Daily News

ဆရာဖြစ်သူရဲ့ခန္တာကိုယ်က တက်တူးနဲ့ ပြည့်နေခဲ့တာကြောင့် ကလေးတွေကို ထိုဆရာနဲ့အတူ စာသင်ကြားခွင့် မပေးခဲ့တဲ့ ကျောင်းသားမိဘများ

အသက် ၃၅ နှစ်အရွယ် Sylvian Helen (Sylvain Helaine) အမည်ရှိ အမျိုးသားတစ်ဦးဟာ ပြင်သစ်လူမျိုးဖြစ်ပြီး သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ တက်တူးများနဲ့ ပြည့်နက်နေခဲ့ပါတယ် ။ တက်တူးတွေက ဒီလူရဲ့ခန္ဓာကိုယ်ပေါ်မှာ နေရာလွတ် မရှိလောက်အောင်ပါဘဲ ။ Sylvian Helen က ပါရီမြို့၊ Palaiseau ဆင်ခြေဖုံးရှိ Docteur Morere မူလတန်းကျောင်းမှ ဆရာတစ်ဦးဖြစ်ပါတယ် ။ ဒါပေမယ့် ဆရာတစ်ယောက်အနေနဲ့ သူ့ဘဝကသိပ်ကောင်းပုံမရပါဘူး ။ ဘာကြောင့်လဲဆိုတော့ ဒီလူဟာ သူ့ရဲ့မတူညီတဲ့အသွင်အပြင်နဲ့ ပတ်သက်ပြီး ကျောင်းသားမိဘတွေကို စောဒကတက်စေခဲ့ပါတယ် ။ ကျောင်းသားမိဘတွေက သူတို့ရဲ့သားသမီးလေးတွေကို စာမသင်ပေးရန် တောင်းဆိုလာခဲ့ပါတယ် ။


ဒါပေမယ့် သူက အသက် ၆ နှစ်ကလေးအရွယ်တွေနဲ့ အထက် မူလတန်းကျောင်းမှာ သင်ပေးလိုက်ခြင်းအားဖြင့် မူလတန်းကျောင်းသားတွေက သူတို့ရဲ့ဆရာလို တက်တူးတွေနဲ့မတူဘဲ လိမ္မာယဥ်ကျေးတယ်လို့ ဆရာ Sylvian Helen က ပြောဆိုခဲ့ပါတယ် ။ ထို့အပြင် သူက ကွဲပြားခြားနားတဲ့ ကိုယ်ရည်ကိုယ်သွေးရှိပြီး ၎င်းက ကလေးများကို သင်ကြားပေးနိုင်ခဲ့တာကြောင့် ဆရာဖြစ်သူက လူ့အဖွဲ့အစည်းအတွင်းမှ လူများရဲ့ ကွဲပြားခြားနားမှုများကို ကျွန်ုပ်တို့အသိအမှတ်ပြုသင့်တယ်လို့လည်း ဆိုခဲ့ပါတယ် ။ လူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာကို ကြည့်ပြီး မဆုံးဖြတ်သင့်ဘူးလို့လည်း သူက ထပ်မံပြောဆိုခဲ့ပါတယ် ။ ဒါကြောင့် လူတွေက တစ်ယောက်နဲ့တစ်ယောက်က မတူညီတာမို့ အပြင်ရုပ်ပိုင်းကို ကြည့်ရုံနဲ့ အဲဒီလူက လူဆိုးတစ်ယောက်လို့ မင်းမဆိုသင့်ပါဘူး ။


.


.


.


.


.


.


.


.


.


JRose (KBdailynews)

Reference : sanook

Zawgyi

အသက္ ၃၅ ႏွစ္အ႐ြယ္ Sylvian Helen (Sylvain Helaine) အမည္ရွိ အမ်ိဳးသားတစ္ဦးဟာ ျပင္သစ္လူမ်ိဳးျဖစ္ၿပီး သူ႔ရဲ႕ ခႏၶာကိုယ္တစ္ခုလုံးမွာ တက္တူးမ်ားနဲ႔ ျပည့္နက္ေနခဲ့ပါတယ္ ။ တက္တူးေတြက ဒီလူရဲ႕ခႏၶာကိုယ္ေပၚမွာ ေနရာလြတ္ မရွိေလာက္ေအာင္ပါဘဲ ။ Sylvian Helen က ပါရီၿမိဳ႕၊ Palaiseau ဆင္ေျခဖုံးရွိ Docteur Morere မူလတန္းေက်ာင္းမွ ဆရာတစ္ဦးျဖစ္ပါတယ္ ။ ဒါေပမယ့္ ဆရာတစ္ေယာက္အေနနဲ႔ သူ႔ဘဝကသိပ္ေကာင္းပုံမရပါဘူး ။ ဘာေၾကာင့္လဲဆိုေတာ့ ဒီလူဟာ သူ႔ရဲ႕မတူညီတဲ့အသြင္အျပင္နဲ႔ ပတ္သက္ၿပီး ေက်ာင္းသားမိဘေတြကို ေစာဒကတက္ေစခဲ့ပါတယ္ ။ ေက်ာင္းသားမိဘေတြက သူတို႔ရဲ႕သားသမီးေလးေတြကို စာမသင္ေပးရန္ ေတာင္းဆိုလာခဲ့ပါတယ္ ။


ဒါေပမယ့္ သူက အသက္ ၆ ႏွစ္ကေလးအ႐ြယ္ေတြနဲ႔ အထက္ မူလတန္းေက်ာင္းမွာ သင္ေပးလိုက္ျခင္းအားျဖင့္ မူလတန္းေက်ာင္းသားေတြက သူတို႔ရဲ႕ဆရာလို တက္တူးေတြနဲ႔မတူဘဲ လိမၼာယဥ္ေက်းတယ္လို႔ ဆရာ Sylvian Helen က ေျပာဆိုခဲ့ပါတယ္ ။ ထို႔အျပင္ သူက ကြဲျပားျခားနားတဲ့ ကိုယ္ရည္ကိုယ္ေသြးရွိၿပီး ၎က ကေလးမ်ားကို သင္ၾကားေပးႏိုင္ခဲ့တာေၾကာင့္ ဆရာျဖစ္သူက လူ႔အဖြဲ႕အစည္းအတြင္းမွ လူမ်ားရဲ႕ ကြဲျပားျခားနားမႈမ်ားကို ကြၽႏ္ုပ္တို႔အသိအမွတ္ျပဳသင့္တယ္လို႔လည္း ဆိုခဲ့ပါတယ္ ။ လူေတြရဲ႕ ႐ုပ္ပိုင္းဆိုင္ရာကို ၾကည့္ၿပီး မဆုံးျဖတ္သင့္ဘူးလို႔လည္း သူက ထပ္မံေျပာဆိုခဲ့ပါတယ္ ။ ဒါေၾကာင့္ လူေတြက တစ္ေယာက္နဲ႔တစ္ေယာက္က မတူညီတာမို႔ အျပင္႐ုပ္ပိုင္းကို ၾကည့္႐ုံနဲ႔ အဲဒီလူက လူဆိုးတစ္ေယာက္လို႔ မင္းမဆိုသင့္ပါဘူး ။

JRose (KBdailynews)

Leave a Comment