တစ်နှစ်ကြာ အနုပညာလှုပ်ရှားမှုများကိုရပ်တန့်ပြီးနောက်မှာတော့ “Natural High”albumဖြင့် ပြန်လည်ပွဲဦးထွက်ခဲ့ပါပြီ။
“Natural High” albumဟာဆိုရင်ဖြင့် ပရိသတ်တို့ Naflaရဲ့ music senseကို အပကည့်အဝခံစားနိုင်မယ့် albumတစ်ချက်ပဲဖြစ်ပါတယ်။
albumမှာ ပါဝင်တဲ့ သီချင်းအများစုကလည်း ကားစီးရင်း နားထောင်ဖို့အတွက် လုံးဝကို perfectဖြစ်ပါလိမ့်မယ်လို့လည်း ပြောထားပါသေးတယ်။
Rapper JUSTHISနဲ့ တွဲဖက်ဆိုထားတဲ့ “Run”သီချင်းက Nafla ကို Rapping လောကထဲ ပြန်ဝင်ဖို့ confedence ပေးနိုင်ခဲ့တဲ့သီချင်းဖြစ်တယ်လို့ သိရပါတယ်
ထို့အပြင် albumတွင် Palo Alto, The Quiett, Chancellorတို့နှင့် အခြားတော့ အနုပညာရှင်များစွာပါဝင်ထားပါတယ်။ “Natural High” albumကတော့ Naflaပြန်လာဖို့ အကြာကြီးစောင့်ပေးခဲ့တဲ့ ပရိသတ်များအတွက် Special giftဖြစ်တယ်လို့ သိရပါတယ်။
Nafla က 2018ခုနှစ်နောက်ပိုင်း Mnet channelမှ ထုတ်လွှင့်ခဲ့သော “Show Me The Money 777″၏ winnerဖြစ်ပြီး ထိုshowမှတဆင့် အရည်အချင်းပြည့်ဝသော rapperအဖြစ် လူများအကြားရေပန်စား အသိအမှတ်ပြုခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ ယခုalbumကိုလည်း အများကြီးေမျှာ်လင့်ထားကြကြောင်း သိရပါတယ်။
“Natural High” albumကို ယနေ့ August 31ရက်နေ့ ကိုရီယားစံတော်ချိန် ညနေ 6နာရီတွင် music platformအမျိုးမျိုးမှ ထုတ်လွှင့်သွားပါမယ်။
Source Allkpop
Written Kay kay
One Daily Media
Zawgyi