Daily News

ပထဝီဝင်နဲ့ ကမ္ဘာ့သမိုင်းမှာ အလွန်ထူချွန်းပြီး နိုင်ငံအသီးသီးရဲ့အကြောင်းကို အင်္ဂလိပ်ဘာသာဖြင့် မှတ်စုစာအုပ်ရေးလေ့ရှိတဲ့ ၂တန်းကလေး

ထိုင်းနိုင်ငံ၊ Loei ပြည်နယ်၊ Ban Erawan ကျောင်းမှ၂ တန်းကျောင်းသားလေးဟာ Nong Auto လို့ခေါ်ပြီး အသက် ၈ နှစ်သာရှိသေးတာပါ ။ Nong Auto က နိုင်ငံအသီးသီးရဲ့အကြောင်းကို အင်္ဂလိပ်ဘာသာဖြင့် မှတ်စုစာအုပ်ရေးခဲ့ပါတယ် ။ သူဟာ ၁ တန်းကတည်းက အင်္ဂလိပ်စာတတ်မြောက်ပြီး ယခုဆိုရင် သူက ကမ္ဘာတစ်ဝန်းရှိ နိုင်ငံတစ်ခုစီရဲ့မြို့တော်ကို အသေးစိတ်ပြောပြနိုင်ခဲ့ပါပြီ ။ Ayto က ပထဝီဝင်နဲ့ သမိုင်းကို စိတ်ဝင်စားစေတဲ့အချက်က သူရဲ့အမေဟာ သူငယ်စဉ်ကတည်းက ဆေးရောင်ခြယ်စာအုပ်များယူလာတဲ့ အချက်ကြောင့်ဖြစ်တာပါ ။


ထိုစာအုပ်ရဲ့ နောက်ဖုံးမှာ ကမ္ဘာ့မြေပုံတစ်ခုရှိပြီး နိုင်ငံတွေ၊ နံပါတ်တွေရှိနေတာကြောင့် မိခင်နဲ့အတူ နိုင်ငံနာမည်တွေကို ခန့်မှန်းခဲ့တယ်လို့ ကောင်လေးက ဆိုခဲ့ပါတယ် ။ သူက ပထမတန်းတုန်းက အမေရိကရဲ့ပြည်နယ်အသီးသီးက သီချင်းတွေကို နားထောင်ခဲ့ပြီး သူ့ကို အရင်ကထက် ပိုစိတ်ဝင်စားလာစေခဲ့တယ်လို့ ထပ်မံဆိုခဲ့ပါတယ် ။


ထို့အပြင် သူက အင်တာနက်မှ ဗဟုသုတနဲ့ သတင်းအချက်အလက်များကိုလည်း လေ့လာခဲ့တာပါ ။ Nong Auto က သူအကြိုက်ဆုံးဘာသာရပ်မှာ အင်္ဂလိပ်စာဖြစ်ကြောင်း ဖွင့်ဟထားပြီး သူ့ရဲ့အိပ်မက်ကတော့ သူဘွဲ့ရပြီးတဲ့အခါ တက္ကသိုလ်ဆရာတစ်ယောက်ဖြစ်ချင်တယ် လို့ သူ့ရဲ့အိမ်မက်ကို ပြောပြလာခဲ့ပါတယ် ။ Nong Auto ဟာ စမတ်ကျပြီး အလွန်ထက်မြက်တဲ့ ကလေးတစ်ယောက်ပါ ။


.


.


.


.


.


.


.


.


JRose (KB Chimmy One)

Reference : sanook

Zawgyi

ထိုင္းႏိုင္ငံ၊ Loei ျပည္နယ္၊ Ban Erawan ေက်ာင္းမွ၂ တန္းေက်ာင္းသားေလးဟာ Nong Auto လို႔ေခၚၿပီး အသက္ ၈ ႏွစ္သာရွိေသးတာပါ ။ Nong Auto က ႏိုင္ငံအသီးသီးရဲ႕အေၾကာင္းကို အဂၤလိပ္ဘာသာျဖင့္ မွတ္စုစာအုပ္ေရးခဲ့ပါတယ္ ။ သူဟာ ၁ တန္းကတည္းက အဂၤလိပ္စာတတ္ေျမာက္ၿပီး ယခုဆိုရင္ သူက ကမာၻတစ္ဝန္းရွိ ႏိုင္ငံတစ္ခုစီရဲ႕ၿမိဳ႕ေတာ္ကို အေသးစိတ္ေျပာျပႏိုင္ခဲ့ပါၿပီ ။ Ayto က ပထဝီဝင္နဲ႔ သမိုင္းကို စိတ္ဝင္စားေစတဲ့အခ်က္က သူရဲ႕အေမဟာ သူငယ္စဥ္ကတည္းက ေဆးေရာင္ျခယ္စာအုပ္မ်ားယူလာတဲ့ အခ်က္ေၾကာင့္ျဖစ္တာပါ ။


ထိုစာအုပ္ရဲ႕ ေနာက္ဖုံးမွာ ကမာၻ႔ေျမပုံတစ္ခုရွိၿပီး ႏိုင္ငံေတြ၊ နံပါတ္ေတြရွိေနတာေၾကာင့္ မိခင္နဲ႔အတူ ႏိုင္ငံနာမည္ေတြကို ခန႔္မွန္းခဲ့တယ္လို႔ ေကာင္ေလးက ဆိုခဲ့ပါတယ္ ။ သူက ပထမတန္းတုန္းက အေမရိကရဲ႕ျပည္နယ္အသီးသီးက သီခ်င္းေတြကို နားေထာင္ခဲ့ၿပီး သူ႔ကို အရင္ကထက္ ပိုစိတ္ဝင္စားလာေစခဲ့တယ္လို႔ ထပ္မံဆိုခဲ့ပါတယ္ ။


ထို႔အျပင္ သူက အင္တာနက္မွ ဗဟုသုတနဲ႔ သတင္းအခ်က္အလက္မ်ားကိုလည္း ေလ့လာခဲ့တာပါ ။ Nong Auto က သူအႀကိဳက္ဆုံးဘာသာရပ္မွာ အဂၤလိပ္စာျဖစ္ေၾကာင္း ဖြင့္ဟထားၿပီး သူ႔ရဲ႕အိပ္မက္ကေတာ့ သူဘြဲ႕ရၿပီးတဲ့အခါ တကၠသိုလ္ဆရာတစ္ေယာက္ျဖစ္ခ်င္တယ္ လို႔ သူ႔ရဲ႕အိမ္မက္ကို ေျပာျပလာခဲ့ပါတယ္ ။ Nong Auto ဟာ စမတ္က်ၿပီး အလြန္ထက္ျမက္တဲ့ ကေလးတစ္ေယာက္ပါ ။

JRose (KB Chimmy One)

Leave a Comment