံဝန်းအတွင်းမှာပဲမြေမြုပ်ထားခဲ့ကြောင်း

ရဲများကို‌ထွက်ဆို -ရဲများဟာ နေအိမ်ခြံဝင်းအတွင်း ရေစီးရေလာမကောင်းမွန်မှုကိုစစ်ဆေးရာမှတစ်ဆင့် အဆိုပါကိစ္စကိုရှာဖွေတွေ့ရှိ။ -ရဲများဟာ အဆိုပါညီအစ်ကိုနှစ်ဦးအား စွန့်ပစ်ပစ္စည်းများထားသော ဂိုဒေါင်အတွင်း၌နေထိုင်နေကြသည်ကို တွေ့ရှိခဲ့ကြပီး စိတိကျန်းမာရေးပြသာနာများရှိသည်ဟုလည်း မှတ်ချက်ပြု။ -ညီအစ်ကိုနှစ်ဦးကတော့ သူတို့ရဲ့အသက်၇၀အရွယ်မိခင်ဟာ စိတ်ရောဂါသည်ညီမဖြစ်သူရဲ့ လှေခါးကနေ တွန်းချမှုကြောင့် ၂၀၁၅ ခုနှစ်ကသေဆုံးခဲ့ရကြောင်းထွက်ဆို။

 

-ထို့နောက်မှာတော့ ညီမဖြစ်သူဟာ ကိုဗစ်ရောဂါဖြင့်၂၀၁၉ခုနှစ်မှာထပ်မံကွယ်လွန်သွားကြောင်းပြောကြားခဲ့ပေမယ့် ၂၀၁၉ခုနှစ်ဟာ အမေရိကန်နိုင်ငံမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိမှုကို အတည်မပြု‌နိုင်သေးခင်ကာလဖြစ်။ –

 

အဆိုပါညီအစ်ကိုနှစ်ဦးကတော့ ငွေကြေးအခက်အခဲများကြောင့် အလောင်းများကိုခြံနောက်ထဲတွင်သာမြေမြုပ်ခဲ့ရကြောင်းထွက်ဆိုခဲ့ပေမယ့် ထိုကဲ့သို့တရားမဝင်အလောင်းမြုပ်နှံမှုအတွက်ပြစ်မှုများရင်ဆိုင်ရဖို့ရှိနေ။

 

မိခင်ဖြစ်သူနဲ့ညီမ ဖြစ်သူတို့၏ ရုပ်အလောင်းကိုခြံအနောက်ဘက်မြေမြုပ်ထားခဲ့ကြောင်း ဝန်ခံခဲ့သည့် ညီအစ်ကိုနှစ်ဦးဟာ အချုပ်ထဲကနေပြန်လည်လွှတ်မြောက်လာခဲ့ကြပါတယ်။ အိမ်နောက်ဖေးဘက်မှရုပ်အလောင်းနှစ်ခုကို ရဲများကရှာဖွေတွေ့ရှိခဲ့ကြပြီးနောက်မှာ စနေနေ့မှာတော့ အသက်၄၅နှစ်အရွယ် Micheal Lelko နှင့် အသက်၄၁နှစ်အရွယ် John Lelko တို့ကိုဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

 

ညီအစ်ကိုနှစ်ဦးက အဆိုပါရုပ်အလောင်း၂ခုမှာ မိခင်ဖြစ်သူ Jean (၇၀နှစ်) နှင့် ညီမဖြစ်သူ Jenifer (၄၄နှစ်) တို့၏ရုပ်အလောင်းများဖြစ်ကြောင်းလဲ ဝန်ခံပြောကြားခဲ့ပါတယ်။

သို့သော် ၎င်းတို့သတ်တာမဟုတ်ကြောင်းငြင်းဆိုခဲ့ပြီး မိခင်ဖြစ်သူဟာစိတ်ရောဂါသည်ညီမဖြစ်သူက လှေကားမှတွန်းချမှုကြောင်းသေဆုံးသေဆုံးခဲ့ရသလို ၊ အဆိုပါ ညီမဖြစ်သူမှာလဲ ကိုဗစ်ရောဂါဖြင့် ၂၀၁၉ခုနှစ်ကသေဆုံးခဲ့တာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ စိတ်ကျန်းမာရေးပြသာနာများရှိတယ်လို့ယူဆရသူအဆိုပါညီအစ်ကိုနှစ်ဦးဟာ မိခင်နဲ့အတူစွန့်ပစ်ပစ္စည်းများသိုလှောင်ရာဂိုဒေါင်အတွင်း နေထိုင်တာဖြစ်ပါတယ်။

အဖမ်းခံရပြီးနှစ်ရက်အကြာတွင်မိုက်ကယ်နှင့်ဂျွန်တို့သည်လူမှု၀န်ဆောင်မှုအေဂျင်စီတစ်ခု၏အကူအညီဖြင့်ချုပ်နှောင်ခြင်းမှပြန်လည်လွတ်မြောက်လာတာပဲဖြစ်ပါတယ်။ ရဲများက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး ထိုညီအစ်ကို၂ဦးဟာအလောင်းကိုတရားမဝင်စွန့်ပစ်ခြင်းအတွက်ပြစ်ဒဏ်များရင်ဆိုင်ရဖွယ်ရှိသော်လည်း လူသတ်မှုအတွက် တိကျသေချာတဲ့ စွဲချက်တင်နိုင်ခြင်းတော့မရှိသေးပါဘူး။

ရဲချုပ် Tom Herion ကတနင်္လာနေ့မှာထုတ်ပြန်တဲ့ကြေညာချက်တစ်စောင်အရ “ညီအစ်ကိုနှစ်ဦးဟာပြန်လည်လွတ်လာပြီး‌ပေမယ့်လဲ သူတို့ဟာသေမှုသေခင်းစုံစမ်းစစ်ဆေးမှုမှာဆက်လက်ပါဝင်နေပါတယ်။

စနေနေ့က အိမ်နောက်ဖေးဘက်မှာ တွေ့ရှိခဲ့တဲ့ရုပ်ကြွင်းတွေကို မှုခင်းဆေးပညာရဲ့အကူအညီနဲ့ DNA အတည်ပြုချက်များပေါ်မူတည်ပြီး ဆက်လက်စုံစမ်းနေပါတယ် “လို့ပြောပါတယ်။ထို့အပြင်ရဲများဟာ ထိုညီအစကိုနှစ်ဦးအ‌ပေါ် သံသယ ဖြစ်နိုင်ချေတွေအားလုံးအပြင် ငွေရေးကြေးရေးမှတ်တမ်းများကိုပါ စစ်ဆေးနေကြောင်းလဲသိရပါတယ်။

အဆိုပါညီအစ်ကိုဟာ အိမ်အဝင်အထွက်ကိုပင်ပြတင်း‌ပေါက်များတစ်ဆင့် ဝင်ထွက်ရလေ့ရှိပြီးအခန်းများ၊ အိမ်ရှေ့တံခါး ၊ အိမ်နောက်တံခါးများဟာ သေတ္တာဟောင်းတွေ စွန့်ပစ်အညစ်အကြေးတွေဖြင့် ပိတ်ဆို့နေကြောင်းလဲ ‌ရှာဖွေတွေ့ရှိရပါတယ်။

ခွေးနှင့်ကြောင်များစွာဝင်ထွက်သွားလာနေသည်ကိုလည်း တွေ့ရှိရပါတယ်။ အိမ်နီးချင်းများရဲ့‌ ပြောကြားချက်အရလဲ အဆိုပါ Lelko ညီအစ်ကိုနှစ်ဦးအားမမြင်တွေ့ရသည်မှာ နှစ်ချီကြာနေပြီဖြစ်ကြောင်း ၊ ရဲများလာရောက်ခေါ်ဆောင်သည့်အခါမှသာပြန်မြင်ရတာဖြစ်ကြောင်း သိရှိခဲ့ရပါတယ် ။

ရဲများကတော့ ရုပ်အလောင်းများ၏ DNA စစ်ဆေးချက်များ ၊ ညီအစ်ကိုနှစ်ဦး၏ ငွေကြေးမှတ်တမ်းများ အပြင် အိမ်အပြင်ဘက်ရှိအညစ်အကြေးများကိုရှာဖွေရန်နှင့်အိမ်အတွင်းဖက်ကိုပါရှေးဟောင်းသုတေသနပညာရှင်တစ် ဦး အပါအ၀င်ကျွမ်းကျင်သောအဖွဲ့များကိုအကူအညီတောင်းထားပြီး ဆက်လက်စုံစမ်းစစ်ဆေးသွားမှာဖြစ်ကြောင်း သိရပါတယ် ။ ။

Leave a Comment