Wed. Oct 27th, 2021

ပြီးခဲ့တဲ့နှစ်နဲ့ အခု ၂၀၂၁ ခုနှစ်မှာ တစ်ကမ္ဘာလုံး COVID-19 ကပ်ဆိုက်နေကြပေမယ့်လည်း တချို့လူတွေရဲ့ ချမ်းသာမှုကိုတော့ ရပ်တန့်လို့ မရဘူးလို့ ပြောရမှာပါ။ ကမ္ဘာပေါ်က အချမ်းတကာ့အချမ်းသာဆုံးဆိုတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဓနဥစ္စာဟာ ကပ်ဘေးအတွင်းမှာ ပိုလို့တောင် များပြားလာတာ တွေ့ရပါတယ်။ Forbes မဂ္ဂဇင်းရဲ့ နှစ်စဉ် ဘီလျံနာစာရင်းမှာတော့ ကမ္ဘာ့အချမ်းသာဆုံးလူတွေရဲ့ နေရာနဲ့ ချမ်းသာမှုပါ အပြောင်းအလဲဖြစ်နေတာကို ဖော်ပြထားပါတယ်။

ထူးဆန်းတဲ့အချက်တစ်ခုက ၂၀၂၀ ခုနှစ်မှာ ကြုံခဲ့တဲ့ လူမှုစီးပွားရေးစိန်ခေါ်မှုတွေအကြား ဘီလျံနာဦးရေဟာ ပြီးခဲ့တဲ့နှစ်က ၆၆၀ ဦး ရှိရာကနေ ၂၇၅၅ ဦးအထိ တိုးလာခဲ့သလို ဒီဘီလျံနာတွေရဲ့ ပိုင်ဆိုင်မှုဟာလည်း ဒေါ်လာ ၈ ထရီလီယံကနေ ဒေါ်လာ ၁၃.၁ ထရီလီယံအထိ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ ဘီလျံနာအားလုံးရဲ့ ၈၆% ဟာ အရင်နှစ်ကထက် ပိုချမ်းသာလာတယ်လို့လည်း Forbes က ဖော်ပြထားလို့ ချမ်းသာတဲ့သူတွေဟာ ခေတ်ပျက်ကြီးအတွင်းမှာလည်း ပိုက်ဆံရှာတတ်တယ်လို့ မှတ်ချက်ချရမှာ ဖြစ်ပါတယ်။

ကဲ ဒီနှစ်အတွက် Forbes ရဲ့ ကမ္ဘာ့အချမ်းသာဆုံးဘီလျံနာတွေက ဘယ်သူတွေ ဖြစ်မလဲ ကြည့်ရအောင်ပါ။

(၁) ဘားနဒ်အားနော့တ်

ပြင်သစ်တန်ဖိုးကြီးဇိမ်ခံဖက်ရှင်သူဌေးကြီး ဘားနဒ်အားနော့ကို နာမည်ကျော် Louis Vuitton ကုမ္ပဏီသူဌေးအဖြစ်လည်း လူသိများပါတယ်။ တကယ်တော့ သူဟာ LV အပြင် Bulgari ၊ TAG Heuer ၊ Hennessy ၊ Sephora နဲ့ Christian Dior စတဲ့ Luxury စီးပွားရေးလုပ်ငန်းတွေလည်း ပိုင်ဆိုင်ထားပါတယ်။ ဒီလုပ်ငန်းတွေဟာ နှစ်အလိုက် စတော့ရှယ်ယာဈေး ၃၀% တိုးလာတယ်လို့ ဆိုပါတယ်။

အသက် ၇၂ နှစ် ရှိပြီဖြစ်တဲ့ ဘားနဒ်အားနော့တ်ရဲ့ LVMH လုပ်ငန်းကြီးဟာ ရှယ်ယာဈေး ထိုးတက်လာမှုကြောင့် လုပ်ငန်းတန်ဖိုး ဒေါ်လာ ၄၁၇ ဘီလျံအထိ ရှိလာခဲ့သလို ရှယ်ယာရဲ့ ၄၇% ပိုင်ဆိုင်တဲ့သူဟာလည်း ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာပါတယ်။ သူ့ရဲ့ အသားတင်ချမ်းသာမှုဟာ ဒေါ်လာ ၁၉၆ ဘီလျံ ရှိပါတယ်။

(၂) ဂျက်ဖ်ဘီဇော့စ်

Amazon သူဌေး ဂျက်ဖ်ဘီဇော့စ်ကို ကမ္ဘာ့အချမ်းသာဆုံးအဖြစ် ပြီးခဲ့တဲ့နှစ်တွေက သတ်မှတ်လာခဲ့ရာကနေ ဒီနှစ်မှာတော့ သူ့သရဖူကို ပြင်သစ်သူဌေးကြီး ဘားနဒ်အားနော့တ်ကို လွှဲအပ်လိုက်ရပြီ ဖြစ်ပါတယ်။ Amazon ရှယ်ယာတွေ ၇% ထိုးကျသွားတာကြောင့်လည်း ဘီဇော့စ်ဟာ ၂၄ နာရီအတွင်း ဒေါ်လာ ၁၄ ဘီလျံ အရှုံးပေါ်ခဲ့တာကို ထည့်တွက်လိုက်ရင် မဆန်းဘူးလို့ ဆိုရမှာပါ။

အသက် ၅၇ နှစ်အရွယ် သူဌေးကြီးဟာ Amazon အပြင် အာကာသခရီးသွားလာရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Blue Origin ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ လက်ရှိ သူ့ပိုင်ိုင်မှုဟာ ဒေါ်လာ ၁၈၆ ဘီလျံဖြစ်ပြီး ဒါဟာ ပြီးခဲ့တဲ့နှစ်ကထက် စာရင် ဒေါ်လာ ၇၃ ဘီလျံအထိ မြင့်တက်လာတာလည်း ဖြစ်ပါတယ်။

(၃) အီလွန်မတ်စ်

Tesla နဲ့ SpaceX အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်ဟာ ၂၀၂၀ ပြည့်နှစ်အတွင်း ဒေါ်လာ ၁၃၀ ဘီလျံကျော်အထိ ရှာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အခုနှစ်မှာ ကမ္ဘာ့တတိယအချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ဒေါ်လာ ၁၆၃.၈ ဘီလျံအထိ ကြွယ်ဝလာခဲ့ပါတယ်။ Tesla ရှယ်ယာတွေ ၇၀၅% ထိုးမတက်ခင်က သူဟာ ဒေါ်လာ ၂၄.၆ ဘီလျံနဲ့ ကမ္ဘာ့ ၃၁ ဦးမြောက်အချမ်းသာဆုံးဖြစ်ခဲ့တာပါ။

(၄) ဘီလ်ဂိတ်စ်

 

ကမ္ဘာ့အချမ်းသာဆုံးရာထူးကို နှစ်ပေါင်းများစွာ ရပ်တည်နိုင်ခဲ့တဲ့ Microsoft သူဌေးကြီး ဘီလ်ဂိတ်စ်ဟာ လောလောဆယ် ကမ္ဘာ့နံပါတ် ၄ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် Forbes က ဖော်ပြထားပါတယ်။ လက်ရှိအချိန် သူ့ရဲ့ ချမ်းသာမှုဟာ ဒေါ်လာ ၁၂၄ ဘီလျံရှိပါတယ်။

(၅) မတ်ခ်ဇူကာဘတ်ခ်

mark-zuckerberg

 

Forbes ရဲ့ ဘီလျံနာအညွှန်းကိန်းနဲ့ အဲ့ဒီဘီလျံနာတွေရဲ့ ချမ်းသာမှုအချက်အလက်ဟာ ခဏခဏပြောင်းပါတယ်။ ဒါကလည်း ကုမ္ပဏီသူဌေးတွေရဲ့ ရှယ်ယာဈေးအတက်အကျပေါ် လိုက်ပြီး ခန့်မှန်းတွက်ချက်ထားလို့ ဖြစ်ပါတယ်။ ဒီစာကို ရေးတဲ့အချိန်မှာ Forbes က Facebook တည်ထောင်သူ မတ်ခ်ဇူကာဘတ်ခ်ရဲ့ ပိုင်ဆိုင်မှုကို အသားတင် ဒေါလာ ၉၇ ဘီလျံလို့ တွက်ချက်ထားပါတယ်။ အခုအချိန်မှာ ဒေါ်လာ ၁၃၀ ဘီလျံကျော် ရှိနေပါပြီ။

 

Zawgyi

ၿပီးခဲ့တဲ့ႏွစ္နဲ႔ အခု ၂၀၂၁ ခုႏွစ္မွာ တစ္ကမာၻလုံး COVID-19 ကပ္ဆိုက္ေနၾကေပမယ့္လည္း တခ်ိဳ႕လူေတြရဲ႕ ခ်မ္းသာမႈကိုေတာ့ ရပ္တန႔္လို႔ မရဘူးလို႔ ေျပာရမွာပါ။ ကမာၻေပၚက အခ်မ္းတကာ့အခ်မ္းသာဆုံးဆိုတဲ့ ပုဂၢိဳလ္ေတြရဲ႕ ဓနဥစၥာဟာ ကပ္ေဘးအတြင္းမွာ ပိုလို႔ေတာင္ မ်ားျပားလာတာ ေတြ႕ရပါတယ္။ Forbes မဂၢဇင္းရဲ႕ ႏွစ္စဥ္ ဘီလ်ံနာစာရင္းမွာေတာ့ ကမာၻ႔အခ်မ္းသာဆုံးလူေတြရဲ႕ ေနရာနဲ႔ ခ်မ္းသာမႈပါ အေျပာင္းအလဲျဖစ္ေနတာကို ေဖာ္ျပထားပါတယ္။

ထူးဆန္းတဲ့အခ်က္တစ္ခုက ၂၀၂၀ ခုႏွစ္မွာ ႀကဳံခဲ့တဲ့ လူမႈစီးပြားေရးစိန္ေခၚမႈေတြအၾကား ဘီလ်ံနာဦးေရဟာ ၿပီးခဲ့တဲ့ႏွစ္က ၆၆၀ ဦး ရွိရာကေန ၂၇၅၅ ဦးအထိ တိုးလာခဲ့သလို ဒီဘီလ်ံနာေတြရဲ႕ ပိုင္ဆိုင္မႈဟာလည္း ေဒၚလာ ၈ ထရီလီယံကေန ေဒၚလာ ၁၃.၁ ထရီလီယံအထိ ျမင့္တက္လာခဲ့တယ္လို႔ ဆိုပါတယ္။ ဘီလ်ံနာအားလုံးရဲ႕ ၈၆% ဟာ အရင္ႏွစ္ကထက္ ပိုခ်မ္းသာလာတယ္လို႔လည္း Forbes က ေဖာ္ျပထားလို႔ ခ်မ္းသာတဲ့သူေတြဟာ ေခတ္ပ်က္ႀကီးအတြင္းမွာလည္း ပိုက္ဆံရွာတတ္တယ္လို႔ မွတ္ခ်က္ခ်ရမွာ ျဖစ္ပါတယ္။

ကဲ ဒီႏွစ္အတြက္ Forbes ရဲ႕ ကမာၻ႔အခ်မ္းသာဆုံးဘီလ်ံနာေတြက ဘယ္သူေတြ ျဖစ္မလဲ ၾကည့္ရေအာင္ပါ။

(၁) ဘားနဒ္အားေနာ့တ္

 

\

ျပင္သစ္တန္ဖိုးႀကီးဇိမ္ခံဖက္ရွင္သူေဌးႀကီး ဘားနဒ္အားေနာ့ကို နာမည္ေက်ာ္ Louis Vuitton ကုမၸဏီသူေဌးအျဖစ္လည္း လူသိမ်ားပါတယ္။ တကယ္ေတာ့ သူဟာ LV အျပင္ Bulgari ၊ TAG Heuer ၊ Hennessy ၊ Sephora နဲ႔ Christian Dior စတဲ့ Luxury စီးပြားေရးလုပ္ငန္းေတြလည္း ပိုင္ဆိုင္ထားပါတယ္။ ဒီလုပ္ငန္းေတြဟာ ႏွစ္အလိုက္ စေတာ့ရွယ္ယာေဈး ၃၀% တိုးလာတယ္လို႔ ဆိုပါတယ္။

အသက္ ၇၂ ႏွစ္ ရွိၿပီျဖစ္တဲ့ ဘားနဒ္အားေနာ့တ္ရဲ႕ LVMH လုပ္ငန္းႀကီးဟာ ရွယ္ယာေဈး ထိုးတက္လာမႈေၾကာင့္ လုပ္ငန္းတန္ဖိုး ေဒၚလာ ၄၁၇ ဘီလ်ံအထိ ရွိလာခဲ့သလို ရွယ္ယာရဲ႕ ၄၇% ပိုင္ဆိုင္တဲ့သူဟာလည္း ကမာၻ႔အခ်မ္းသာဆုံးပုဂၢိဳလ္ျဖစ္လာပါတယ္။ သူ႔ရဲ႕ အသားတင္ခ်မ္းသာမႈဟာ ေဒၚလာ ၁၉၆ ဘီလ်ံ ရွိပါတယ္။

(၂) ဂ်က္ဖ္ဘီေဇာ့စ္

 

Amazon သူေဌး ဂ်က္ဖ္ဘီေဇာ့စ္ကို ကမာၻ႔အခ်မ္းသာဆုံးအျဖစ္ ၿပီးခဲ့တဲ့ႏွစ္ေတြက သတ္မွတ္လာခဲ့ရာကေန ဒီႏွစ္မွာေတာ့ သူ႔သရဖူကို ျပင္သစ္သူေဌးႀကီး ဘားနဒ္အားေနာ့တ္ကို လႊဲအပ္လိုက္ရၿပီ ျဖစ္ပါတယ္။ Amazon ရွယ္ယာေတြ ၇% ထိုးက်သြားတာေၾကာင့္လည္း ဘီေဇာ့စ္ဟာ ၂၄ နာရီအတြင္း ေဒၚလာ ၁၄ ဘီလ်ံ အရႈံးေပၚခဲ့တာကို ထည့္တြက္လိုက္ရင္ မဆန္းဘူးလို႔ ဆိုရမွာပါ။

အသက္ ၅၇ ႏွစ္အ႐ြယ္ သူေဌးႀကီးဟာ Amazon အျပင္ အာကာသခရီးသြားလာေရးလုပ္ငန္းတစ္ခုျဖစ္တဲ့ Blue Origin ကိုလည္း ပိုင္ဆိုင္ထားပါတယ္။ လက္ရွိ သူ႔ပိုင္ိုင္မႈဟာ ေဒၚလာ ၁၈၆ ဘီလ်ံျဖစ္ၿပီး ဒါဟာ ၿပီးခဲ့တဲ့ႏွစ္ကထက္ စာရင္ ေဒၚလာ ၇၃ ဘီလ်ံအထိ ျမင့္တက္လာတာလည္း ျဖစ္ပါတယ္။

(၃) အီလြန္မတ္စ္

 

Tesla နဲ႔ SpaceX အမႈေဆာင္အရာရွိခ်ဳပ္ အီလြန္မတ္စ္ဟာ ၂၀၂၀ ျပည့္ႏွစ္အတြင္း ေဒၚလာ ၁၃၀ ဘီလ်ံေက်ာ္အထိ ရွာႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။ အခုႏွစ္မွာ ကမာၻ႔တတိယအခ်မ္းသာဆုံးပုဂၢိဳလ္အျဖစ္ ေဒၚလာ ၁၆၃.၈ ဘီလ်ံအထိ ႂကြယ္ဝလာခဲ့ပါတယ္။ Tesla ရွယ္ယာေတြ ၇၀၅% ထိုးမတက္ခင္က သူဟာ ေဒၚလာ ၂၄.၆ ဘီလ်ံနဲ႔ ကမာၻ႔ ၃၁ ဦးေျမာက္အခ်မ္းသာဆုံးျဖစ္ခဲ့တာပါ။

(၄) ဘီလ္ဂိတ္စ္

ကမာၻ႔အခ်မ္းသာဆုံးရာထူးကို ႏွစ္ေပါင္းမ်ားစြာ ရပ္တည္ႏိုင္ခဲ့တဲ့ Microsoft သူေဌးႀကီး ဘီလ္ဂိတ္စ္ဟာ ေလာေလာဆယ္ ကမာၻ႔နံပါတ္ ၄ အခ်မ္းသာဆုံးပုဂၢိဳလ္အျဖစ္ Forbes က ေဖာ္ျပထားပါတယ္။ လက္ရွိအခ်ိန္ သူ႔ရဲ႕ ခ်မ္းသာမႈဟာ ေဒၚလာ ၁၂၄ ဘီလ်ံရွိပါတယ္။

(၅) မတ္ခ္ဇူကာဘတ္ခ္

 

Forbes ရဲ႕ ဘီလ်ံနာအၫႊန္းကိန္းနဲ႔ အဲ့ဒီဘီလ်ံနာေတြရဲ႕ ခ်မ္းသာမႈအခ်က္အလက္ဟာ ခဏခဏေျပာင္းပါတယ္။ ဒါကလည္း ကုမၸဏီသူေဌးေတြရဲ႕ ရွယ္ယာေဈးအတက္အက်ေပၚ လိုက္ၿပီး ခန႔္မွန္းတြက္ခ်က္ထားလို႔ ျဖစ္ပါတယ္။ ဒီစာကို ေရးတဲ့အခ်ိန္မွာ Forbes က Facebook တည္ေထာင္သူ မတ္ခ္ဇူကာဘတ္ခ္ရဲ႕ ပိုင္ဆိုင္မႈကို အသားတင္ ေဒါလာ ၉၇ ဘီလ်ံလို႔ တြက္ခ်က္ထားပါတယ္။ အခုအခ်ိန္မွာ ေဒၚလာ ၁၃၀ ဘီလ်ံေက်ာ္ ရွိေနပါၿပီ။

 

 

Leave a Reply

Your email address will not be published. Required fields are marked *