Love

၀ဋ်ဆိုတာ လည်တတ်ပါတယ်

၀ဋ်ဆိုတာ လည်တတ်ပါတယ် ။

ဒီနေ့ ဒီချိန်မှာ တစ်ယောက်ယောက်ကို နာကျင်အောင်လုပ်ခဲ့မိရင် တစ်နေ့နေ့တစ်ချိန်ချိန်ရောက်တဲ့အခါ ကိုယ့်ကို တစ်ယောက်က ပြန်ပြီး နာကျင်အောင် လုပ်လိမ့်မယ် ။ အဲ့ဒီအချိန် ၀ဋ်တွေ လည်နေပါတယ်လို့ ဘယ်သူကမှ သတိပေးစရာမလို ကိုယ်ကိုယ်တိုင် ၀ဋ်တွေ လည်နေမှန်း အလိုလို သိလာတတ်တယ် ။

တချို့ စကားလုံးကြောင့် နင့်နင့်နဲနဲ နာကျင်ရတဲ့အခါ … တစ်ချိန်က ကိုယ်ပြောခဲ့ဖူးတဲ့ စကားတွေကို ပြန်ပြီး အမှတ်ရတယ် ။ ကိုယ်သိပ်ချစ်တဲ့သူက ကိုယ့်ကို ပစ်ထားတဲ့အခါ ကိုယ့်ကို သိပ်ချစ်တဲ့သူကို အလေးမထားခဲ့ခြင်းတွေကို ပြန်ပြီး အမှတ်ရလာတယ် ။

၀ဋ်တဲ့ တစ်လုံးတည်းပဲ ကိုယ့်အလှည့်ပြန်ရောက်လာတဲ့အခါ ကိုယ်လုပ်ခဲ့တာတွေထက် နှစ်ဆ ပိုပြီး နာကျင်ရတတ်တယ် ။ ဘယ်တော့မှလဲ နောက်မကျတတ်ခဲ့သလို ဘယ်တုန်းကမှလဲ ပြန်ရမယ့်လမ်းတွေကို မမေ့ခဲ့ဘူး ။ ကိုယ် လုပ်ခဲ့ဖူးသလို ကိုယ့်ဆီ တည့်တည့်ပြန်လာတတ်တာပေါ့ ။

၀ဋ်တွေက မချိုမြိန်ဘူးဆိုတာထက် … ၀ဋ်လည်နေတဲ့အခါ … ဒါပြီး ဒါလာမယ်ထင်တယ်ဆိုတဲ့ အတွေးတွေနဲ့ စောင့်နေမိတဲ့ အဖြစ်တွေလဲ ရှိပါတယ် ။

 

မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ‌ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ

 

၀ဋ္ဆိုတာ လည္တတ္ပါတယ္ ။

ဒီေန႔ ဒီခ်ိန္မွာ တစ္ေယာက္ေယာက္ကို နာက်င္ေအာင္လုပ္ခဲ့မိရင္ တစ္ေန႔ေန႔တစ္ခ်ိန္ခ်ိန္ေရာက္တဲ့အခါ ကိုယ့္ကို တစ္ေယာက္က ျပန္ၿပီး နာက်င္ေအာင္ လုပ္လိမ့္မယ္ ။ အဲ့ဒီအခ်ိန္ ၀ဋ္ေတြ လည္ေနပါတယ္လို႔ ဘယ္သူကမွ သတိေပးစရာမလို ကိုယ္ကိုယ္တိုင္ ၀ဋ္ေတြ လည္ေနမွန္း အလိုလို သိလာတတ္တယ္ ။

တခ်ိဳ႕ စကားလုံးေၾကာင့္ နင့္နင့္နဲနဲ နာက်င္ရတဲ့အခါ … တစ္ခ်ိန္က ကိုယ္ေျပာခဲ့ဖူးတဲ့ စကားေတြကို ျပန္ၿပီး အမွတ္ရတယ္ ။ ကိုယ္သိပ္ခ်စ္တဲ့သူက ကိုယ့္ကို ပစ္ထားတဲ့အခါ ကိုယ့္ကို သိပ္ခ်စ္တဲ့သူကို အေလးမထားခဲ့ျခင္းေတြကို ျပန္ၿပီး အမွတ္ရလာတယ္ ။

၀ဋ္တဲ့ တစ္လုံးတည္းပဲ ကိုယ့္အလွည့္ျပန္ေရာက္လာတဲ့အခါ ကိုယ္လုပ္ခဲ့တာေတြထက္ ႏွစ္ဆ ပိုၿပီး နာက်င္ရတတ္တယ္ ။ ဘယ္ေတာ့မွလဲ ေနာက္မက်တတ္ခဲ့သလို ဘယ္တုန္းကမွလဲ ျပန္ရမယ့္လမ္းေတြကို မေမ့ခဲ့ဘူး ။ ကိုယ္ လုပ္ခဲ့ဖူးသလို ကိုယ့္ဆီ တည့္တည့္ျပန္လာတတ္တာေပါ့ ။

၀ဋ္ေတြက မခ်ိဳၿမိန္ဘူးဆိုတာထက္ … ၀ဋ္လည္ေနတဲ့အခါ … ဒါၿပီး ဒါလာမယ္ထင္တယ္ဆိုတဲ့ အေတြးေတြနဲ႔ ေစာင့္ေနမိတဲ့ အျဖစ္ေတြလဲ ရွိပါတယ္ ။

 

Leave a Comment