Daily News

တိရိစ္ဆာန်များစွာရဲ့အသံများကို အတုခိုးကာ တစ်တေရာတည်းပြန်ပြုလုပ်ပြနိုင်ကြတဲ့ ထူးချွန်ထက်မြက်တဲ့ကောင်လေးများ

ဒီလူငယ်လေးတွေဟာ တိရိစ္ဆာန်များစွာရဲ့အသံများကိုတုပတဲ့နေရာမှာ အခြားသူများနှင့်မတူတဲ့ ထူးခြားလွန်းတဲ့အရည်အချင်းကို ပိုင်ဆိုင်ထားကြပါတယ်။ ၎င်းတို့ရဲ့ တိရိစ္ဆာန်အသံများတုပမှုများက တိကျသေချာလွန်းတာကြောင့် သင့်အား ထင်ယောင်ထင်မှားတောင်ဖြစ်သွားစေမှာသေချာပါတယ်။ ဒါ့အပြင် ဒီကလေးများဟာ တိရိစ္ဆာန်များရဲ့အသံများကို တုပကာ အတုခိုးလိုက်လုပ်တဲ့ ၎င်းတို့ရဲ့ထူးထူးဆန်းဆန်းစွမ်းရည်တွေကို ချပြဖို့လည်း မရှက်နေကြပါဘူး။ ၎င်းတို့ဟာ ကြက်သံ ၊ ကျီးကန်းသံ ၊ ကျွဲ ၊နွား ၊ ဝက် စတဲ့တိရိစ္ဆာန်များစွာရဲ့အသံအားလုံးကို ကျွမ်းကျင်ရှင်းလင်းစွာ တုပနိုင်ပါတယ်။ တိရိစ္ဆာန်များကဲ့သို့ တတေတရာတည်းအသံပြုနိုင်တာက လုံးဝကို အထင်ကြီးစရာပါဘဲ။ ကျွန်တော်တို့အများစုအနေနဲ့ ခွေး ၊နွားများနှင့်ကြောင်များကဲ့သို့သော ရိုးရှင်းတဲ့အသံများကိုသာ တုပပြုလုပ်နိုင်ပေမဲ့လည်း ဒီကလေးတွေကတော့ another level မှာ ရှိနေပါတယ်။


၎င်းတို့ရဲ့ဗီဒီယိုဖိုင်များက အင်တာနက်ပေါ်သို့ရောက်သွားတဲ့အခါ လူတိုင်းရဲ့အာရုံကို လျင်မြန်စွာဖမ်းယူနိုင်ခဲ့ပြီး ၎င်းတို့ရဲ့ဗီဒီယိုများက ဘာကြောင့်အင်တာနက်ရဲ့အာရုံစိုက်ခြင်းကိုခံနေရလဲဆိုတာကိုတော့ အံ့ဩတကြီးပြောပြနေစရာမလိုတော့ပါဘူး။ တိရိစ္ဆာန်များရဲ့အသံကို တုပကာ တစ်ပုံစံတည်းပြန်ပြုလုပ်ခြင်းက အလွန်ထူးဆန်းပေမဲ့လည်း ၎င်းက ထူးခြားလှပါတယ်။ လူများစွာက ဒီကလေးများကဲ့သို့ တိရိစ္ဆာန်များရဲ့အသံအနိမ့်အမြင့်အနေအထားကို ပြုလုပ်နိုင်မယ်လို့ မထင်ပါဘူး။ ဒါဟာ လူအယောက်စီတိုင်းမှာ မရှိနိုင်တဲ့ အရည်အချင်းတစ်မျိုးပါဘဲဗျာ။ ကျွန်တော်ကတော့ တိရိစ္ဆာန်အများကြီးမပြောနဲ့ ကြောင်ရဲ့အသံကို တတေရာတည်း ပြန်တုပပြောဆိုဖို့ကိုတောင် မနည်းကြိုးစားရတယ်ဗျ။


Mia (KB Chimmy One)


Reference : gtgoodtimes


Zawgyi





Mia (KB Chimmy One)

Leave a Comment