One Daily News

ကျန်းမာရေးချူချာတဲ့ကလေးငယ်ဘဝ‌လေးမှ အိုလံပစ်လက်‌ရွေးစင်ကစားသမားဘဝအထိပျိုးထောင်ပေးခဲ့သည့် LGBT ဖခင်တစ်ဦး

ကျန်းမာရေးချူချာတဲ့ကလေးငယ်ဘဝ‌လေးမှ အိုလံပစ်လက်‌ရွေးစင်ကစားသမားဘဝအထိပျိုးထောင်ပေးခဲ့သည့် LGBT ဖခင်တစ်ဦး

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှ Jerry Windle ဆိုသူ အမျိုးသားတစ်ဦးဟာ လိင်တူချစ်သူတစ်ဦးဖြစ်နေခြင်းကြောင့် ဖခင်တစ်ယောက် မဖြစ်လာနိုင်ဘူးလို့ လူအများရဲ့‌ ဝေဖန်ပြောဆိုခြင်းကိုခံခဲ့ရသူဖြစ်ပါတယ် ။ သို့သော် Jerry ကတော့ သူဟာ ဖခင်ကောင်းတစ်ယောက်ဖြစ်နိုင်ကြောင်းအခိုင်အမာယုံကြည်ခဲ့ပါတယ် ။ ထို့နောက်မှာတော့ Jerry ဟာ ဒဏ္ဍာရီဆန်စွာပဲ ဖခင်တစ်ယောက်ဖြစ်ဖို့ အကြောင်းဖန်လာခဲ့ပြီး ကြင်နာတတ်တဲ့နှလုံးသားတစ်စုံနဲ့အတူ မဖြစ်နိုင်ဘူးဆိုတဲ့စိန်ခေါ်မှုတွေကိုကျော်ဖြတ်နိုင်ကြောင်းလဲ Jerry က သက်သေပြနိုင်ခဲ့ပါတယ် ။

 

ဒီဖြစ်ရပ်ဟာ လိင်ခွဲခြားမှုတွေ ၊ လူနေမှုစတိုင်မလိုမုန်းတီးမှု‌တွေကို မိဘမေတ္တာအစွမ်းဖြင့်အံ့ဩဖွယ်ကျော်ဖြတ်နိုင်ကြောင်းကိုလဲပိုမိုယုံကြည်မိစေတာဖြစ်ပါတယ်။စွန့်ပစ်ခံမိဘမဲ့ကလေးတစ်ယောက်ကို အိုလံပစ်အားကစားပြိုင်ပွဲရဲ့ချန်ပီယံတစ်ယောက် ဖြစ်လာသည်အထိ ပြုစုပျိုးထောင်မှုကောင်းလွန်းခဲ့တဲ့ Jerry ဆိုတဲ့ နှလုံးလှသူကြီးတစ်ဦးအကြောင်း‌ကို ကျွန်တော်တို့ လေ့လာကြည့်ကြရအောင်ပါ။

၁။ မဂ္ဂဇင်းသတင်းလေးတစ်ခုကနေစတင်ခဲ့ပါတယ်

Jerry ဟာ တစ်နေ့မှာတော့ ကမ္ဘောဒီးယားနိုင်ငံရှိ မိဘမဲ့ကလေးများအကြောင်း ရေးသားဖော်ပြထားသော မဂ္ဂဇင်းတစ်စောင်ကိုဖတ်မိရာမှတစ်ဆင့် ချက်ချင်းပင် ကမ္ဘောဒီးယားနိုင်ငံမှ တာဝန်ရှိသူများနှင့်ဆက်သွယ်ခဲ့ပါတယ် ။

2000 ခုနှစ် ဇွန်လမှာ‌ Jerry ဟာ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ကို သွားရောက်ပြီး အဆိုပါမိဘမဲ့ဂေဟာမှ Jordon ဆိုသူ အသက်၂နှစ်အရွယ် မိဘမဲ့ကလေးငယ်လေးဆီ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ကလေးငယ်ဟာ အာဟာရချို့တဲ့မှုနဲ့အတူ ကူးစက်ရောဂါတချို့လဲ ခံစားနေရတာဖြစ်ပါတယ်။ Jerry ဟာ Jordon လေးအား သူနေထိုင်ရာ Florida ပြည်နယ်ကို ခေါ်ဆောင်လာခဲ့ပြီး‌နောက် ကျန်းမာရေးစောင့်ရှောက်မှုများလုပ်ပေးကာ မွေးစားရန်ဆုံးဖြတ်ခဲ့ပါတော့တယ် ။

၂။ စိန်ခေါ်မှုများစွာနှင့်မိသားစုဘဝအစ

 

အမေရိကန်နိုင်ငံကို ရောက်ရှိလာပြီးနောက်ပိုင်းမှာလဲ အလွယ်တကူအဆင်ပြေချောမွေ့သွားခြင်းမျိုးတော့မဟုတ်ခဲ့ပါဘူ။

‌ကျန်းမာရေးချူချာနေဆဲဖြစ်တဲ့ ၂ နှစ်သားလေး Jordon ရဲ့ကိုယ်အလေးချိန်မှာလဲ ၁၆ပေါင်သာရှိတာကြောင့် အသက်အန္တရာယ်စိုးရိမ်ရတဲ့အနေအထားအထိ ဖြစ်ခဲ့တာပါ။

သို့ပေမယ့်လဲ Jerry ဟာ သားငယ်လေးအသက်ဆက်နိုင်ရေးအတွက် သူတတ်နိုင်တာမှန်သမျှအစွမ်းကုန်ကြိုးစားခဲ့ပီးနောက်မှာ Jerry ရဲ့ ကြိုးစားမှု ၊ မေတ္တာတရားကြီးမားမှုတို့နဲ့အတူ ကျန်းမာရေးပြသာနာများကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

 

 

၃။အိုလံပစ်အားကစားသမားဘဝအစ

Jordon ရဲ့အိုလံပစ်အားကစားသမားဘဝ အိပ်မက်တွေကတော့ အသက် ၇နှစ်အရွယ်ကပင်စတင်ခဲ့ပါတယ် ။ နာမည်ကြီး Diving အားကစားနည်းပြ Ron O’Brien ၏သားဖြစ်သူ Tim O’Brien နဲ့ Diving သင်တန်းတစ်ခုမှာတွေ့ဆုံခဲ့ရာက စပါတယ်။

ထို့နောက်မှာတော့ Jordon ဟာ အထူး Diving သင်တန်းများဆက်တက်ခဲ့ပြီး အောင်မြင်မှုများလဲစတင်ရရှိလာခဲ့ပါတယ်။ ထိုအချိန်ဟာ Jordon အတွက် အိုလံပစ်ရွှေတံဆိပ်ဆုရှင်လဲဖြစ်ပြီး LGBT တက်ကြွလှုပ်ရှားသူလဲဖြစ်တဲ့ Greg Louganis နဲ့လဲတွေ့ဆုံခဲ့ရတဲ့အချိန်လဲဖြစ်ပါတယ်။ထို့နောက်မှာတော့ Jordon ကို “Little Louganis” လို့တောင်တင်စားခေါ်ဝေါ်ကြပါတယ်။ အသက် ၁၃ နှစ်မှစတင်ကာ အသက် ၁၆ နှစ်ထိ အိုလံပစ်ပြိုင်ပွဲ ၃ ကြိမ် ဝင်ရောက်ခဲ့ပြီးနောက်မှာတော့ Jordon ဟာ သူ့ရဲ့အိပ်မက်ဖြစ်တဲ့ Men’s Platform Event အတွက် အရည်အချင်းပြည့်မှီ ရွေးချယ်ခံခဲ့ရပြီဖြစ်ပါတယ်။

၄။သားအဖနှစ်ဦးရဲ့ခိုင်မာသောနှောင်ကြိုး

ယခုအချိန်မှာတော့ Jordon ဟာ အမေရိကန်နိုင်ငံကို ကိုယ်စားပြုပြီးအိုလံပစ်ပြိုင်ပွဲကိုဝင်ရောက်ယှဉ်‌ပြိုင်နေပြီဖြစ်သလို သူ့နှလုံးသားထဲမှာလဲ မွေးရပ်မြေ ကမ္ဘောဒီယားနိုင်ငံကို ကိုယ်စားပြုနေမှာအသေအချာပါပဲ။အကြောင်းကတော့ Jordon ဟာ လူအများမြင်သာမယ့် လက်မောင်းနေရာမှာ ကမ္ဘောဒီးယား နိုင်ငံအလံကိုလဲ တက်တူးရေးထိုးထားခဲ့လို့ပဲဖြစ်ပါတယ်။ Jerry နဲ့ Jordon တို့သားအဖဟာ 2011 ခုနှစ်မှာသူတို့ဘဝဇာတ်‌ကြောင်းကို သူတို့အတူပူးတွဲရေးသားထားတဲ့ “An Orphan No More:The True Story of a Boy” လို့အမည်ရတဲ့စာအုပ်လေးထဲမှာလဲ ထည့်သွင်းရေးသားဂုဏ်ပြုခဲ့ပါတယ်။

စာအုပ်လေးထဲမှာတော့ “ကြက်ဖလေးတစ်ကောင်ကို ကြက်မ မရှိပဲအဖေမဖြစ်လာနိုင်ကြောင်းတစ်ခြားသော တိရစ္ဆာန်များကပြောဆိုနေခဲ့ကြသော်လည်း တစ်နေ့မှာတော့ ထိုကြက်ဖလေးဟာ ဥလေးတစ်လုံးတိုက်မိခဲ့ပြီး ဘဲပေါက်လေးတစ်ကောင်မွေးဖွားလာတာကိုမြင်ခဲ့ရပါတယ်။ထို့‌နောက်မှာ သူတို့နှစ်ကောင်ဟာ အတူတကွနေထိုင်ကြပြီး အသွင်အပြင်များကွဲပြားကြသော်လည်းအချစ်မေတ္တာရှိရင် မိသားစုပါပဲလို့ သက်သေပြခဲ့ကြပါတယ်” လို့ရေးသားထားပါတယ်။

ယခုလိုမိဘမေတ္တာကြီးမားပုံတို့ကို အကောင်းဆုံးဥပမာ‌ပေးဖော်ပြနိုင်မယ့် တခြားသောဇာတ်လမ်းအကြောင်းအရာများလဲ လူကြီးမင်းတို့မိသားစုထဲမှာလဲ နောက်ထပ်ရှိကြဦးမယ်လို့ထင်ပါတယ် ။ ။

 

Source Brightside

Written One Daily Media

One Daily Media Copyright © 2021 ကျွန်တော်တို့ကိုယ်ပိုင်ဘာသာထားတဲ့အတွက် တခြား websiteမှာကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Zawgyi

က်န္းမာေရးခ်ဴခ်ာတဲ့ကေလးငယ္ဘဝ‌ေလးမွ အိုလံပစ္လက္‌ေ႐ြးစင္ကစားသမားဘဝအထိပ်ိဳးေထာင္ေပးခဲ့သည့္ LGBT ဖခင္တစ္ဦး

အေမရိကန္ႏိုင္ငံ ဖေလာ္ရီဒါျပည္နယ္မွ Jerry Windle ဆိုသူ အမ်ိဳးသားတစ္ဦးဟာ လိင္တူခ်စ္သူတစ္ဦးျဖစ္ေနျခင္းေၾကာင့္ ဖခင္တစ္ေယာက္ မျဖစ္လာႏိုင္ဘူးလို႔ လူအမ်ားရဲ႕‌ ေဝဖန္ေျပာဆိုျခင္းကိုခံခဲ့ရသူျဖစ္ပါတယ္ ။ သို႔ေသာ္ Jerry ကေတာ့ သူဟာ ဖခင္ေကာင္းတစ္ေယာက္ျဖစ္ႏိုင္ေၾကာင္းအခိုင္အမာယုံၾကည္ခဲ့ပါတယ္ ။ ထို႔ေနာက္မွာေတာ့ Jerry ဟာ ဒ႑ာရီဆန္စြာပဲ ဖခင္တစ္ေယာက္ျဖစ္ဖို႔ အေၾကာင္းဖန္လာခဲ့ၿပီး ၾကင္နာတတ္တဲ့ႏွလုံးသားတစ္စုံနဲ႔အတူ မျဖစ္ႏိုင္ဘူးဆိုတဲ့စိန္ေခၚမႈေတြကိုေက်ာ္ျဖတ္ႏိုင္ေၾကာင္းလဲ Jerry က သက္ေသျပႏိုင္ခဲ့ပါတယ္ ။

ဒီျဖစ္ရပ္ဟာ လိင္ခြဲျခားမႈေတြ ၊ လူေနမႈစတိုင္မလိုမုန္းတီးမႈ‌ေတြကို မိဘေမတၱာအစြမ္းျဖင့္အံ့ဩဖြယ္ေက်ာ္ျဖတ္ႏိုင္ေၾကာင္းကိုလဲပိုမိုယုံၾကည္မိေစတာျဖစ္ပါတယ္။စြန႔္ပစ္ခံမိဘမဲ့ကေလးတစ္ေယာက္ကို အိုလံပစ္အားကစားၿပိဳင္ပြဲရဲ႕ခ်န္ပီယံတစ္ေယာက္ ျဖစ္လာသည္အထိ ျပဳစုပ်ိဳးေထာင္မႈေကာင္းလြန္းခဲ့တဲ့ Jerry ဆိုတဲ့ ႏွလုံးလွသူႀကီးတစ္ဦးအေၾကာင္း‌ကို ကြၽန္ေတာ္တို႔ ေလ့လာၾကည့္ၾကရေအာင္ပါ။

၁။ မဂၢဇင္းသတင္းေလးတစ္ခုကေနစတင္ခဲ့ပါတယ္

Jerry ဟာ တစ္ေန႔မွာေတာ့ ကေမာၻဒီးယားႏိုင္ငံရွိ မိဘမဲ့ကေလးမ်ားအေၾကာင္း ေရးသားေဖာ္ျပထားေသာ မဂၢဇင္းတစ္ေစာင္ကိုဖတ္မိရာမွတစ္ဆင့္ ခ်က္ခ်င္းပင္ ကေမာၻဒီးယားႏိုင္ငံမွ တာဝန္ရွိသူမ်ားႏွင့္ဆက္သြယ္ခဲ့ပါတယ္ ။ 2000 ခုႏွစ္ ဇြန္လမွာ‌ Jerry ဟာ ကေမာၻဒီးယားႏိုင္ငံ ဖႏြမ္းပင္ၿမိဳ႕ကို သြားေရာက္ၿပီး အဆိုပါမိဘမဲ့ေဂဟာမွ Jordon ဆိုသူ အသက္၂ႏွစ္အ႐ြယ္ မိဘမဲ့ကေလးငယ္ေလးဆီ သြားေရာက္ေတြ႕ဆုံခဲ့ပါတယ္။ ကေလးငယ္ဟာ အာဟာရခ်ိဳ႕တဲ့မႈနဲ႔အတူ ကူးစက္ေရာဂါတခ်ိဳ႕လဲ ခံစားေနရတာျဖစ္ပါတယ္။ Jerry ဟာ Jordon ေလးအား သူေနထိုင္ရာ Florida ျပည္နယ္ကို ေခၚေဆာင္လာခဲ့ၿပီး‌ေနာက္ က်န္းမာေရးေစာင့္ေရွာက္မႈမ်ားလုပ္ေပးကာ ေမြးစားရန္ဆုံးျဖတ္ခဲ့ပါေတာ့တယ္ ။

၂။ စိန္ေခၚမႈမ်ားစြာႏွင့္မိသားစုဘဝအစ

အေမရိကန္ႏိုင္ငံကို ေရာက္ရွိလာၿပီးေနာက္ပိုင္းမွာလဲ အလြယ္တကူအဆင္ေျပေခ်ာေမြ႕သြားျခင္းမ်ိဳးေတာ့မဟုတ္ခဲ့ပါဘူ။ ‌က်န္းမာေရးခ်ဴခ်ာေနဆဲျဖစ္တဲ့ ၂ ႏွစ္သားေလး Jordon ရဲ႕ကိုယ္အေလးခ်ိန္မွာလဲ ၁၆ေပါင္သာရွိတာေၾကာင့္ အသက္အႏၲရာယ္စိုးရိမ္ရတဲ့အေနအထားအထိ ျဖစ္ခဲ့တာပါ။ သို႔ေပမယ့္လဲ Jerry ဟာ သားငယ္ေလးအသက္ဆက္ႏိုင္ေရးအတြက္ သူတတ္ႏိုင္တာမွန္သမွ်အစြမ္းကုန္ႀကိဳးစားခဲ့ပီးေနာက္မွာ Jerry ရဲ႕ ႀကိဳးစားမႈ ၊ ေမတၱာတရားႀကီးမားမႈတို႔နဲ႔အတူ က်န္းမာေရးျပသာနာမ်ားကို ေက်ာ္ျဖတ္ႏိုင္ခဲ့ပါတယ္။

၃။အိုလံပစ္အားကစားသမားဘဝအစ

Jordon ရဲ႕အိုလံပစ္အားကစားသမားဘဝ အိပ္မက္ေတြကေတာ့ အသက္ ၇ႏွစ္အ႐ြယ္ကပင္စတင္ခဲ့ပါတယ္ ။ နာမည္ႀကီး Diving အားကစားနည္းျပ Ron O’Brien ၏သားျဖစ္သူ Tim O’Brien နဲ႔ Diving သင္တန္းတစ္ခုမွာေတြ႕ဆုံခဲ့ရာက စပါတယ္။ ထို႔ေနာက္မွာေတာ့ Jordon ဟာ အထူး Diving သင္တန္းမ်ားဆက္တက္ခဲ့ၿပီး ေအာင္ျမင္မႈမ်ားလဲစတင္ရရွိလာခဲ့ပါတယ္။ ထိုအခ်ိန္ဟာ Jordon အတြက္ အိုလံပစ္ေ႐ႊတံဆိပ္ဆုရွင္လဲျဖစ္ၿပီး LGBT တက္ႂကြလႈပ္ရွားသူလဲျဖစ္တဲ့ Greg Louganis နဲ႔လဲေတြ႕ဆုံခဲ့ရတဲ့အခ်ိန္လဲျဖစ္ပါတယ္။ထို႔ေနာက္မွာေတာ့ Jordon ကို “Little Louganis” လို႔ေတာင္တင္စားေခၚေဝၚၾကပါတယ္။ အသက္ ၁၃ ႏွစ္မွစတင္ကာ အသက္ ၁၆ ႏွစ္ထိ အိုလံပစ္ၿပိဳင္ပြဲ ၃ ႀကိမ္ ဝင္ေရာက္ခဲ့ၿပီးေနာက္မွာေတာ့ Jordon ဟာ သူ႔ရဲ႕အိပ္မက္ျဖစ္တဲ့ Men’s Platform Event အတြက္ အရည္အခ်င္းျပည့္မွီ ေ႐ြးခ်ယ္ခံခဲ့ရၿပီျဖစ္ပါတယ္။

၄။သားအဖႏွစ္ဦးရဲ႕ခိုင္မာေသာေႏွာင္ႀကိဳး

ယခုအခ်ိန္မွာေတာ့ Jordon ဟာ အေမရိကန္ႏိုင္ငံကို ကိုယ္စားျပဳၿပီးအိုလံပစ္ၿပိဳင္ပြဲကိုဝင္ေရာက္ယွဥ္‌ၿပိဳင္ေနၿပီျဖစ္သလို သူ႔ႏွလုံးသားထဲမွာလဲ ေမြးရပ္ေျမ ကေမာၻဒီယားႏိုင္ငံကို ကိုယ္စားျပဳေနမွာအေသအခ်ာပါပဲ။အေၾကာင္းကေတာ့ Jordon ဟာ လူအမ်ားျမင္သာမယ့္ လက္ေမာင္းေနရာမွာ ကေမာၻဒီးယား ႏိုင္ငံအလံကိုလဲ တက္တူးေရးထိုးထားခဲ့လို႔ပဲျဖစ္ပါတယ္။ Jerry နဲ႔ Jordon တို႔သားအဖဟာ 2011 ခုႏွစ္မွာသူတို႔ဘဝဇာတ္‌ေၾကာင္းကို သူတို႔အတူပူးတြဲေရးသားထားတဲ့ “An Orphan No More:The True Story of a Boy” လို႔အမည္ရတဲ့စာအုပ္ေလးထဲမွာလဲ ထည့္သြင္းေရးသားဂုဏ္ျပဳခဲ့ပါတယ္။

စာအုပ္ေလးထဲမွာေတာ့ “ၾကက္ဖေလးတစ္ေကာင္ကို ၾကက္မ မရွိပဲအေဖမျဖစ္လာႏိုင္ေၾကာင္းတစ္ျခားေသာ တိရစာၦန္မ်ားကေျပာဆိုေနခဲ့ၾကေသာ္လည္း တစ္ေန႔မွာေတာ့ ထိုၾကက္ဖေလးဟာ ဥေလးတစ္လုံးတိုက္မိခဲ့ၿပီး ဘဲေပါက္ေလးတစ္ေကာင္ေမြးဖြားလာတာကိုျမင္ခဲ့ရပါတယ္။ထို႔‌ေနာက္မွာ သူတို႔ႏွစ္ေကာင္ဟာ အတူတကြေနထိုင္ၾကၿပီး အသြင္အျပင္မ်ားကြဲျပားၾကေသာ္လည္းအခ်စ္ေမတၱာရွိရင္ မိသားစုပါပဲလို႔ သက္ေသျပခဲ့ၾကပါတယ္” လို႔ေရးသားထားပါတယ္။

ယခုလိုမိဘေမတၱာႀကီးမားပုံတို႔ကို အေကာင္းဆုံးဥပမာ‌ေပးေဖာ္ျပႏိုင္မယ့္ တျခားေသာဇာတ္လမ္းအေၾကာင္းအရာမ်ားလဲ လူႀကီးမင္းတို႔မိသားစုထဲမွာလဲ ေနာက္ထပ္ရွိၾကဦးမယ္လို႔ထင္ပါတယ္ ။ ။

Source Brightside

Written One Daily Media

 

One Daily Media Copyright © 2021 ကြၽန္ေတာ္တို႔ကိုယ္ပိုင္ဘာသာထားတဲ့အတြက္ တျခား websiteမွာကူးယူ ေဖာ္ျပခြင့္ လုံးဝ ခြင့္မျပဳပါ။

 

Leave a Comment