Uncategorized

ကိုယ်ဝန်ကို Ultrasound ရိုက်ကြည့်တော့ စက်ရုပ်ပုံစံဖြစ်နေလို့ အံ့သြခဲ့ရတဲ့မိခင်

သြစတေးလျှနိုင်ငံ ဗစ်တိုးရီးယားမှာ နေထိုင်တဲ့ Sharissa Grant လို့ အမည်ရတဲ့ အသက် ()အရွယ် ကလေးအမေတစ်
ယောက်ဟာ 2007 ခုနှစ်က သမီးမိန်းကလေးကို ပထမဆုံးအကြိမ်မွေးဖွားပြီး အဲဒီကလေးဟာ မွေးရာပါ ကိုယ်လက်အင်္ဂါ
မစုံခဲ့လို့ မွေးပြီး မကြာခင်မှာပဲ သေဆုံးခဲ့ပါတယ်။ အဲဒီနောက် ယခု သားလေးကိုယ်ဝန် 13 ပတ်မြောက်မှာ သူမဟာ ကြို
တင်ပြင်ဆင်တဲ့အနေနဲ့ ကိုယ်ဝန်အခြေအနေ သိရအောင် Ultrasound ရိုက်ကြည့်ခဲ့ပါတယ်။


အဲဒီနောက် ထွက်ပေါ်လာတဲ့ ပုံကို ကြည့်လိုက်တဲ့အခါ သူမရဲ့ ကလေးဟာ ကမ္ဘာကျော် Transoformer ဇာတ်ကားထဲက Optimus စက်ရုပ်ကဲ့သို့ ဖြစ်နေလို့ အံ့သြထိတ်လန့်ခဲ့ရပါတယ်။ သူမဟာ ပထမတစ်ကြိမ် Ultrasound ရိုက်စဉ်က ဘာမှ သိပ်အခက်အခဲ မရှိခဲ့ဘဲ ဗိုက်ထဲမှာရှိတဲ့ ကလေးဟာ ဦးနှောက်နဲ့တစ်ခြားအစိတ်အပိုင်းတွေ ပုံမှန်အတိုင်း ဖွံ့ဖြိုးနေတာကို သိရှိခဲ့ပါတယ်။

ဒါပေမယ့်ဒုတိယအကြိမ်ရိုက်ကူးမှုမှာတော့ ကလေးရဲ့ပုံဟာ မော်နီတာပေါ်မှာ စက်ရုပ်တစ်ခုလို ဖြစ်နေခဲ့လို့ သူမအနေနဲ့ ငိုရမလား၊ ရယ်ရမလား မသိဖြစ်ခဲ့ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး Sharissa က “တကယ့် Transoformer ဇာတ်ကားထဲက Optimus စက်ရုပ်ကို မြင်လိုက်ရတဲ့ အတိုင်းပါဘဲ … ဒါပေမယ့် ဆရာဝန်က ဘာမှမပူဖို့ … ကလေးရဲ့ အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေ ဖွံ့ဖြိုးကြောင်း နှစ်သိမ့်မှ မျက်ရည်ရည်တွေကြားထဲကနေ စိတ်သက်သာရာ ရခဲ့ပါတယ် “လို့ ဆိုပါတယ်။


သူမဟာ အဲဒီ ရလာဒ်ကနေ ထွက်လာတဲ့ပုံတွေကို ကျောင်းတက်နေပြီဖြစ်တဲ့ သားကြီးသမီးကြီးနှစ်ယောက်ကို ကျောင်း
ကြိုအပြန် လမ်းမှာ ပြတဲ့အခါ ကလေးတွေက သူတို့ရဲ့ မမွေးဖွားသေးတဲ့ ညီလေး/မောင်လေးကို တစ်ခြားကမ္ဘာက ဂြိုဟ်
သားတစ်ယောက်နဲ့ တူကြောင်း ကြောက်ကြောက်လန့်လန့် ပြောခဲ့ကြပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ အဲဒီကိုယ်ဝန်ကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပြီး သားယောက်ျားလေး ဖြစ်ပါတယ်။ အမည်ကို Royce လို့ ပေးထားပြီး သုံးလသားအရွယ်ကို ရောက်ပြီ ဖြစ်ပါတယ်။


ၾသစေတးလွ်ႏိုင္ငံ ဗစ္တိုးရီးယားမွာ ေနထိုင္တဲ့ Sharissa Grant လို႔ အမည္ရတဲ့ အသက္ ()အ႐ြယ္ ကေလးအေမတစ္
ေယာက္ဟာ 2007 ခုႏွစ္က သမီးမိန္းကေလးကို ပထမဆုံးအႀကိမ္ေမြးဖြားၿပီး အဲဒီကေလးဟာ ေမြးရာပါ ကိုယ္လက္အဂၤါ
မစုံခဲ့လို႔ ေမြးၿပီး မၾကာခင္မွာပဲ ေသဆုံးခဲ့ပါတယ္။ အဲဒီေနာက္ ယခု သားေလးကိုယ္ဝန္ 13 ပတ္ေျမာက္မွာ သူမဟာ ႀကိဳ
တင္ျပင္ဆင္တဲ့အေနနဲ႔ ကိုယ္ဝန္အေျခအေန သိရေအာင္ Ultrasound ႐ိုက္ၾကည့္ခဲ့ပါတယ္။

အဲဒီေနာက္ ထြက္ေပၚလာတဲ့ ပုံကို ၾကည့္လိုက္တဲ့အခါ သူမရဲ႕ ကေလးဟာ ကမာၻေက်ာ္ Transoformer ဇာတ္ကားထဲက Optimus စက္႐ုပ္ကဲ့သို႔ ျဖစ္ေနလို႔ အံ့ၾသထိတ္လန႔္ခဲ့ရပါတယ္။ သူမဟာ ပထမတစ္ႀကိမ္ Ultrasound ႐ိုက္စဥ္က ဘာမွ သိပ္အခက္အခဲ မရွိခဲ့ဘဲ ဗိုက္ထဲမွာရွိတဲ့ ကေလးဟာ ဦးေႏွာက္နဲ႔တစ္ျခားအစိတ္အပိုင္းေတြ ပုံမွန္အတိုင္း ဖြံ႕ၿဖိဳးေနတာကို သိရွိခဲ့ပါတယ္။


ဒါေပမယ့္ဒုတိယအႀကိမ္႐ိုက္ကူးမႈမွာေတာ့ ကေလးရဲ႕ပုံဟာ ေမာ္နီတာေပၚမွာ စက္႐ုပ္တစ္ခုလို ျဖစ္ေနခဲ့လို႔ သူမအေနနဲ႔ ငိုရမလား၊ ရယ္ရမလား မသိျဖစ္ခဲ့ရပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး Sharissa က “တကယ့္ Transoformer ဇာတ္ကားထဲက Optimus စက္႐ုပ္ကို ျမင္လိုက္ရတဲ့ အတိုင္းပါဘဲ … ဒါေပမယ့္ ဆရာဝန္က ဘာမွမပူဖို႔ … ကေလးရဲ႕ အျခားခႏၶာကိုယ္အစိတ္အပိုင္းေတြ ဖြံ႕ၿဖိဳးေၾကာင္း ႏွစ္သိမ့္မွ မ်က္ရည္ရည္ေတြၾကားထဲကေန စိတ္သက္သာရာ ရခဲ့ပါတယ္ “လို႔ ဆိုပါတယ္။

သူမဟာ အဲဒီ ရလာဒ္ကေန ထြက္လာတဲ့ပုံေတြကို ေက်ာင္းတက္ေနၿပီျဖစ္တဲ့ သားႀကီးသမီးႀကီးႏွစ္ေယာက္ကို ေက်ာင္း
ႀကိဳအျပန္ လမ္းမွာ ျပတဲ့အခါ ကေလးေတြက သူတို႔ရဲ႕ မေမြးဖြားေသးတဲ့ ညီေလး/ေမာင္ေလးကို တစ္ျခားကမာၻက ၿဂိဳဟ္
သားတစ္ေယာက္နဲ႔ တူေၾကာင္း ေၾကာက္ေၾကာက္လန႔္လန႔္ ေျပာခဲ့ၾကပါတယ္။


ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ အဲဒီကိုယ္ဝန္ကို ေအာင္ျမင္စြာ ေမြးဖြားႏိုင္ခဲ့ၿပီး သားေယာက္်ားေလး ျဖစ္ပါတယ္။ အမည္ကို Royce လို႔ ေပးထားၿပီး သုံးလသားအ႐ြယ္ကို ေရာက္ၿပီ ျဖစ္ပါတယ္။

Leave a Comment