Daily News

လိုင်းကားစီးရင်း လူသားတစ်ဦးကဲ့သို့ အတုယူကာ ထိုင်ခုံပေါ်တက်ထိုင်ပြီး အပြင်ဘက်သို့ လွမ်းဆွေးစွာငေးကြည့်နေခဲ့တဲ့ ခွေးလေး

ခွေးလေးတွေဟာ လူသားတို့ရဲ့အကောင်းဆုံးသူငယ်ချင်းများဖြစ်ပြီး ၎င်းကိုလည်း သံသယဖြစ်နေစရာမလိုပါဘူး။ သို့ပေမဲ့ ခွေးလေးတွေဟာ အရင်းနှီဆုံးလူသားနှင့်အတူရှိချိန်ကြာလာတဲ့အခါ လူသားများကဲ့သို့ အတုခိုးတတ်တဲ့အကျင့်လေးများရှိနေတာကို သင်တွေ့ဖူးပါသလား။ ထို့အပြင် ၎င်းက အတော်လေးကို ချစ်ဖို့ကောင်းတဲ့အရာတစ်ခုပါ။ Facebook ပေါ်ရှိ Doggie Fun Fair ဆိုတဲ့ page ကမျှဝေခဲ့တဲ့ ခွေးလေးတစ်ကောင်ရဲ့ဓာတ်ပုံတစ်ပုံဟာ လူသားတစ်ဦးကဲ့သို့ ပြုမူနေတာလို့ ထင်ရတာကြောင့် မကြာသေးမီက လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပါတယ်။


Derick Anne Mariano အမည်ရှိအမျိုးသားကရိုက်ကူးထားခဲ့တဲ့၎င်းဓာတ်ပုံမှာ မြင်ရတဲ့အတိုင်း ခွေးလေးအား လိုင်းကားစီးနေရင်း လူသားတစ်ယောက်ကဲ့သို့ထိုင်နေရင်း လွမ်းဆွေးနေပုံရနေတာကို မြင်တွေ့နိုင်ပါတယ်။ ၎င်းက ချစ်စရာကောင်းလွန်းတယ်လို့ မထင်မိကြဘူးလားဗျာ။


Facebook post အရ ၎င်းဓာတ်ပုံဟာ ဖိလစ်ပိုင် star အဖြစ် ပြီးခဲ့တဲ့နှစ်ကတည်းက ပေါ်ထွက်လာခဲ့ပေမဲ့လည်း ခွေးလေးရဲ့ရယ်စရာပုံရိပ်ကြောင့် ထပ်မံကာလူသိများလာခဲ့ပါတယ်။


Mariano က ၎င်းခွေးလေးဟာ သခင်များနှင့်အတူ ဘေးကပ်ထိုင်ပြီး လိုင်းကားစီးရင်း အမှန်တကယ်လူသားတစ်ယောက်ကဲ့သို့ပြုမူနေခဲ့ကြောင်း ပြောပြခဲ့ပါတယ်။


ခွေးလေးတွေက လိုင်းကားစီးရင် ကားရဲ့ကြမ်းပြင်ပေါ်မှာရှိနေတတ်ကြခဲ့ပေမဲ့ ဒီခွေးလေးကတော့ ထိုင်ခုံပေါ်ကိုတက်ပြီး လူသားတစ်ယောက်လိုထိုင်ကာ ပြတင်းပေါက်ကနေ အပြင်ကိုအပီအပြင်ငေးကြည့်နေခဲ့ပါတယ်။ ၎င်းအဖြစ်အပျက်ဟာ ဟာ မနီလာမြို့ Lardizabal လမ်းသို့သွားနေတဲ့ဂျစ်လိုင်းကားတစ်စီးပေါ်မှာဖြစ်ပွါးခဲ့တာပါ။


သို့ပေမဲ့ netizen များက ကားထိုင်ခုံတွေကို လူသားတွေအတွက်သာသီးသန့်ထားထားတာလို့ complain တပ်နေခဲ့ကြပေမဲ့ Mariano က သခင်ဖြစ်သူဟာ ခွေးလေးရဲ့ထိုင်ခုံအတွက် ပိုက်ဆံရှင်းပေးခဲ့ကြောင်းကိုပါ ပြန်ပြောပြခဲ့ပါသေးတယ်။


သခင်ဖြစ်သူတွေကလည်း ၎င်းတို့ရဲ့ခွေးလေးကို လူသားတစ်ယောက်လို ကျွေးမွေးကာ ဆက်ဆံနေပုံရပါတယ်။ ခွေးလေးကလည်း ၎င်းဟာ လူသားတစ်ယောက်ဖြစ်သလို သခင်ရဲ့ မိသားစုဝင်တစ်စိတ်တစ်ပိုင်းတစ်ခုအဖြစ်တည်ရှိနေတယ်လို့ ထင်ကောင်းထင်နေပုံရပြီး ၎င်းမိသားစုပြုမူတဲ့အတိုင်း တစ်ပုံတည်းအတုခိုးပြီး လိုက်လုပ်နေပုံရပါတယ်ဗျာ။ သို့ပေမဲ့ ခွေးလေးရဲ့ကားစီးနေတဲ့ပုံစံအနေအထားလေးကတော့ အတော်လေးကို ချစ်ဖို့ကောင်းနေတာပါ။

Mia (KBdailynews)

Reference : rachfeed

Leave a Comment