Tue. Oct 26th, 2021

လူဆိုးထက်ကြောက်ဖို့ကောင်းတဲ့ လူကောင်းတွေ

လူသားချင်းစာနာမှု တဖြည်းဖြည်းနည်းပါးပျောက်ကွယ်လာနေတဲ့ ကမ္ဘာကြီးမှာ လူဆိုးတွေထက် လူကောင်းတွေကို ပိုပြီး သတိထားသင့်တယ်ဆိုရင် မအံ့သြသွားပါနဲ့။ တခါတလေမှာ လူတွေက သင့်အပေါ်ကို ချိုသာကောင်းမွန်နေပေမယ့် သူတို့ရဲ့အတွင်းစိတ်က တမျိုးဖြစ်နေတတ်ပါတယ်။ သင် ငယ်စဉ်က သူစိမ်းတွေနဲ့ စကားမပြောဖို့၊ ခေါ်ရင်မလိုက်ဖို့ သင်ကြားခံခဲ့ရပေမယ့် ခင်မင်ရင်းနှီးပြီးသားသူတွေ နောက်ကျောကို ဓားနဲ့ ထိုးတာက သူစိမ်းတွေထက် ပိုကြောက်ဖို့ကောင်းပါတယ်။

ဒါ့ကြောင့် သင့်အပေါ်မှာ အမှန်တကယ်ကောင်းတဲ့သူတွေနဲ့ တစ်ခုခုလိုချင်လို့ ကောင်းချင်ယောင်ဆောင်နေတဲ့ အတုယောင်တွေကို ခွဲခြားနိုင်မယ့် အချက်တစ်ချို့ကို ဖော်ပြလိုက်ပါတယ်။

ရာထူးအာဏာရှိသူတွေကို ဘယ်လိုဆက်ဆံလဲ သတိထားကြည့်ပါ

\

သင်နဲ့ ဆက်ဆံနေရသူက စားသောက်ဆိုင်စားပွဲထိုးတွေ၊ အငှားယာဉ်မောင်းတွေလို ရာထူးအာဏာမရှိတဲ့ သာမန်လူတွေကို ဘယ်လိုဆက်ဆံလဲဆိုတာကို စောင့်ကြည့်ပါ။ သူတို့ကို လေးစားသမှုနဲ့ ပုံမှန်အတိုင်းဆက်ဆံတယ်ဆိုရင် သဘောထားမှန်သူတစ်ယောက် ဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ သာမန်လူတွေကို မတူသလို မတန်သလို နှိမ်ချဆက်ဆံပြီး ရာထူးအာဏာရှိသူတွေ၊ သူဌေးတွေကို လိုတာထက်ပိုယဉ်ကျေးပျူငှာပြီး မြှောက်ပင့်ဆက်ဆံတတ်သူဆိုရင် အတုယောင်ပဲ ဖြစ်ပါတယ်။

လူတွေ သဘောကျလာအောင် လုပ်လေ့ရှိလား စောင့်ကြည့်ပါ

သဘောထားမှန်သူတွေက သူတို့ကို လူတွေ ဘယ်လိုထင်မလဲဆိုတာကို သိပ်အလေးမထားတတ်ကြပါဘူး။ သူတို့ရဲ့ ကိုယ်ပိုင်ဖြစ်တည်မှု၊ ရပ်တည်ချက်အတိုင်း သက်တောင့်သက်သာရှိပြီး လူတွေအကြိုက်ကို လိုက်ပြီးပြောင်းလဲလေ့မရှိပါဘူး။ အယောင်ဆောင်ကောင်းသူတွေကတော့ ပတ်ဝန်းကျင်က လူတွေ သဘောကျအောင် အချိန်တိုင်းကြိုးစားနေလေ့ရှိပါတယ်။ သူတို့က လိုအပ်တာထက် ပိုပြီးသဘောကောင်းပြတာ၊ ရီစရာလုပ်ပြတာ၊ လူတွေနဲ့ အလိုက်အထိုက်နေတာတွေ လုပ်တတ်ကြပါတယ်။

အယောင်ဆောင်ကောင်းသူတွေက အာရုံစိုက်ခံချင်ကြတယ်

အယောင်ဆောင်ကောင်းသူတွေက လူတွေရဲ့ အာရုံစိုက်မှုကို ရဖို့ သူတို့အကြောင်းတွေကိုပဲ ပြောနေချင်ကြပါတယ်။ လိုတာထက်ပိုပြီး သဘောကောင်းပြသလို ဟာသတွေလည်း လုပ်တတ်ကြပါတယ်။ သဘောထားမှန်သူတွေကတော့ အခန်းထောင့်တစ်နေရာမှာ ထိုင်ပြီး ဖြစ်ပျက်သမျှကို အေးဆေး နားထောင်သတိပြုနေတတ်သူတွေဖြစ်ပါတယ်။

အယောင်ဆောင်ကောင်းသူတွေက ကြွားဝါတတ်တယ်၊ အတင်းပြောတတ်တယ်

အယောင်ဆောင်ကောင်းသူတွေက လူတွေကြားမှာ ထင်ပေါ်စေဖို့ သူတို့ရဲ့အောင်မြင်မှုတွေ၊ ပိုင်ဆိုင်မှုတွေအကြောင်းကို မမေးလည်း ထုတ်ပြောတတ်ကြသူတွေဖြစ်ပါတယ်။ ဘာမှမဆိုင်တဲ့အကြောင်းအရာတွေကိုလည်း သူတို့အကြောင်း ထုတ်ပြောဖို့ အတင်းဆွဲပြောတတ်ကြသူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် တခြားသူတွေရဲ့ မကောင်းကြောင်းတွေပြောဆိုပြီး သူတို့ကိုယ်သူတို့ ဂုဏ်တင်လေ့ရှိပါတယ်။

သဘောထားမှန်သူတွေက အခြားသူတွေကို အသိအမှတ်ပြုပေးကြတယ်

သဘောထားမှန်သူတွေက လူတွေကို ထိုက်သင့်တဲ့ ချီးကျူးဂုဏ်ပြုစကားပြောဖို့ နောက်တွန့်မနေတတ်ကြပါဘူး။ အယောင်ဆောင်ကောင်းသူတွေတော့ တဖက်သူရဲ့အောင်မြင်မှုကို မနာလိုဖြစ်ပြီး ပြစ်ချက်တွေကို ဝေဖန်ဖို့ပဲ ကြိုးစားနေတတ်ကြပါတယ်။

အယောင်ဆောင်ကောင်းသူတွေက ကတိမတည်ကြဘူး

အယောင်ဆောင်ကောင်းသူတွေက သူတို့အမှန်တကယ်မတည်နိုင်တဲ့ ကတိတွေကို အလွယ်တကူပေးတတ်ကြပါတယ်။ သဘောထားမှန်သူတွေကတော့ ကတိကို လွယ်လွယ်မပေးတတ်သလို ပေးပြီးတဲ့ကတိကိုလည်း တည်ကြပါတယ်။

 

Zawgyi

လူဆိုးထက္ေၾကာက္ဖို႔ေကာင္းတဲ့ လူေကာင္းေတြ

လူသားခ်င္းစာနာမႈ တျဖည္းျဖည္းနည္းပါးေပ်ာက္ကြယ္လာေနတဲ့ ကမာၻႀကီးမွာ လူဆိုးေတြထက္ လူေကာင္းေတြကို ပိုၿပီး သတိထားသင့္တယ္ဆိုရင္ မအံ့ၾသသြားပါနဲ႔။ တခါတေလမွာ လူေတြက သင့္အေပၚကို ခ်ိဳသာေကာင္းမြန္ေနေပမယ့္ သူတို႔ရဲ႕အတြင္းစိတ္က တမ်ိဳးျဖစ္ေနတတ္ပါတယ္။ သင္ ငယ္စဥ္က သူစိမ္းေတြနဲ႔ စကားမေျပာဖို႔၊ ေခၚရင္မလိုက္ဖို႔ သင္ၾကားခံခဲ့ရေပမယ့္ ခင္မင္ရင္းႏွီးၿပီးသားသူေတြ ေနာက္ေက်ာကို ဓားနဲ႔ ထိုးတာက သူစိမ္းေတြထက္ ပိုေၾကာက္ဖို႔ေကာင္းပါတယ္။

ဒါ့ေၾကာင့္ သင့္အေပၚမွာ အမွန္တကယ္ေကာင္းတဲ့သူေတြနဲ႔ တစ္ခုခုလိုခ်င္လို႔ ေကာင္းခ်င္ေယာင္ေဆာင္ေနတဲ့ အတုေယာင္ေတြကို ခြဲျခားႏိုင္မယ့္ အခ်က္တစ္ခ်ိဳ႕ကို ေဖာ္ျပလိုက္ပါတယ္။

ရာထူးအာဏာရွိသူေတြကို ဘယ္လိုဆက္ဆံလဲ သတိထားၾကည့္ပါ

သင္နဲ႔ ဆက္ဆံေနရသူက စားေသာက္ဆိုင္စားပြဲထိုးေတြ၊ အငွားယာဥ္ေမာင္းေတြလို ရာထူးအာဏာမရွိတဲ့ သာမန္လူေတြကို ဘယ္လိုဆက္ဆံလဲဆိုတာကို ေစာင့္ၾကည့္ပါ။ သူတို႔ကို ေလးစားသမႈနဲ႔ ပုံမွန္အတိုင္းဆက္ဆံတယ္ဆိုရင္ သေဘာထားမွန္သူတစ္ေယာက္ ျဖစ္ပါတယ္။ ဒီလိုမဟုတ္ပဲ သာမန္လူေတြကို မတူသလို မတန္သလို ႏွိမ္ခ်ဆက္ဆံၿပီး ရာထူးအာဏာရွိသူေတြ၊ သူေဌးေတြကို လိုတာထက္ပိုယဥ္ေက်းပ်ဴငွာၿပီး ေျမႇာက္ပင့္ဆက္ဆံတတ္သူဆိုရင္ အတုေယာင္ပဲ ျဖစ္ပါတယ္။

လူေတြ သေဘာက်လာေအာင္ လုပ္ေလ့ရွိလား ေစာင့္ၾကည့္ပါ

သေဘာထားမွန္သူေတြက သူတို႔ကို လူေတြ ဘယ္လိုထင္မလဲဆိုတာကို သိပ္အေလးမထားတတ္ၾကပါဘူး။ သူတို႔ရဲ႕ ကိုယ္ပိုင္ျဖစ္တည္မႈ၊ ရပ္တည္ခ်က္အတိုင္း သက္ေတာင့္သက္သာရွိၿပီး လူေတြအႀကိဳက္ကို လိုက္ၿပီးေျပာင္းလဲေလ့မရွိပါဘူး။ အေယာင္ေဆာင္ေကာင္းသူေတြကေတာ့ ပတ္ဝန္းက်င္က လူေတြ သေဘာက်ေအာင္ အခ်ိန္တိုင္းႀကိဳးစားေနေလ့ရွိပါတယ္။ သူတို႔က လိုအပ္တာထက္ ပိုၿပီးသေဘာေကာင္းျပတာ၊ ရီစရာလုပ္ျပတာ၊ လူေတြနဲ႔ အလိုက္အထိုက္ေနတာေတြ လုပ္တတ္ၾကပါတယ္။

အေယာင္ေဆာင္ေကာင္းသူေတြက အာ႐ုံစိုက္ခံခ်င္ၾကတယ္

အေယာင္ေဆာင္ေကာင္းသူေတြက လူေတြရဲ႕ အာ႐ုံစိုက္မႈကို ရဖို႔ သူတို႔အေၾကာင္းေတြကိုပဲ ေျပာေနခ်င္ၾကပါတယ္။ လိုတာထက္ပိုၿပီး သေဘာေကာင္းျပသလို ဟာသေတြလည္း လုပ္တတ္ၾကပါတယ္။ သေဘာထားမွန္သူေတြကေတာ့ အခန္းေထာင့္တစ္ေနရာမွာ ထိုင္ၿပီး ျဖစ္ပ်က္သမွ်ကို ေအးေဆး နားေထာင္သတိျပဳေနတတ္သူေတြျဖစ္ပါတယ္။

အေယာင္ေဆာင္ေကာင္းသူေတြက ႂကြားဝါတတ္တယ္၊ အတင္းေျပာတတ္တယ္

အေယာင္ေဆာင္ေကာင္းသူေတြက လူေတြၾကားမွာ ထင္ေပၚေစဖို႔ သူတို႔ရဲ႕ေအာင္ျမင္မႈေတြ၊ ပိုင္ဆိုင္မႈေတြအေၾကာင္းကို မေမးလည္း ထုတ္ေျပာတတ္ၾကသူေတြျဖစ္ပါတယ္။ ဘာမွမဆိုင္တဲ့အေၾကာင္းအရာေတြကိုလည္း သူတို႔အေၾကာင္း ထုတ္ေျပာဖို႔ အတင္းဆြဲေျပာတတ္ၾကသူေတြ ျဖစ္ပါတယ္။ ဒါ့အျပင္ တျခားသူေတြရဲ႕ မေကာင္းေၾကာင္းေတြေျပာဆိုၿပီး သူတို႔ကိုယ္သူတို႔ ဂုဏ္တင္ေလ့ရွိပါတယ္။

သေဘာထားမွန္သူေတြက အျခားသူေတြကို အသိအမွတ္ျပဳေပးၾကတယ္

သေဘာထားမွန္သူေတြက လူေတြကို ထိုက္သင့္တဲ့ ခ်ီးက်ဴးဂုဏ္ျပဳစကားေျပာဖို႔ ေနာက္တြန႔္မေနတတ္ၾကပါဘူး။ အေယာင္ေဆာင္ေကာင္းသူေတြေတာ့ တဖက္သူရဲ႕ေအာင္ျမင္မႈကို မနာလိုျဖစ္ၿပီး ျပစ္ခ်က္ေတြကို ေဝဖန္ဖို႔ပဲ ႀကိဳးစားေနတတ္ၾကပါတယ္။

အေယာင္ေဆာင္ေကာင္းသူေတြက ကတိမတည္ၾကဘူး

အေယာင္ေဆာင္ေကာင္းသူေတြက သူတို႔အမွန္တကယ္မတည္ႏိုင္တဲ့ ကတိေတြကို အလြယ္တကူေပးတတ္ၾကပါတယ္။ သေဘာထားမွန္သူေတြကေတာ့ ကတိကို လြယ္လြယ္မေပးတတ္သလို ေပးၿပီးတဲ့ကတိကိုလည္း တည္ၾကပါတယ္။

 

Leave a Reply

Your email address will not be published. Required fields are marked *