Love

မစာနာချင်နေပါ ကျေးဇူးပြုပြီးတော့ လှောင်မရယ်ပါနဲ့

လူတစ်ယောက်ရဲ့ အားနည်းချက်ဟာ ရီစရာ ဟာသတစ်ခုမဟုတ်ဘူး ဒါကိုမှ ခဏခဏလှောင်ရယ်နေရင် အဲ့လူမှာ ကိုယ်ချင်းစာစိတ်မရှိတဲ့လူ အဖြစ်ပဲ သတ်မှတ်လို့ရပါတယ် ရီစရာမှ မဟုတ်ပဲလေ

အားနည်းချက်ဆိုတာ လိုချင်လို့ ရလာတာမျိုးမှ မဟုတ်တာ သဘာ၀အရ ဒါမှမဟုတ် မတော်တဆ အရ မလိုချင်ပဲ ရလာကြတာပါ လူတိုင်း Perfect ဖြစ်ချင်ကြတယ် လူတိုင်း မဖြစ်နိုင်ဘူးပါ အားနည်းချက်ဆိုတာ လူတိုင်းမှာ ရှိပြီးသားပဲလေတစ်ပါးသူရဲ့ အားနည်းကို လှောင်ရယ်လိုက်လို့ အရမ်းကို ပျော်ရွှင်သွားရလား သူကတော့ ပိုပြီးသိမ်ငယ်သွားရှာမှာ

တကယ်ဆို ကိုယ်ကတောင် အားမငယ်ဖို့ တဖြေးဖြေး ပြင်ယူဖို့ ​လမ်းပြပေးရမှာလေ ကူညီဖေးမပေးရမယ်လေ လူတစ်ယောက်ကို သေနတ်နဲ့ ပစ်မှ ဓားနဲ့ ခုတ်မှ အသေသတ်ပစ်လို့ရတာ မဟုတ်ပါဘူး စကားလေးတစ်ခွန်းကြောင့်လဲ ဘ၀တွေ သေတတ်ပါတယ် ကိုယ့်အတွက် ရယ်စရာတစ်ခုအနေနဲ့ ပြောကြဆိုကြပေမယ့် တစ်ဖက်မှာ သေချင်စိတ်ပေါက်သွားတဲ့အထိ စိတ်ဓာတ်တွေကျသွားတတ်တယ်

နဲနဲလေးပဲ ဖြစ်ဖြစ်ကိုယ်ချင်းစာပါ ငါသာ သူ့နေရာမှာဆိုရင် ဆိုတဲ့ အတွေးလေး မပြောခင် တွေးစေချင်တယ် လွန်ပြီးသွားမှ Sorry ဆိုလို့လဲ ဘာမှ ထူးမလာတော့ဘူး ရိုက်ပြီးသား သံတစ်ချောင်းလိုပါပဲ နှလုံးသားကို စကားလုံးတွေက စူးစိုက်ပြီး ၀င်သွားပြီလေ Sorry တစ်ခွန်းနဲ့ ပြန်နှုတ်လိုက်ရင်တောင် ဒဏ်ရာတွေ အမာရွှတ်တွေ အဖြစ် ကျန်နေတတ်ပါတယ်

ပြီးတော့ ၀ဋ်ဆိုတာ ပြန်ပြီးလည်တတ်ပါတယ် ဒီနေ့မှာ သူတစ်ပါးအားနည်းချက်ကို လှောင်ပြောင်လိုက်ရင်နောက်တစ်နေ့မှာ မင်းရဲ့အားနည်းချက်ကို လူတော်တော်များများက လှောင်ရယ်ကြလိမ့်မယ် ကြိုက်ပါ့မလား ကိုယ်က မကြိုက်ဘူးဆိုရင် တစ်ဖက်လူကိုလဲ မလုပ်နဲ့ အဲ့တာ ကိုယ်ချင်းစာတရားပဲ

အားနည်းချက်ဆိုတာ လှောင်ပြောင် ရယ်မောစရာမှ မဟုတ်ပဲဟာ လူတိုင်းမှာ သူ့အားသာချက်နဲ့ သူရှိသလို သူ့အားနည်းချက်နဲ့သူ ရှိနေတတ်ပါတယ် မစာနာချင်နေပါ ကျေးဇူးပြုပြီးတော့ လှောင်မရယ်ပါနဲ့ ။

 

 

မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ‌ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ

 

လူတစ္ေယာက္ရဲ႕ အားနည္းခ်က္ဟာ ရီစရာ ဟာသတစ္ခုမဟုတ္ဘူး ဒါကိုမွ ခဏခဏေလွာင္ရယ္ေနရင္ အဲ့လူမွာ ကိုယ္ခ်င္းစာစိတ္မရွိတဲ့လူ အျဖစ္ပဲ သတ္မွတ္လို႔ရပါတယ္ ရီစရာမွ မဟုတ္ပဲေလ

အားနည္းခ်က္ဆိုတာ လိုခ်င္လို႔ ရလာတာမ်ိဳးမွ မဟုတ္တာ သဘာ၀အရ ဒါမွမဟုတ္ မေတာ္တဆ အရ မလိုခ်င္ပဲ ရလာၾကတာပါ လူတိုင္း Perfect ျဖစ္ခ်င္ၾကတယ္ လူတိုင္း မျဖစ္ႏိုင္ဘူးပါ အားနည္းခ်က္ဆိုတာ လူတိုင္းမွာ ရွိၿပီးသားပဲေလတစ္ပါးသူရဲ႕ အားနည္းကို ေလွာင္ရယ္လိုက္လို႔ အရမ္းကို ေပ်ာ္႐ႊင္သြားရလား သူကေတာ့ ပိုၿပီးသိမ္ငယ္သြားရွာမွာ

တကယ္ဆို ကိုယ္ကေတာင္ အားမငယ္ဖို႔ တေျဖးေျဖး ျပင္ယူဖို႔ ​လမ္းျပေပးရမွာေလ ကူညီေဖးမေပးရမယ္ေလ လူတစ္ေယာက္ကို ေသနတ္နဲ႔ ပစ္မွ ဓားနဲ႔ ခုတ္မွ အေသသတ္ပစ္လို႔ရတာ မဟုတ္ပါဘူး စကားေလးတစ္ခြန္းေၾကာင့္လဲ ဘ၀ေတြ ေသတတ္ပါတယ္ ကိုယ့္အတြက္ ရယ္စရာတစ္ခုအေနနဲ႔ ေျပာၾကဆိုၾကေပမယ့္ တစ္ဖက္မွာ ေသခ်င္စိတ္ေပါက္သြားတဲ့အထိ စိတ္ဓာတ္ေတြက်သြားတတ္တယ္

နဲနဲေလးပဲ ျဖစ္ျဖစ္ကိုယ္ခ်င္းစာပါ ငါသာ သူ႔ေနရာမွာဆိုရင္ ဆိုတဲ့ အေတြးေလး မေျပာခင္ ေတြးေစခ်င္တယ္ လြန္ၿပီးသြားမွ Sorry ဆိုလို႔လဲ ဘာမွ ထူးမလာေတာ့ဘူး ႐ိုက္ၿပီးသား သံတစ္ေခ်ာင္းလိုပါပဲ ႏွလုံးသားကို စကားလုံးေတြက စူးစိုက္ၿပီး ၀င္သြားၿပီေလ Sorry တစ္ခြန္းနဲ႔ ျပန္ႏႈတ္လိုက္ရင္ေတာင္ ဒဏ္ရာေတြ အမာ႐ႊတ္ေတြ အျဖစ္ က်န္ေနတတ္ပါတယ္

ၿပီးေတာ့ ၀ဋ္ဆိုတာ ျပန္ၿပီးလည္တတ္ပါတယ္ ဒီေန႔မွာ သူတစ္ပါးအားနည္းခ်က္ကို ေလွာင္ေျပာင္လိုက္ရင္ေနာက္တစ္ေန႔မွာ မင္းရဲ႕အားနည္းခ်က္ကို လူေတာ္ေတာ္မ်ားမ်ားက ေလွာင္ရယ္ၾကလိမ့္မယ္ ႀကိဳက္ပါ့မလား ကိုယ္က မႀကိဳက္ဘူးဆိုရင္ တစ္ဖက္လူကိုလဲ မလုပ္နဲ႔ အဲ့တာ ကိုယ္ခ်င္းစာတရားပဲ

အားနည္းခ်က္ဆိုတာ ေလွာင္ေျပာင္ ရယ္ေမာစရာမွ မဟုတ္ပဲဟာ လူတိုင္းမွာ သူ႔အားသာခ်က္နဲ႔ သူရွိသလို သူ႔အားနည္းခ်က္နဲ႔သူ ရွိေနတတ္ပါတယ္ မစာနာခ်င္ေနပါ ေက်းဇူးျပဳၿပီးေတာ့ ေလွာင္မရယ္ပါနဲ႔ ။

 

Leave a Comment