Knowledge

၁၂ နှစ်ကြာ‌အောင် အလွန်စွဲမတ်ဖွယ်ကောင်းတဲ့ ဘောလုံးပြတိုက်ပုံတူတစ်ခုကို တည်ဆောက်ခဲ့အမျိုးသား

က်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပါတယ် ။ ထိုအသေးစား ဗားရှင်းကို တောင်အာဖရိက၊ Limpopo ပြည်နယ် Mukula ရွာမှ အသက် ၂၆ နှစ်အရွယ် Mulalo Nego Negondeni က တည်ဆောက်ခဲ့တာပါ ။ ဒီစီမံကိန်းကို ပြီးအောင်လုပ်ဖို့ဆိုရင် သူက ၁၂ နှစ်ကြာတယ်လို့ ဆိုပါတယ် ။ သူက သူ့မိဘတွေရဲ့အိမ်နောက်ဖေးမှာ ပြန်လည်အသုံးပြုလို့ရတဲ့ပစ္စည်းတွေအားလုံးကို သုံးပြီး ဆောက်ခဲ့တာပါ ။

ပထမဦးစွာ သူက ရွံ့များနဲ့ တည်ဆောက်ခဲ့မယ်ဆိုရင် မိုးရွာသွန်းတဲ့အခါမှာ ချက်ချင်းမျောပါလိမ့်မယ်ဆိုတာကို သိပြီ ရာသီဥတုအခြေအနေကို တွန်းလှန်နိုင်မယ့် အားကောင်းတဲ့ ပစ္စည်းများကို ဆက်လက်ရှာဖွေခဲ့ပါတယ် ။ သူက ဘိလပ်မြေ၊ မြေဆီလွှာ၊ ပလတ်စတစ်၊ ကတ်ထူပြား၊ ဝါယာကြိုးများ၊ ဖျင်နဲ့ သဲတို့ကိုသုံးထားတာပါ ။

ထိုအံ့သြဖွယ်ကောင်းတဲ့ အလုပ်အတွက် လုံး ဝလှုံ့ဆော်မှုက တောင်အာဖရိကမှာ အလွန်စွဲမက်ဖွယ်ကောင်းတဲ့ ဘောလုံးပြတိုက်တစ်ခု ဖြစ်ပြီး 2010 FIFA ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း Mulalo က သွားလည်ရန် စိတ်ကူးခဲ့တဲ့ နေရာများထဲမှ တစ်ခုဖြစ်ပါတယ် ။

သူ့မိဘတွေ လက်မှတ်မဝယ်နိုင်မှန်းသိလို့ သူက ၎င်းကို နေ့စဉ်မြင်နိုင်ရန် ထိုအားကစားရုံကို တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့တာပါ ။ သူတည်ဆောက်ခဲ့တဲ့ အားကစားကွင်းရဲ့ ရလဒ်ကတော့ အံ့မခန်းပါဘဲလေ ။

JRose (KBdailynews)

Reference : earthwonders

zawgyi






JRose (KBdailynews)


Leave a Comment