Daily News

ချောမောလှပတဲ့ရုပ်ရည်သွင်ပြင်နှင့် ယောင်္ကျားတန်းတူး အလုပ်ကြိုးစားမှုတို့ကြောင့် လူပြောများနေတဲ့ မိန်းကလေး

ကမ္ဘာပေါ်ရှိနေရာတိုင်း၌အမျိုးသမီးများကိုအမျိုးသားများနှင့်တန်းတူဆက်ဆံသည့်နိုင်ငံများရှိနေရင်တောင်မှ အမျိုးသမီးများအား ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုရှိပြီး အခက်အခဲများကိုကျော်လွှားနိုင်စွမ်းပိုရှိတဲ့ယောက်ျားများအတွက် အသင့်တော်ဆုံးလက်စွဲအလုပ်ဖြစ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းများလုပ်ကိုင်နေကြတာကို မြင်တွေ့ရခဲပါတယ်။ ဆောက်လုပ်ရေးလောကမှာ ယောက်ျားတစ်ယောက်ရဲ့အလုပ်ကိုလုပ်ကိုင်တဲ့အမျိုးသမီးတစ်ဦးကို သင်တွေ့ကောင်းတွေ့ဖူးပါလိမ့်မယ်။ သို့ပေမဲ့ သူမရဲ့အသွင်အပြင်က ယောက်ျားလေးဆန်တဲ့မိန်းမတစ်ယောက် ဒါမှမဟုတ် tomboy လို့ပုံစံဖြစ်နေတတ်တဲ့ဖြစ်နိုင်ချေပိုများပါတယ်။


မကြာသေးမီက အမျိုးသမီးတစ်ဦးဟာ ရုပ်ရည်ချောမောလှပပြီး ငယ်ရွယ်နုနယ်နေသေးသလို သူမဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်များစွာ၌ ယောက်ျားသားများကို အလွယ်တကူအနိုင်ယူနိုင်တဲ့ ခက်ထန်တဲ့အမျိုးသမီးတစ်ဦးလည်းဖြစ်တာကြောင့် မကြာသေးခင်က လူသိများလာခဲ့ပါတယ်။


သူမလုပ်ရမည့်အလုပ်ကို မပျက်ကွက်ဘဲ ပြီးစီးအောင်လုပ်တတ်တဲ့ အဆိုပါလှပတဲ့အမျိုးသမီးဟာ Xiao Mei လို့အမည်ရပါတယ်။ လူအချို့က သူမဟာ ရုပ်ရည်ရူပကာလှပရုံသာမက အုတ်ခဲနှင့်အခြားသောဆောက်လုပ်ရေးပစ္စည်းများစွာကို သယ်ဆောင်နိုင်တာကြောင့် သူမအား“ လက်တွေ့ဘဝ Asian Wonder Woman” ဟု ခေါ်ဆိုကြပါတယ်။


Xiao ဟာ သူမက အလုပ်ကြမ်းကို တကယ်လုပ်ကိုင်နိုင်တာကြောင့် သူမအား အမျိုးသားများက အလုပ်ခန့်ရန်အတွက် သူမရဲ့အမျိုးသမီးပါဝါကို ထုတ်မသုံးတတ်ပါဘူး။ သူမစစချင်းအလုပ်ဝင်လုပ်ခဲ့စဉ်က အမျိုးသားများက သူမအားကူညီဖို့ ဒါမှမဟုတ် စိတ်အနှောင့်အယှက်ဖြစ်ရမယ်လို့ထင်ခဲ့ကြပေမဲ့ သူမဟာ လွယ်လွယ်ကူကူမယိမ်းယိုင်ဘဲ ၎င်းတို့ရဲ့လုပ်ငန်းစဉ်အတိုင်းလိုက်လုပ်ကာ သူမဟာ ဘယ်အရာကိုမဆိုကိုင်တွယ်နိုင်တာကို နောက်ဆုံးမှာ သိသွားခဲ့ကြပါတယ်။


ဆိုရှယ်မီဒီယာတွင် ပြန့်နှံ့နေခဲ့တဲ့ဗီဒီယိုတစ်ခုမှာ Xiaoဟာ လေးလံတဲ့ ဘိလပ်မြေနှင့်အုတ်ခဲများကို ထမ်းနေခဲ့ပြီး ၎င်းကိုလုပ်ရသည်မှာ လွယ်ကူသည်ဟုထင်ရသော်လည်း အမှန်မှာ ထိုပစ္စည်းများဟာ အတော်လေးကို လေးလံလှပါတယ်။


သူမဟာဆောက်လုပ်ရေးသုံးပစ္စည်းများကို လွယ်လွယ်ကူကူကိုင်တွယ်နိုင်ပြီး ဘိလပ်မြေရောစပ်ပုံကိုလည်း ကောင်းစွာသိနေပါတယ်။ ၎င်း Xiao ရဲ့အလုပ်အားလွယ်လွယ်ကူကူလုပ်ကိုင်နေပုံကိုပြသတဲ့ဗီဒီယိုမှာ သူမဟာ သူမရဲ့အလုပ်ကို အလွန် ရေလည်ကျွမ်းကျင်နေပြီဖြစ်သလို သူမဟာ ကင်မရာအတွက်သာ ဓာတ်ပုံရိုက်နေခဲ့ခြင်းမဟုတ်ပါဘူး။


အမျိုးသားကဲ့သို့တန်းတူ ကြမ်းတမ်းတဲ့အလုပ်များကို သေသပ်စွာလုပ်ကိုင်နိုင်တဲ့သူမဟာ လက်ရှိမှာ လူပြောများပြီး နာမည်ကြီးနေလျက်ရှိပါတယ်။

Mia (KBdailynews)

Reference : rachfeed

Leave a Comment