Tue. Oct 26th, 2021

စိတ်ဓာတ် ကြံ့ခိုင်သန်မာသည့်လက္ခဏာများ

အကြမ်းအတမ်းခံပြီး မဆုတ်မနစ်လုံ့လရှိသူတွေကို ကြံ့ခိုင်သူတွေအဖြစ် သတ်မှတ်လေ့ရှိပါတယ်။ ဒါပေမယ့် ဒီသတ်မှတ်ချက်က အလုံးစုံတော့မှန်နေတာ မဟုတ်ပါဘူး။ လူတစ်ယောက်အောင်မြင်ဖို့ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုထက် စိတ်ခံစားမှုပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက ပိုအရေးကြီးတာကို တွေ့ရှိလာကြပါတယ်။ စိတ်ခံစားမှုကြံ့ခိုင်တယ်ဆိုတာ ခံစားချက်တွေကို ကောင်းကောင်းထိန်းချုပ်ကိုင်တွယ်နိုင်ပြီး လိုအပ်သလို ဖော်ပြနိုင်စွမ်း ရှိတာကိုဆိုလိုပါတယ်။ ဒါ့ကြောင့် စိတ်ဓာတ် ကြံ့ခိုင်သူတွေမှာ ဘယ်လိုလက္ခဏာတွေ ရှိလဲဆိုတာ ဖော်ပြလိုက်ပါတယ်။

ခံစားချက်တွေ ဖော်ပြဖို့ ဘယ်တော့မှ မကြောက်ဘူး

သင့်ရဲ့ခံစားချက်တွေနဲ့ သူတို့ကို ဖော်ပြတာဟာ အားနည်းချက်တစ်ခုလို့ သတ်မှတ်မထားဘူးဆိုတာရင် သင်ဟာ စိတ်ဓာတ်ကြံ့ခိုင်သူပါပဲ။ စိတ်ခံစားမှုတွေဟာ လူတိုင်းရဲ့နေ့စဉ်ဘဝမှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒါတွေကို ထုတ်ဖော်ပြသဖို့ ကြောက်မနေသင့်ပါဘူး။ ခံစားချက်တွေကို မျိုသိပ်ထားတာထက် လိုအပ်သလို ဖော်ပြသင့်ပါတယ်။

ကိုယ့်တန်ဖိုး ကိုယ်သိတယ်စိတ်ခံစားမှုကြံ့ခိုင်တယ်

ဆိုတာ သင့်ကိုယ်သင် လေးစားမှုရှိပြီး ကိုယ်ပိုင်ကန့်သတ်ချက်တွေ ထားရှိခြင်းပဲ ဖြစ်ပါတယ်။ သင့်အပေါ်မှာ မလေးမစားလုပ်တာ၊ နှိမ့်ချဆက်ဆံတာတွေကို လက်မခံနိုင်တာမျိုး ဖြစ်ပါတယ်။ သင့်ရဲ့ ကိုယ်ပိုင်တန်ဖိုးကို သိထားပြီး တန်ဖိုးမထားသူတွေနဲ့ ကင်းအောင်နေလေ့ရှိရင် စိတ်ဓာတ်ကြံ့ခိုင်တဲ့ လက္ခဏာပါပဲ။

ရှေ့ဆက်နိုင်တယ်

 

လူတစ်ယောက်ရဲ့ ဘဝမှာ နာကျင်ခက်ခဲမှုတွေ မရှိပဲ မဖြစ်နိုင်သလို ပျော်စရာတွေ လုံးဝကင်းမဲ့နေတာလည်း မဖြစ်နိုင်ပါဘူး။ စိတ်ဓာတ်ကြံ့ခိုင်သူတွေကတော့ သူတို့ဘဝမှာ ဘယ်လိုအခက်အခဲအတားအဆီးတွေပဲ ကြုံရပါစေ ရှေ့ဆက်နိုင်စွမ်းရှိကြပါတယ်။ သင်ခန်းစာယူပြီး ပိုကောင်းတဲ့အနာဂတ်ကို တည်ဆောက်ကြပါတယ်။

နာကျင်မှုတွေကို အသိအမှတ်ပြု ကုစားတတ်တယ်

စိတ်ဓာတ်ကြံ့ခိုင်သူတွေက နာကျင်မှုတွေကို အသိအမှတ်ပြုပြီး သေချာကုစားတတ်ကြပါတယ်။ ဘယ်လိုခံစားနေရလဲဆိုတာ နားလည်ပြီး နာကျင်မှုကို ကုစားနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေလေ့ရှိပါတယ်။ တစ်ယောက်တည်းကျိတ်ခံစားမနေပဲ လိုအပ်တဲ့အကူအညီကို ရယူတတ်ကြပါတယ်။

ခံစားချက်တွေကို ကိုင်တွယ်နိုင်မယ့် နည်းလမ်းတွေရှိတယ်

စိတ်ဓာတ်ကြံ့ခိုင်သူတွေက သူတို့ရဲ့ခံစားချက်တွေကို နားလည်အောင်ကြိုးစားပြီး ဖော်ပြနိုင်မယ့် အကောင်းဆုံးနည်းလမ်းကို ရှာဖွေလေ့ရှိပါတယ်။ ခံစားချက်ကို ထုတ်ပြောတာ၊ ချရေးတာ၊ စိုးရိမ်နေတဲ့ကိစ္စအတွက် ကြိုတင်ပြင်ဆင်ထားတာ စသဖြင့် သူတို့ရဲ့ စိတ်ခံစားချက်ကို ကိုင်တွယ်ဖြေရှင်းတတ်ကြပါတယ်။

 

Zawgyi

စိတ္ဓာတ္ ႀကံ့ခိုင္သန္မာသည့္လကၡဏာမ်ား

အၾကမ္းအတမ္းခံၿပီး မဆုတ္မနစ္လုံ႔လရွိသူေတြကို ႀကံ့ခိုင္သူေတြအျဖစ္ သတ္မွတ္ေလ့ရွိပါတယ္။ ဒါေပမယ့္ ဒီသတ္မွတ္ခ်က္က အလုံးစုံေတာ့မွန္ေနတာ မဟုတ္ပါဘူး။ လူတစ္ေယာက္ေအာင္ျမင္ဖို႔ ႐ုပ္ပိုင္းဆိုင္ရာႀကံ့ခိုင္မႈထက္ စိတ္ခံစားမႈပိုင္းဆိုင္ရာ ႀကံ့ခိုင္မႈက ပိုအေရးႀကီးတာကို ေတြ႕ရွိလာၾကပါတယ္။ စိတ္ခံစားမႈႀကံ့ခိုင္တယ္ဆိုတာ ခံစားခ်က္ေတြကို ေကာင္းေကာင္းထိန္းခ်ဳပ္ကိုင္တြယ္ႏိုင္ၿပီး လိုအပ္သလို ေဖာ္ျပႏိုင္စြမ္း ရွိတာကိုဆိုလိုပါတယ္။ ဒါ့ေၾကာင့္ စိတ္ဓာတ္ ႀကံ့ခိုင္သူေတြမွာ ဘယ္လိုလကၡဏာေတြ ရွိလဲဆိုတာ ေဖာ္ျပလိုက္ပါတယ္။

ခံစားခ်က္ေတြ ေဖာ္ျပဖို႔ ဘယ္ေတာ့မွ မေၾကာက္ဘူး

သင့္ရဲ႕ခံစားခ်က္ေတြနဲ႔ သူတို႔ကို ေဖာ္ျပတာဟာ အားနည္းခ်က္တစ္ခုလို႔ သတ္မွတ္မထားဘူးဆိုတာရင္ သင္ဟာ စိတ္ဓာတ္ႀကံ့ခိုင္သူပါပဲ။ စိတ္ခံစားမႈေတြဟာ လူတိုင္းရဲ႕ေန႔စဥ္ဘဝမွာ အေရးပါတဲ့အခန္းက႑ကေန ပါဝင္ေနပါတယ္။ ဒါေတြကို ထုတ္ေဖာ္ျပသဖို႔ ေၾကာက္မေနသင့္ပါဘူး။ ခံစားခ်က္ေတြကို မ်ိဳသိပ္ထားတာထက္ လိုအပ္သလို ေဖာ္ျပသင့္ပါတယ္။

ကိုယ့္တန္ဖိုး ကိုယ္သိတယ္စိတ္ခံစားမႈႀကံ့ခိုင္တယ္

ဆိုတာ သင့္ကိုယ္သင္ ေလးစားမႈရွိၿပီး ကိုယ္ပိုင္ကန႔္သတ္ခ်က္ေတြ ထားရွိျခင္းပဲ ျဖစ္ပါတယ္။ သင့္အေပၚမွာ မေလးမစားလုပ္တာ၊ ႏွိမ့္ခ်ဆက္ဆံတာေတြကို လက္မခံႏိုင္တာမ်ိဳး ျဖစ္ပါတယ္။ သင့္ရဲ႕ ကိုယ္ပိုင္တန္ဖိုးကို သိထားၿပီး တန္ဖိုးမထားသူေတြနဲ႔ ကင္းေအာင္ေနေလ့ရွိရင္ စိတ္ဓာတ္ႀကံ့ခိုင္တဲ့ လကၡဏာပါပဲ။

ေရွ႕ဆက္ႏိုင္တယ္

လူတစ္ေယာက္ရဲ႕ ဘဝမွာ နာက်င္ခက္ခဲမႈေတြ မရွိပဲ မျဖစ္ႏိုင္သလို ေပ်ာ္စရာေတြ လုံးဝကင္းမဲ့ေနတာလည္း မျဖစ္ႏိုင္ပါဘူး။ စိတ္ဓာတ္ႀကံ့ခိုင္သူေတြကေတာ့ သူတို႔ဘဝမွာ ဘယ္လိုအခက္အခဲအတားအဆီးေတြပဲ ႀကဳံရပါေစ ေရွ႕ဆက္ႏိုင္စြမ္းရွိၾကပါတယ္။ သင္ခန္းစာယူၿပီး ပိုေကာင္းတဲ့အနာဂတ္ကို တည္ေဆာက္ၾကပါတယ္။

နာက်င္မႈေတြကို အသိအမွတ္ျပဳ ကုစားတတ္တယ္

စိတ္ဓာတ္ႀကံ့ခိုင္သူေတြက နာက်င္မႈေတြကို အသိအမွတ္ျပဳၿပီး ေသခ်ာကုစားတတ္ၾကပါတယ္။ ဘယ္လိုခံစားေနရလဲဆိုတာ နားလည္ၿပီး နာက်င္မႈကို ကုစားႏိုင္မယ့္ နည္းလမ္းေတြကို ရွာေဖြေလ့ရွိပါတယ္။ တစ္ေယာက္တည္းက်ိတ္ခံစားမေနပဲ လိုအပ္တဲ့အကူအညီကို ရယူတတ္ၾကပါတယ္။

ခံစားခ်က္ေတြကို ကိုင္တြယ္ႏိုင္မယ့္ နည္းလမ္းေတြရွိတယ္

စိတ္ဓာတ္ႀကံ့ခိုင္သူေတြက သူတို႔ရဲ႕ခံစားခ်က္ေတြကို နားလည္ေအာင္ႀကိဳးစားၿပီး ေဖာ္ျပႏိုင္မယ့္ အေကာင္းဆုံးနည္းလမ္းကို ရွာေဖြေလ့ရွိပါတယ္။ ခံစားခ်က္ကို ထုတ္ေျပာတာ၊ ခ်ေရးတာ၊ စိုးရိမ္ေနတဲ့ကိစၥအတြက္ ႀကိဳတင္ျပင္ဆင္ထားတာ စသျဖင့္ သူတို႔ရဲ႕ စိတ္ခံစားခ်က္ကို ကိုင္တြယ္ေျဖရွင္းတတ္ၾကပါတယ္။

 

Leave a Reply

Your email address will not be published. Required fields are marked *