Love

ချစ်ရဲ့နဲ့ ဝေးကြလေခြင်းဆိုတဲ့ ဇာတ်လမ်းတိုင်းမှာ သံသယတွေ ထားခဲ့ကြတာ များပါတယ်

ချစ်ရဲ့နဲ့ ဝေးကြလေခြင်းဆိုတဲ့ ဇာတ်လမ်းတိုင်းမှာ သံသယတွေ ထားခဲ့ကြတာ များပါတယ် ။

 

တစ်ယောက်နဲ့ တစ်ယောက် သေလောက်အောင်ချစ်ကြပေမယ့် တစ်ယောက်နဲ့ ယုံကြည်ရဲလောက်တဲ့ ပွင့်လင်းမှုတွေ မရှိခဲ့ကြဘူး ။ သူ့ကို ပြောပြရင်လဲ သူစိတ်ညစ်နေရုံပဲ ရှိမှာပေါ့ ဆိုတဲ့အတွေးတွေနဲ့ ကိုယ့် သောကတွေကို ထိန်ချန်ထားရာကနေ စတယ်လေ ။ ရင်ဘတ်ထဲအပူရှိနေတဲ့သူရဲ့ အပြုံးဟာ ဘယ်လောက်ပြုံးပြံံုံး ဘယ်လိုပဲ ပြုံးပြုံးအသက်၀င်မလာတတ်ဘူး ပိုဆိုးတာက ကိုယ့်ရဲ့အနှီးဆုံးမှာ ရှိနေတဲ့သူက ကိုယ့်ရဲ့ချစ်သူလေ ။

အဆင်မပြေမှန်းသိပေမယ့် ဘာအဆင်မပြေမှန်းမသိရတဲ့အဖြစ်က တော်တော်ကို ဆိုးပါတယ်။ အတွေးတွေလဲ အများကြီး ဖြစ်လာတတ်တယ် ။ ငါ့ကြောင့်လားဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှာတတ်တဲ့အတွေးမျိုး မချစ်တော့လို့လားဆိုတဲ့ အတွေးများ ငါ့ကို မပြောပြနိုင်လောက်အောင် ဘာများအဆင်မပြေဖြစ်တာလဲဆိုတဲ့အတွေးမျိုး အများကြီးရှိလာတတ်ပါတယ် ။ အဲ့ဒီအတွေးတွေနဲ့ တစ်ဖက်မှာ သေရသလို တစ်ဖက်ကလဲ ကိုယ့်မှ အဆင်မပြေတာ နားလည်မပေးလိုက်တာဆိုတဲ့ အတွေးတွေနဲ့ တစ်ဖက်မှာ သေရပါတယ် ။

တကယ်ဆို နှစ်ယောက်သား သိပ်ချစ်ကြရဲ့သားနဲ့ မပွင့်လင်းတဲ့ အရာကြောင့် နှစ်ဦး နှစ်ဖက်လုံးနာကျင်နေကြတာပါ ။ အစကတည်းကသာ ကိုယ့်သောကတွေကို ပြောပြခဲ့မယ်ဆိုရင် သူက အဲ့လိုအဆင်မပြေတာပဲ ဆိုတဲ့စိတ်နဲ့ နားလည်ပေးလို့ရသလို ကိုယ်အဆင်ပြေရင်ပြေသလို နှစ်သိမ့်ပေးလို့ရတယ် ။

တကယ်ချစ်ရင် ပွင့်လင်းကြပါ . . .အပိုပြောတာမဟုတ်ဘူး ။ ကိုယ့်အနာသူမသိ သူ့အနာကိုယ်မသိနဲ့ တစ်ဖက်နဲ့ တစ်ဖက် သံသယတွေပဲ တိုးလာတတ်ကြတာမျိုးလေ ။ ချစ်လားဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် သိပ်ချစ်ကြတယ် ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် မယုံကြည်ရဲတော့ဘူး ဒီလိုနဲ့တစ်ယောက်နဲ့တစ်ယောက် တဖြေးဖြေး ဝေးမှန်းမသိ ဝေးသွားကြရတာလေ ။

တကယ်ချစ်ရင် တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းပါ ။ ပြီးတော့ ရိုးသားပါ ။ သံသယတွေရှိရင် နှစ်ဦးသားမျက်နှာချင်းဆိုင်ပြီး ရှင်းပါ အကြာကြီး မွေးမထားနဲ့ သံသယတွေက ကြာကြာထားရင် ပိုပြီး ကြီးထွားတတ်လာတာမျိုး

လောကမှာ . . . ချစ်လျက်နဲ့ ဝေးရတဲ့အဖြစ်မျိုး ကျွန်မတို့နှစ်ယောက်နောက်ဆုံးဖြစ်ပါစေ ချစ်တဲ့သူတိုင်းလဲ ပေါင်းနိုင်ကြပါစေ ။

 

မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ‌ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ

 

ခ်စ္ရဲ႕နဲ႔ ေဝးၾကေလျခင္းဆိုတဲ့ ဇာတ္လမ္းတိုင္းမွာ သံသယေတြ ထားခဲ့ၾကတာ မ်ားပါတယ္ ။

တစ္ေယာက္နဲ႔ တစ္ေယာက္ ေသေလာက္ေအာင္ခ်စ္ၾကေပမယ့္ တစ္ေယာက္နဲ႔ ယုံၾကည္ရဲေလာက္တဲ့ ပြင့္လင္းမႈေတြ မရွိခဲ့ၾကဘူး ။ သူ႔ကို ေျပာျပရင္လဲ သူစိတ္ညစ္ေန႐ုံပဲ ရွိမွာေပါ့ ဆိုတဲ့အေတြးေတြနဲ႔ ကိုယ့္ ေသာကေတြကို ထိန္ခ်န္ထားရာကေန စတယ္ေလ ။ ရင္ဘတ္ထဲအပူရွိေနတဲ့သူရဲ႕ အၿပဳံးဟာ ဘယ္ေလာက္ၿပဳံးၿပံံုံး ဘယ္လိုပဲ ၿပဳံးၿပဳံးအသက္၀င္မလာတတ္ဘူး ပိုဆိုးတာက ကိုယ့္ရဲ႕အႏွီးဆုံးမွာ ရွိေနတဲ့သူက ကိုယ့္ရဲ႕ခ်စ္သူေလ ။

အဆင္မေျပမွန္းသိေပမယ့္ ဘာအဆင္မေျပမွန္းမသိရတဲ့အျဖစ္က ေတာ္ေတာ္ကို ဆိုးပါတယ္။ အေတြးေတြလဲ အမ်ားႀကီး ျဖစ္လာတတ္တယ္ ။ ငါ့ေၾကာင့္လားဆိုတဲ့ ကိုယ့္ကိုယ္ကိုယ္ အျပစ္ရွာတတ္တဲ့အေတြးမ်ိဳး မခ်စ္ေတာ့လို႔လားဆိုတဲ့ အေတြးမ်ား ငါ့ကို မေျပာျပႏိုင္ေလာက္ေအာင္ ဘာမ်ားအဆင္မေျပျဖစ္တာလဲဆိုတဲ့အေတြးမ်ိဳး အမ်ားႀကီးရွိလာတတ္ပါတယ္ ။ အဲ့ဒီအေတြးေတြနဲ႔ တစ္ဖက္မွာ ေသရသလို တစ္ဖက္ကလဲ ကိုယ့္မွ အဆင္မေျပတာ နားလည္မေပးလိုက္တာဆိုတဲ့ အေတြးေတြနဲ႔ တစ္ဖက္မွာ ေသရပါတယ္ ။

တကယ္ဆို ႏွစ္ေယာက္သား သိပ္ခ်စ္ၾကရဲ႕သားနဲ႔ မပြင့္လင္းတဲ့ အရာေၾကာင့္ ႏွစ္ဦး ႏွစ္ဖက္လုံးနာက်င္ေနၾကတာပါ ။ အစကတည္းကသာ ကိုယ့္ေသာကေတြကို ေျပာျပခဲ့မယ္ဆိုရင္ သူက အဲ့လိုအဆင္မေျပတာပဲ ဆိုတဲ့စိတ္နဲ႔ နားလည္ေပးလို႔ရသလို ကိုယ္အဆင္ေျပရင္ေျပသလို ႏွစ္သိမ့္ေပးလို႔ရတယ္ ။

တကယ္ခ်စ္ရင္ ပြင့္လင္းၾကပါ . . .အပိုေျပာတာမဟုတ္ဘူး ။ ကိုယ့္အနာသူမသိ သူ႔အနာကိုယ္မသိနဲ႔ တစ္ဖက္နဲ႔ တစ္ဖက္ သံသယေတြပဲ တိုးလာတတ္ၾကတာမ်ိဳးေလ ။ ခ်စ္လားဆိုေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ သိပ္ခ်စ္ၾကတယ္ ဒါေပမယ့္ တစ္ေယာက္နဲ႔တစ္ေယာက္ မယုံၾကည္ရဲေတာ့ဘူး ဒီလိုနဲ႔တစ္ေယာက္နဲ႔တစ္ေယာက္ တေျဖးေျဖး ေဝးမွန္းမသိ ေဝးသြားၾကရတာေလ ။

တကယ္ခ်စ္ရင္ တစ္ေယာက္နဲ႔တစ္ေယာက္ ပြင့္လင္းပါ ။ ၿပီးေတာ့ ႐ိုးသားပါ ။ သံသယေတြရွိရင္ ႏွစ္ဦးသားမ်က္ႏွာခ်င္းဆိုင္ၿပီး ရွင္းပါ အၾကာႀကီး ေမြးမထားနဲ႔ သံသယေတြက ၾကာၾကာထားရင္ ပိုၿပီး ႀကီးထြားတတ္လာတာမ်ိဳး

ေလာကမွာ . . . ခ်စ္လ်က္နဲ႔ ေဝးရတဲ့အျဖစ္မ်ိဳး ကြၽန္မတို႔ႏွစ္ေယာက္ေနာက္ဆုံးျဖစ္ပါေစ ခ်စ္တဲ့သူတိုင္းလဲ ေပါင္းႏိုင္ၾကပါေစ ။

 

Leave a Comment