Uncategorized










Rain (For Ialinks)

Unicode

အချစ်စစ်မှာ ရုပ်ရည်ပကာသနနှင့် မသက်ဆိုင်ကြောင်း သက်သေပြနေသော လူပုလေးတို့ဇနီးမောင်နှံ

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် နေထိုင်သော အသက် ၃၄နှစ်အရွယ် အမျိုးသားသည် မွေးရာပါ ချို့ယွင်းမှုကြောင့် အရပ်အမောင်းအားဖြင့် ၁မီတာသာရှိပြီး အလေးချိန် ၂၈ကီလိုဂရမ်သာ ရှိသည်။


အမျိုးသားသည် ကိုယ့်ဘဝကို အားနည်းချက်ရှိသော်လည်း ကြိုးစားအားထုတ်မှုကြောင့် ဖျော်ဖြေရေး ဆပ်ကပ်အဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့ပြီး အသက် ၁၉နှစ်အရွယ်မှာတင် ကိုယ်ပိုင် အစွမ်းအစနှင့်ဗီယက်နမ်ငွေ သန်း၁၀၀ကို ရှာဖွေစုဆောင်းနိုင်ပြီဖြစ်သည်။


အမျိုးသားသည် ရုပ်ရည်အသွင်အပြင် ချို့ယွင်းချက်ကြောင့် သူဧ။်ဘဝတစ်လျှောက်လုံးကို အဖော်မဲ့အထီးကျန်စွာ ဖြတ်သန်းသွားရတော့မည်ဟု မှတ်ယူထားခဲ့ရာ ကံကောင်းစွာဖြင့် သူ့ဘဝအခြေအနေကို လက်ခံနားလည်ပေးသူ ဇနီးချောလေးတစ်ယောက်နှင့် ဆုံတွေ့ခဲ့သည်။


ယခုအခါ လူပုအမျိုးသားလေးသည် ပတ်ဝန်းကျင်ဧ။် ကဲ့ရဲ့ဝေဖန်မှုတွေကြားက သုံးထပ်တိုက်အိမ်ကြီးကို ဆောက်လုပ်နိုင်ခဲ့ပြီး ချစ်စဖွယ် သားသမီး၂ယောက်နှင့်အတူ သာယာပျော်ရွှင်သော မိသားစု ကမ္ဘာလေးကို ဖြတ်သန်းလျက်ရှိသည်။

Rain (For Ialinks)

Leave a Comment