Funny

ဆိတ်သားရေဝတ်စုံနဲ့ ရှော့ပင်းစင်တာကိုလာခဲ့တဲ့ လူရိုင်းမျိုးနွယ်ဝင်အမျိုးသမီး

နမီးဘီးယားနိုင်ငံ Opuwo မြို့ပေါ်က ဈေးဝယ်စင်တာတစ်ခုမှာ လူရိုင်းမျိုးနွယ်စုဝင် အမျိုးသမီးတစ်ယောက်ဟာ ၎င်းတို့ရဲ့ ရိုးရာဝတ်စုံ ဆိတ်သားရေကို ဝတ်ကာ၊ ရင်ဘတ်ဟောင်းလောင်းနဲ့ ရှော့ပင်းထွက်လာခဲ့ပါတယ်။ အဲဒီအမျိုးသမီးဟာ Himba မျိုးနွယ်စုဝင် အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ကြေနီရောင် ညိုပုပ်ပုပ် အသားအရေနဲ့အတူ၊ သူများနဲ့မတူတဲ့ ဒီဇိုင်း
ဖတ်ရှင်ကြောင့် လူတွေကြားမှာ မျက်စိကျခြင်း ခံခဲ့ရပါတယ်။

ဆွီဒင်လူမျိုး Wildlife & Documentary ဓာတ်ပုံဆရာ Bjorn Persson ကလည်း ဒီမြင်ကွင်းကို အလွတ်မပေးပဲ သူ့ကင်မရာနဲ့ ရသလောက် မှတ်တမ်းတင်ခဲ့ပါတယ်။ အဲဒီ Himba အမျိုးသမီးဟာ အသက်(20) အရွယ်ခန့်သာ ရှိသေးပြီး သူမရဲ့ ကလေးကိုလည်း ကျောမှာ ပိုးထားပါသေးတယ်။

ဈေးဝယ်စင်တာထဲမှာ တွန်းလှည်းကို စမတ်ကျကျ တွန်းပြီး တစ်ခြားမြို့ကြီးသူတွေလို စမတ်ကျကျ ဈေးဝယ်နေပုံက
လည်း ခေတ်နဲ့ အဆက်မပြတ်တဲ့လူမျိူးဖြစ်ပေမယ့် ကိုယ့်ရဲ့ ရိုးရာယဉ်ကျေးမှုကို အဆက်မပြတ်ထိန်းသိမ်းနိုင်ခဲ့တဲ့ ဆိုတာကို ဂုဏ်ယူနေကြောင်း ၎င်းရဲ့မျက်နှာမှာ အထင်သား ပေါ်နေပါတယ်။

ဓာတ်ပုံဆရာ Persson က ” အဲဒီအမျိုးသမီးဟာ ကျွန်တော့်ကို စိတ်လှုပ်ရှားအောင် လုပ်သွားတယ် … ဒီအချိန်မှာ ကျွန်
တော်ကလည်း သာမာန် ဈေးဝယ်တစ်ယောက်ပါ … ပထမတော့ ကျွန်တော် ဓာတ်ပုံရိုက်ယူတာကို အဲဒီအမျိုးသမီးက သတိမထားမိသေးပါဘူး … နောက်တော့ သိသွားတယ် … ဒီ Himba အမျိုးသမီးတွေဟာ ဘယ်သွားသွား … ဘယ်နေရာမှာပဲ နေနေ … ဘယ်လို ခေတ်မီတဲ့ မြို့တွေကို ရောက်ရောက် … ဒီအတိုင်း ဝတ်ဆင်ကြပါတယ် “လို့ ဆိုပါတယ်။

Himba အမျိုးသမီးဟာ ဖုန်းအလိမ်းလိမ်း ကပ်နေတဲ့ ခြေထောက်ဗလာနဲ့ ရှော့ပင်းစင်တာကြမ်းပြင်ပေါ်မှာ ဝံ့ဝံ့စားစား နင်း
ဖြတ်ပြီး ဈေးဝယ်နေတဲ့ပုံစံဟာ ခေတ်မီအသုံးအဆောင်တွေနဲ့ အံ့ဝင်ဂွင်ကျရှိလှတဲ့ မြင်ကွင်းမဟုတ်ပေမယ့် ပနာရနေတာ
တော့ အမှန်ပါဘဲ။

နမီးဘီးယားႏိုင္ငံ Opuwo ၿမိဳ႕ေပၚက ေဈးဝယ္စင္တာတစ္ခုမွာ လူ႐ိုင္းမ်ိဳးႏြယ္စုဝင္ အမ်ိဳးသမီးတစ္ေယာက္ဟာ ၎တို႔ရဲ႕ ႐ိုးရာဝတ္စုံ ဆိတ္သားေရကို ဝတ္ကာ၊ ရင္ဘတ္ေဟာင္းေလာင္းနဲ႔ ေရွာ့ပင္းထြက္လာခဲ့ပါတယ္။ အဲဒီအမ်ိဳးသမီးဟာ Himba မ်ိဳးႏြယ္စုဝင္ အမ်ိဳးသမီးတစ္ေယာက္ျဖစ္ၿပီး ေၾကနီေရာင္ ညိဳပုပ္ပုပ္ အသားအေရနဲ႔အတူ၊ သူမ်ားနဲ႔မတူတဲ့ ဒီဇိုင္း
ဖတ္ရွင္ေၾကာင့္ လူေတြၾကားမွာ မ်က္စိက်ျခင္း ခံခဲ့ရပါတယ္။

ဆြီဒင္လူမ်ိဳး Wildlife & Documentary ဓာတ္ပုံဆရာ Bjorn Persson ကလည္း ဒီျမင္ကြင္းကို အလြတ္မေပးပဲ သူ႔ကင္မရာနဲ႔ ရသေလာက္ မွတ္တမ္းတင္ခဲ့ပါတယ္။ အဲဒီ Himba အမ်ိဳးသမီးဟာ အသက္(20) အ႐ြယ္ခန႔္သာ ရွိေသးၿပီး သူမရဲ႕ ကေလးကိုလည္း ေက်ာမွာ ပိုးထားပါေသးတယ္။

ေဈးဝယ္စင္တာထဲမွာ တြန္းလွည္းကို စမတ္က်က် တြန္းၿပီး တစ္ျခားၿမိဳ႕ႀကီးသူေတြလို စမတ္က်က် ေဈးဝယ္ေနပုံက
လည္း ေခတ္နဲ႔ အဆက္မျပတ္တဲ့လူမ်ိဴးျဖစ္ေပမယ့္ ကိုယ့္ရဲ႕ ႐ိုးရာယဥ္ေက်းမႈကို အဆက္မျပတ္ထိန္းသိမ္းႏိုင္ခဲ့တဲ့ ဆိုတာကို ဂုဏ္ယူေနေၾကာင္း ၎ရဲ႕မ်က္ႏွာမွာ အထင္သား ေပၚေနပါတယ္။

ဓာတ္ပုံဆရာ Persson က ” အဲဒီအမ်ိဳးသမီးဟာ ကြၽန္ေတာ့္ကို စိတ္လႈပ္ရွားေအာင္ လုပ္သြားတယ္ … ဒီအခ်ိန္မွာ ကြၽန္
ေတာ္ကလည္း သာမာန္ ေဈးဝယ္တစ္ေယာက္ပါ … ပထမေတာ့ ကြၽန္ေတာ္ ဓာတ္ပုံ႐ိုက္ယူတာကို အဲဒီအမ်ိဳးသမီးက သတိမထားမိေသးပါဘူး … ေနာက္ေတာ့ သိသြားတယ္ … ဒီ Himba အမ်ိဳးသမီးေတြဟာ ဘယ္သြားသြား … ဘယ္ေနရာမွာပဲ ေနေန … ဘယ္လို ေခတ္မီတဲ့ ၿမိဳ႕ေတြကို ေရာက္ေရာက္ … ဒီအတိုင္း ဝတ္ဆင္ၾကပါတယ္ “လို႔ ဆိုပါတယ္။

Himba အမ်ိဳးသမီးဟာ ဖုန္းအလိမ္းလိမ္း ကပ္ေနတဲ့ ေျခေထာက္ဗလာနဲ႔ ေရွာ့ပင္းစင္တာၾကမ္းျပင္ေပၚမွာ ဝံ့ဝံ့စားစား နင္း
ျဖတ္ၿပီး ေဈးဝယ္ေနတဲ့ပုံစံဟာ ေခတ္မီအသုံးအေဆာင္ေတြနဲ႔ အံ့ဝင္ဂြင္က်ရွိလွတဲ့ ျမင္ကြင္းမဟုတ္ေပမယ့္ ပနာရေနတာ
ေတာ့ အမွန္ပါဘဲ။

Leave a Comment