Tue. Oct 26th, 2021

အသက် 65 နှစ် ကျော်လာရင် ပင်ပန်းလာပြီး အရွယ်ကျလာပါပြီး အမျိုးသမီးအများစုက မလုံခြုံသလို၊ အိုမင်းလာသလို၊ ဆွဲဆောင်မှု နည်းလာသလို ခံစားလာရပါတယ်။ ဒါပေမယ့် ပြဿနာတိုင်းမှာ အဖြေရှိပါတယ်။ စိတ်ဆောင်နေရင် သင့်အလှကို သင့်စိတ်ကြိုက်ပေါ်လွင်အောင် လုပ်လို့ရပါတယ်။

အသက် 82 နှစ်အရွယ် ဘွားဘွားကတော့ ရုပ်ရည်ကို လုံးဝပြောင်းလဲပစ်ဖို့ မမျှော်လင့်ခဲ့ပါဘူး။ ဒါပေမယ့် မိတ်ကပ်ပညာရှင် Gloria Pelo ရဲ့ အကူအညီနဲ့ 82 နှစ် အရွယ်ဘွားဘွားက ငယ်ရွယ်နုပျိုတဲ့ ဟောလိဝုဒ် မင်းသမီးတစ်ယောက်အသွင်လို ပြောင်းလဲသွားတာပါ။ ဣန္ဒြေရလှပတဲ့ မိတ်ကပ်နဲ့ တောက်ပတဲ့ အလင်းရောင်တွေက ဘွားဘွားကို ဝင်းလက်လှပသွားစေတာဟာ ကျေနပ်စရာကောင်းပါတယ်။

အံ့ဩစရာကောင်းလောက်တဲ့ ပြောင်းလဲမှုကို video မှာ ကြည့်လိုက်ကြရအောင်။ မိတ်ကပ်က အသက် 82 နှစ်အရွယ်ဘွားဘွားကို ငယ်ရွယ်နုပျိုသွားအောင် ပြောင်းလဲပေးနိုင်တယ်လို့ သင်ထင်ပါသလား။ အသက်အရွယ်ဆိုတာ ဘာမှမဟုတ်ပါဘူး။ ကိန်းဂဏန်းမျှပါပဲ ။ အသက်ကြီးလာတယ်ဆိုတာ စိတ်ဓာတ်ကျစရာ မဟုတ်ပါဘူး။

အသက် 76 နှစ်အရွယ် အမျိုးသမီးက ခင်ပွန်းသည်နဲ့ ကွဲပြီးနောက်မှာ စိတ်ခံစားမှုတွေကို ကုသရန်အတွက် ရုပ်ရည်ကို လုံးဝပြောင်းလဲပစ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အသက် 76 နှစ်အရွယ် Barbara က ရုပ်ရည်ကိုပြောင်းလဲသင့်ပြီ ဆိုတာ နားလည်သွားပါတယ်။ Barbara က အသက်ကြီးလာလို့ တစ်ချိန်လုံး ဝမ်းနည်းနေတာကို သူ့ခင်ပွန်းက မကြိုက်ပါဘူး။

ဘယ်အရာနဲ့မှ ကိုယ့်ကိုယ်ကိုယ် အဝမ်းနည်းမခံပါနဲ့။ ဘဝက တန်ဖိုးရှိပါတယ်။ အသက်အရွယ်ဆိုတာ စက္ကန့်နဲ့အမျှ ကြီးလာမှာပါပဲ။ အဲဒါကြောင့် ဘာကိစ္စပဲရှိရှိ ပျော်ပျော်ပဲနေပြီး ကိုယ့်ကိုယ့်ကိုယ် ချစ်လိုက်ကြပါစို့။

ရုပ်သံ

Zombie (Lovemedia)

Ref – mambee

For Zawgyi

မိတ္ကပ္ေၾကာင့္ မယုံႏိုင္ေလာက္ေအာင္ ငယ္႐ြယ္ႏုပ်ိဳသြားတဲ့ ဘြားဘြား

အသက္ 65 ႏွစ္ ေက်ာ္လာရင္ ပင္ပန္းလာၿပီး အ႐ြယ္က်လာပါၿပီး အမ်ိဳးသမီးအမ်ားစုက မလုံၿခဳံသလို၊ အိုမင္းလာသလို၊ ဆြဲေဆာင္မႈနည္းလာသလို ခံစားလာရပါတယ္။ ဒါေပမယ့္ ျပႆနာတိုင္းမွာ အေျဖရွိပါတယ္။ စိတ္ေဆာင္ေနရင္ သင့္အလွကို သင့္စိတ္ႀကိဳက္ေပၚလြင္ေအာင္ လုပ္လို႔ရပါတယ္။

အသက္ 82 ႏွစ္အ႐ြယ္ဘြားဘြားကေတာ့ ႐ုပ္ရည္ကို လုံးဝေျပာင္းလဲပစ္ဖို႔ မေမွ်ာ္လင့္ခဲ့ပါဘူး။ ဒါေပမယ့္ မိတ္ကပ္ပညာရွင္ Gloria Pelo ရဲ႕ အကူအညီနဲ႔ 82 ႏွစ္ အ႐ြယ္ဘြားဘြားက ငယ္႐ြယ္ႏုပ်ိဳတဲ့ ေဟာလိဝုဒ္ မင္းသမီးတစ္ေယာက္အသြင္လို ေျပာင္းလဲသြားတာပါ။ ဣေျႏၵရလွပတဲ့ မိတ္ကပ္နဲ႔ ေတာက္ပတဲ့ အလင္းေရာင္ေတြက ဘြားဘြားကို ဝင္းလက္လွပသြားေစတာဟာ ေက်နပ္စရာေကာင္းပါတယ္။

အံ့ဩစရာေကာင္းေလာက္တဲ့ ေျပာင္းလဲမႈကို video မွာ ၾကည့္လိုက္ၾကရေအာင္။ မိတ္ကပ္က အသက္ 82 ႏွစ္အ႐ြယ္ဘြားဘြားကို ငယ္႐ြယ္ႏုပ်ိဳသြားေအာင္ ေျပာင္းလဲေပးႏိုင္တယ္လို႔ သင္ထင္ပါသလား။ အသက္အ႐ြယ္ဆိုတာ ဘာမွမဟုတ္ပါဘူး။ ကိန္းဂဏန္းမွ်ပါပဲ ။ အသက္ႀကီးလာတယ္ဆိုတာ စိတ္ဓာတ္က်စရာ မဟုတ္ပါဘူး။

အသက္ 76 ႏွစ္အ႐ြယ္ အမ်ိဳးသမီးက ခင္ပြန္းသည္နဲ႔ ကြဲၿပီးေနာက္မွာ စိတ္ခံစားမႈေတြကို ကုသရန္အတြက္ ႐ုပ္ရည္ကို လုံးဝေျပာင္းလဲပစ္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ အသက္ 76 ႏွစ္အ႐ြယ္ Barbara က ႐ုပ္ရည္ကိုေျပာင္းလဲသင့္ၿပီ ဆိုတာ နားလည္သြားပါတယ္။ Barbara က အသက္ႀကီးလာလို႔ တစ္ခ်ိန္လုံး ဝမ္းနည္းေနတာကို သူ႔ခင္ပြန္းက မႀကိဳက္ပါဘူး။

ဘယ္အရာနဲ႔မွ ကိုယ့္ကိုယ္ကိုယ္ အဝမ္းနည္းမခံပါနဲ႔။ ဘဝက တန္ဖိုးရွိပါတယ္။ အသက္အ႐ြယ္ဆိုတာ စကၠန႔္နဲ႔အမွ် ႀကီးလာမွာပါပဲ။ အဲဒါေၾကာင့္ ဘာကိစၥပဲရွိရွိ ေပ်ာ္ေပ်ာ္ပဲေနၿပီး ကိုယ့္ကိုယ့္ကိုယ္ ခ်စ္လိုက္ၾကပါစို႔။

Zombie (Lovemedia)

Ref – mambee

Leave a Reply

Your email address will not be published. Required fields are marked *