Knowladge

ထိုင်ပုံထိုင်နည်းကနေ သိနိုင်တဲ့ လူတွေရဲ့ အကျင့်စရိုက်

လူတွေဟာ သူတို့အတွက် သက်တောင့်သက်သာ အဖြစ်ဆုံး ပုံစံနဲ့ပဲ ထိုင်ကြပါတယ်။ အဲဒီလို ထိုင်ပုံထိုင်နည်းကနေ လူတွေရဲ့ အကျင့်စရိုက်ဆိုးကို သိနိုင်ပါတယ်။

၁။ ခါးမတ်မတ် ထိုင်သူ

သင့်ရဲ့အပြုအမှု၊ ဆုံးဖြတ်ချက်တွေကို ဘယ်တော့မှ ပြန်မပြင်တတ်သူ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိပြီး စိတ်ဓာတ်ပြင်းထန် သူလဲ ဖြစ်ပါတယ်။ သင်ဟာ လူတွေရဲ့ယုံကြည်မှုကို ရချင်သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သင်ဟာဆွေမျိူးတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ယုံကြည်စိတ် ချရသူလည်း ဖြစ်ပါတယ်။ သင့်ဘေးနားက လူတွေ ခက်ခဲနေချိန်မှာ အမြဲ ကူညီတတ်ပါတယ်။

၂။ နောက်ကို မှီထိုင်သူ

သင်ဟာ စိတ်ထိခိုက် လွယ်သူဖြစ်ပြီး ကိုယ်ချင်း စာတတ်သူဖြစ်ပါတယ်။ ဆုံးဖြတ်ချက်နဲ့ အပြုအမှုတွေကို ဂရုပြုတတ်ပြီး ခွဲခြမ်းစိတ်ဖြာ စဉ်းစားပါတယ်။ အလုပ်တစ်ခု မလုပ်ခင်မှာ ရေရှည်ကို ကြည့်ပြီး စဉ်းစားပါတယ်။ ကောင်းကျိုး ဆိုးကျိုးတွေကို ယှဉ်ပြီး စဉ်းစားတတ် ပါတယ်။

၃။ ရှေ့ဘက်သို့ ယိမ်းပြီး ထိုင်သူ

ဒီလိုပုံစံနဲ့ ထိုင်တတ်သူက ကိစ္စရပ် တော်တော် များများကို စိတ်ဝင်စားပြီး ပြဿနာတွေကို လွယ်လွယ်ကူကူ ဖြေရှင်းနိုင် ပါတယ်။ အရာရာကို စူးစမ်းတတ်ပြီး တခြားသူတွေကို ဖော်ဖော်ရွေရွေ ဆက်ဆံတတ်ပါတယ်။ လိုက်လျောညီထွေလဲ နေတတ်ပါတယ်။ တခြားသူတွေကို သင့်ဘက် ပါလာအောင်လည်း ပြောဆိုတတ် ပါတယ်။

၄။ ခြေထောက်စုပြီးထိုင်သူ

သင့်ကိုတွေ့တွေ့ချင်းမှာတော့ အေးတိ အေးစက်နိုင်သူလို့ ထင်ရမှာပါ။ ဒါပေမယ့် ကြာလာတဲ့ အခါမှာတော့ သင့်ရဲ့ကြင်နာတတ်မှု၊ ဖော်ရွေမှု၊ ရိုးသားမှုကို လူတွေမြင်တွေ့လာ ပါတယ်။ အလုပ်လုပ်ရာမှာလည်း ဖြောင့်မတ် ပါတယ်။ အရာရာကို အချိန် တိတိကျကျ လုပ်တတ်ပြီး အသေးစိတ် ဂရုစိုက်တတ်သူပါ။

၅။ ခြေထောက်ကို ယှက်ထိုင်သူ

သင်ဟာ ရည်မှန်းချက်ကြီးပြီး ခေါင်းဆောင်မှု စွမ်းရည် မြင့်မားသူဖြစ်ပါတယ်။ တစ်ခြားသူတွေကို ထိန်းချူပ် လိုသူလည်း ဖြစ်ပါတယ်။ သူငယ်ချင်းတွေ ကိုတော့ ပွင့်ပွင့် လင်းလင်း ပေါင်းသင်းတတ်ပေမယ့် ချစ်သူကိုတော့ အလွန် သဝန်တိုပါတယ်။

၆။ ခြေထောက်ချိတ်၍ထိုင်သူ

သင်ဟာ ရိုးရိုးကုပ်ကုပ် နေတတ်ပြီး သူစိမ်းတွေရှေ့မှာ ဆိုရင် ရှက်ကြောက် ပါတယ်။ သင့်ကို ယုံကြည်မှု အပြည့် ရှိသူလို့ ပြောဖို့ခက်ပါတယ်။ သင်ဟာ စိတ်ခံစားမှုတွေကို ဖုံးကွယ်ပြီး နေတတ် ပါတယ်။

၇။ လက်ပိုက်ပြီး ထိုင်သူ

သင်ဟာ စိတ်ဓာတ် ပြင်းထန်သူပါ။ နက်နက်နဲနဲ တွေးခေါ်တတ် ပါတယ်။ အတွေးတွေ နက်နဲလွန်းလို့ မျက်နှာမှာ တွေ့မြင်နိုင် ပါတယ်။ တခြားသူတွေနဲ့ စကားပြောရတာ ကိုလည်း သိပ်ပြီး မနှစ်သက်ပါဘူး။

၈။ ခြေထောက်ကြားထဲကို လက်ထည့်ထားပြီး ထိုင်သူ

သင်ဟာ နူးညံ့သိမ်မွေ့သူ၊ စိတ်ထိခိုက်လွယ်သူ၊ သဘောကောင်းသူဖြစ်ပါတယ်။ တခြားသူတွေရဲ့ ပြဿနာတွေ ကိုလည်း လျစ်လျူ မရှူပါဘူး။ ချက်ချင်း ကူညီပေးတတ်ပါတယ်။ သင်ဟာ ရှက်ကြောက်သူဖြစ်ပြီး စကားလုံးတွေ၊ ဆုံးဖြတ်ချက်တွေကို မကြာခဏ သံသယ ဝင်ပါတယ်။

၉။ ဒူးပေါ်လက်တင်ပြီး ထိုင်သူ

သင်ဟာခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိရှိ ပြုမှုပြောဆို တတ်ပါတယ်။ အာရုံစိုက်ပြီး အလုပ် လုပ်တတ်သူ ဖြစ်ပါတယ်။ မိမိ ဆုံးဖြတ်ချက် သာမက တခြားသူတွေရဲ့ ဆုံးဖြတ်ချက်တွေ ကိုပါ တုံ့ပြန်ဖို့ ဝန်မလေးသူပါ။ ပြဿနာတွေကို မကြောက်ရွံ့ဘဲ လျင်လျင် မြန်မြန်ဖြေရှင်းပါတယ်။

၁၀။ လက်ကို ယှက်ပြီး ထိုင်သူ

သင်ဟာ အလွန်ကို စိတ်လှုပ်ရှား လွယ်သူ၊ စိတ်မြန်သူ၊ ပွင့်လင်းသူ၊ ဖော်ရွေသူ ဖြစ်ပါတယ်။ အမြဲအကောင်းမြင် တတ်အောင်လည်း နေထိုင်တတ် ပါတယ်။ သင့်နဲ့ အလုပ်အတူတူ လုပ်ပြီ ဆိုရင် လုပ်ဖော်ကိုင်ဖက် တွေက စိတ်ကူးကောင်း၊ အကြံဉာဏ်ကောင်းတွေ သင့်ဆီက နေရပါတယ်။ သင်ကဘယ်တော့မှ တစ်ယောက်တည်း မနေဘဲ အများနဲ့ ညီညွတ်အောင် ပေါင်းသင်းဆက်ဆံတတ် ပါတယ်။

Zombie (Lovemedia)

Ref – Brightside

For Zawgyi

ထိုင္ပုံထိုင္နည္းကေန သိႏိုင္တဲ့ လူေတြရဲ႕ အက်င့္စ႐ိုက္

လူေတြဟာ သူတို႔အတြက္ သက္ေတာင့္သက္သာ အျဖစ္ဆုံး ပုံစံနဲ႔ပဲ ထိုင္ၾက ပါတယ္။ အဲဒီလို ထိုင္ပုံထိုင္နည္းကေန လူေတြရဲ႕ အက်င့္စ႐ိုက္ဆိုးကို သိႏိုင္ပါတယ္။

၁။ ခါးမတ္မတ္ ထိုင္သူ

သင့္ရဲ႕အျပဳအမႈ၊ ဆုံးျဖတ္ခ်က္ေတြကို ဘယ္ေတာ့မွ ျပန္မျပင္တတ္သူ၊ ကိုယ့္ကိုယ္ကို ယုံၾကည္မႈ ရွိၿပီး စိတ္ဓာတ္ျပင္းထန္ သူလဲ ျဖစ္ပါတယ္။ သင္ဟာ လူေတြရဲ႕ယုံၾကည္မႈကို ရခ်င္သူလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ သင္ဟာေဆြမ်ိဴးေတြနဲ႔ လုပ္ေဖာ္ကိုင္ဖက္ေတြရဲ႕ ယုံၾကည္စိတ္ ခ်ရသူလည္း ျဖစ္ပါတယ္။ သင့္ေဘးနားက လူေတြ ခက္ခဲေနခ်ိန္မွာ အၿမဲ ကူညီတတ္ပါတယ္။

၂။ ေနာက္ကို မွီထိုင္သူ

သင္ဟာ စိတ္ထိခိုက္ လြယ္သူျဖစ္ၿပီး ကိုယ္ခ်င္း စာတတ္သူျဖစ္ပါတယ္။ ဆုံးျဖတ္ခ်က္နဲ႔ အျပဳအမႈေတြကို ဂ႐ုျပဳတတ္ၿပီး ခြဲျခမ္းစိတ္ျဖာ စဥ္းစားပါတယ္။ အလုပ္တစ္ခု မလုပ္ခင္မွာ ေရရွည္ကို ၾကည့္ၿပီး စဥ္းစားပါတယ္။ ေကာင္းက်ိဳး ဆိုးက်ိဳးေတြကို ယွဥ္ၿပီး စဥ္းစားတတ္ ပါတယ္။

၃။ ေရွ႕ဘက္သို႔ ယိမ္းၿပီး ထိုင္သူ

ဒီလိုပုံစံနဲ႔ ထိုင္တတ္သူက ကိစၥရပ္ ေတာ္ေတာ္ မ်ားမ်ားကို စိတ္ဝင္စားၿပီး ျပႆနာေတြကို လြယ္လြယ္ကူကူ ေျဖရွင္းႏိုင္ ပါတယ္။ အရာရာကို စူးစမ္းတတ္ၿပီး တျခားသူေတြကို ေဖာ္ေဖာ္ေ႐ြေ႐ြ ဆက္ဆံတတ္ပါတယ္။ လိုက္ေလ်ာညီေထြလဲ ေနတတ္ပါတယ္။ တျခားသူေတြကို သင့္ဘက္ ပါလာေအာင္လည္း ေျပာဆိုတတ္ ပါတယ္။

၄။ ေျခေထာက္စုၿပီးထိုင္သူ

သင့္ကိုေတြ႕ေတြ႕ခ်င္းမွာေတာ့ ေအးတိ ေအးစက္ႏိုင္သူလို႔ ထင္ရမွာပါ။ ဒါေပမယ့္ ၾကာလာတဲ့ အခါမွာေတာ့ သင့္ရဲ႕ၾကင္နာတတ္မႈ၊ ေဖာ္ေ႐ြမႈ၊ ႐ိုးသားမႈကို လူေတြျမင္ေတြ႕လာ ပါတယ္။ အလုပ္လုပ္ရာမွာလည္း ေျဖာင့္မတ္ ပါတယ္။ အရာရာကို အခ်ိန္ တိတိက်က် လုပ္တတ္ၿပီး အေသးစိတ္ ဂ႐ုစိုက္တတ္သူပါ။

၅။ ေျခေထာက္ကို ယွက္ထိုင္သူ

သင္ဟာ ရည္မွန္းခ်က္ႀကီးၿပီး ေခါင္းေဆာင္မႈ စြမ္းရည္ ျမင့္မားသူျဖစ္ပါတယ္။ တစ္ျခားသူေတြကို ထိန္းခ်ဴပ္ လိုသူလည္း ျဖစ္ပါတယ္။ သူငယ္ခ်င္းေတြ ကိုေတာ့ ပြင့္ပြင့္ လင္းလင္း ေပါင္းသင္းတတ္ေပမယ့္ ခ်စ္သူကိုေတာ့ အလြန္ သဝန္တိုပါတယ္။

၆။ ေျခေထာက္ခ်ိတ္၍ထိုင္သူ

သင္ဟာ ႐ိုး႐ိုးကုပ္ကုပ္ ေနတတ္ၿပီး သူစိမ္းေတြေရွ႕မွာ ဆိုရင္ ရွက္ေၾကာက္ ပါတယ္။ သင့္ကို ယုံၾကည္မႈ အျပည့္ ရွိသူလို႔ ေျပာဖို႔ခက္ပါတယ္။ သင္ဟာ စိတ္ခံစားမႈေတြကို ဖုံးကြယ္ၿပီး ေနတတ္ ပါတယ္။

၇။ လက္ပိုက္ၿပီး ထိုင္သူ

သင္ဟာ စိတ္ဓာတ္ ျပင္းထန္သူပါ။ နက္နက္နဲနဲ ေတြးေခၚတတ္ ပါတယ္။ အေတြးေတြ နက္နဲလြန္းလို႔ မ်က္ႏွာမွာ ေတြ႕ျမင္ႏိုင္ ပါတယ္။ တျခားသူေတြနဲ႔ စကားေျပာရတာ ကိုလည္း သိပ္ၿပီး မႏွစ္သက္ပါဘူး။

၈။ ေျခေထာက္ၾကားထဲကို လက္ထည့္ထားၿပီး ထိုင္သူ

သင္ဟာ ႏူးညံ့သိမ္ေမြ႕သူ၊ စိတ္ထိခိုက္လြယ္သူ၊ သေဘာေကာင္းသူျဖစ္ပါတယ္။ တျခားသူေတြရဲ႕ ျပႆနာေတြ ကိုလည္း လ်စ္လ်ဴ မရႉပါဘူး။ ခ်က္ခ်င္း ကူညီေပးတတ္ပါတယ္။ သင္ဟာ ရွက္ေၾကာက္သူျဖစ္ၿပီး စကားလုံးေတြ၊ ဆုံးျဖတ္ခ်က္ေတြကို မၾကာခဏ သံသယ ဝင္ပါတယ္။

၉။ ဒူးေပၚလက္တင္ၿပီး ထိုင္သူ

သင္ဟာေခါင္းေဆာင္ေကာင္း တစ္ေယာက္ျဖစ္ၿပီး ကိုယ့္ကိုယ္ကို ယုံၾကည္မႈ ရွိရွိ ျပဳမႈေျပာဆို တတ္ပါတယ္။ အာ႐ုံစိုက္ၿပီး အလုပ္ လုပ္တတ္သူ ျဖစ္ပါတယ္။ မိမိ ဆုံးျဖတ္ခ်က္ သာမက တျခားသူေတြရဲ႕ ဆုံးျဖတ္ခ်က္ေတြ ကိုပါ တုံ႔ျပန္ဖို႔ ဝန္မေလးသူပါ။ ျပႆနာေတြကို မေၾကာက္႐ြံ႕ဘဲ လ်င္လ်င္ ျမန္ျမန္ေျဖရွင္းပါတယ္။

၁၀။ လက္ကို ယွက္ၿပီး ထိုင္သူ

သင္ဟာ အလြန္ကို စိတ္လႈပ္ရွား လြယ္သူ၊ စိတ္ျမန္သူ၊ ပြင့္လင္းသူ၊ ေဖာ္ေ႐ြသူ ျဖစ္ပါတယ္။ အၿမဲအေကာင္းျမင္ တတ္ေအာင္လည္း ေနထိုင္တတ္ ပါတယ္။ သင့္နဲ႔ အလုပ္အတူတူ လုပ္ၿပီ ဆိုရင္ လုပ္ေဖာ္ကိုင္ဖက္ ေတြက စိတ္ကူးေကာင္း၊ အႀကံဉာဏ္ေကာင္းေတြ သင့္ဆီက ေနရပါတယ္။ သင္ကဘယ္ေတာ့မွ တစ္ေယာက္တည္း မေနဘဲ အမ်ားနဲ႔ ညီၫြတ္ေအာင္ ေပါင္းသင္းဆက္ဆံတတ္ ပါတယ္။

Zombie (Lovemedia)

Ref – Brightside

Leave a Comment