Uncategorized

မြို့ထဲမှာ မိုးကြီးရေလျှံနေတာကို အကောင်းဆုံးအသုံးချပြီး အလှဓာတ်ပုံရိုက်ကူးခဲ့တဲ့ မိန်းကလေး

လူအတော်များများက မိုးကြီးရေလျှံရင် အခက်အခဲအတော်များများနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရပေမဲ့ ယခုဖော်ပြမဲ့ ကောင်မလေးကတော့ အခက်အခဲမရှိ အပျော်ဓာတ်ပုံတွေရိုက်ကူးနေခဲ့ပါတယ် ။ အိန္ဒိယနိုင်ငံ ၊ Panta မြို့မှာ နေထိုင်လျက်ရှိတဲ့ Aditi Singh အမည်ရှိတဲ့ ကျောင်းသူဟာ ‘ Mermaid in Disaster’ ဆိုတဲ့ ခေါင်းစဉ်နဲ့ မိုးကြီးရေလျှံနေချိန်ရိုက်ကူးထားတဲ့ သူမရဲ့ဓာတ်ပုံတွေကို Instagram မှာ ဝေမျှခဲ့တာပါ ။ အချို့သော ဓာတ်ပုံတွေထဲမှာဆိုရင် သစ်ပင်ကျိုးကျတဲ့အထိ ဖြစ်နေခဲ့လို့ လူအတော်များများက သဘာဝဘေးအန္တရာယ်ကို သူမက ပျက်ရယ်ပြုနေတယ်ဆိုပြီး ဝေဖန်ခဲ့ကြပါတယ် ။


အချို့ကလည်း အခက်အခဲတွေကြားထဲက ပျော်ရွှင်မှုလေးဖြစ်စေတဲ့ သူမရဲ့ပုံစံကို အားပေးထောက်ခံခဲ့ကြပါတယ် ။ သူမကတော့ ‘ ဒီရဲ့ဓာတ်ပုံတွေက လက်ရှိ Patna မြို့ရဲ့ အခြေအနေကိုပြသနေတာပါ ၊ တစ်လွဲမတွေးကြပါနဲ့ ‘ ဆိုပြီး ပြန်လည်ဖြေရှင်းခဲ့ပါတယ် ။ အကြောင်းကတော့ မကြာခဏရေကြီးမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ သူမရဲ့မြို့လေးကို တာဝန်ရှိသူတွေအနေနဲ့ ဘယ်လိုပြင်ဆင်ဆောင်ရွက်ပေးမလဲဆိုပြီး ဖော်ပြမေးမြန်းခဲ့တဲ့ ပုံစံမျိုးသာဖြစ်ကြောင်း ဖြေရှင်းခဲ့ပါတယ် ။


.


.


.


.


Jasmine (KBdailynews)

Reference : rachfeed

Zawgyi

လူအေတာ္မ်ားမ်ားက မိုးႀကီးေရလ်ွံရင္ အခက္အခဲအေတာ္မ်ားမ်ားနဲ႔ ရင္ဆိုင္ၾကံဳေတြ႔ေနၾကရေပမဲ့ ယခုေဖာ္ျပမဲ့ ေကာင္မေလးကေတာ့ အခက္အခဲမ႐ွိ အေပ်ာ္ဓာတ္ပံုေတြ႐ိုက္ကူးေနခဲ့ပါတယ္ ။ အိႏၵိယႏိုင္ငံ ၊ Panta ၿမိဳ႕မွာ ေနထိုင္လ်က္႐ွိတဲ့ Aditi Singh အမည္႐ွိတဲ့ ေက်ာင္းသူဟာ ‘ Mermaid in Disaster’ ဆိုတဲ့ ေခါင္းစဥ္နဲ႔ မိုးႀကီးေရလ်ွံေနခ်ိန္႐ိုက္ကူးထားတဲ့ သူမရဲ႕ဓာတ္ပံုေတြကို Instagram မွာ ေဝမ်ွခဲ့တာပါ ။ အခ်ိဳ႕ေသာ ဓာတ္ပံုေတြထဲမွာဆိုရင္ သစ္ပင္က်ိဳးက်တဲ့အထိ ျဖစ္ေနခဲ့လို႔ လူအေတာ္မ်ားမ်ားက သဘာဝေဘးအႏၱရာယ္ကို သူမက ပ်က္ရယ္ျပဳေနတယ္ဆိုၿပီး ေဝဖန္ခဲ့ၾကပါတယ္ ။


အခ်ိဳ႕ကလည္း အခက္အခဲေတြၾကားထဲက ေပ်ာ္ရႊင္မႈေလးျဖစ္ေစတဲ့ သူမရဲ႕ပံုစံကို အားေပးေထာက္ခံခဲ့ၾကပါတယ္ ။ သူမကေတာ့ ‘ ဒီရဲ႕ဓာတ္ပံုေတြက လက္႐ွိ Patna ၿမိဳ႕ရဲ႕ အေျခအေနကိုျပသေနတာပါ ၊ တစ္လြဲမေတြးၾကပါနဲ႔ ‘ ဆိုၿပီး ျပန္လည္ေျဖ႐ွင္းခဲ့ပါတယ္ ။ အေၾကာင္းကေတာ့ မၾကာခဏေရႀကီးမႈေတြနဲ႔ ရင္ဆိုင္ၾကံဳေတြ႔ေနရတဲ့ သူမရဲ႕ၿမိဳ႕ေလးကို တာဝန္႐ွိသူေတြအေနနဲ႔ ဘယ္လိုျပင္ဆင္ေဆာင္ရြက္ေပးမလဲဆိုၿပီး ေဖာ္ျပေမးျမန္းခဲ့တဲ့ ပံုစံမ်ိဳးသာျဖစ္ေၾကာင္း ေျဖ႐ွင္းခဲ့ပါတယ္ ။

Jasmine (KBdailynews)

Leave a Comment