success

သူစိမ်းတွေနဲ့ ပြောဆိုဆက်ဆဲတဲ့အခါ လွယ်ကူအဆင်ပြေစေဖို့ လုပ်ဆောင်သင့်တဲ့အချက်များ

စာရေးသူတို့ရဲ့ နေ့စဉ်ဘဝမှာအကြောင်းအမျိုးမျိုးကြောင့် ကိုယ်နဲ့တစ်ခါမှမသိကျွမ်းသေးတဲ့ သူစိမ်းတွေနဲ့ ပြောဆိုဆက်ဆံရတာတွေ ရှိပါတယ်။တစ်ချို့ပေါင်းသင်းဆက်ဆံရေးမှာကျွမ်း ကျင်နေပြီးသားလူတွေအနေနဲ့ သူစိမ်းတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာ လွယ်လွယ်ကူကူရှိပေမယ့် တစ်ချို့လူတွေအတွက် ကတော့ ကိုယ်နဲ့မသိကျွမ်းသေးတဲ့ သူစိမ်းတွေနဲ့ စကားပြောဆိုဆက်ဆံတဲ့နေရာမှာ ရှိန်နေတာမျိုး အမ်းနေတာမျိုးတွေရှိတက်ပါတယ်။ဒီနေ့မှာတော့ ဒီလို သူစိမ်းတွေနဲ့ ပြောဆိုဆက်ဆဲတဲ့အခါမှာအခက်အခဲရှိသူတွေအနေနဲ့ အမြန်ဆုံးရင်းနှီးမှုရဖို့လုပ်ဆောင်သင့်တဲ့အချက်လေးတွေကိုပြောပြပေးချင်ပါတယ်။

 

သူစိမ်းတစ်ယောက်နဲ့ စတင်တွေ့ဆုံရပြီဆိုရင် တစ်ယောက်နဲ့ တစ်ယောက်နည်းနည်းတော့ ရှိန်နေတာမျိုးဖြစ်ကြမှာပါ။ဒါပေမဲ့ သင့်ဘက်ကနေအပြုံးလေးတစ်ပွင့်နဲ့လှိုက်လှိုက်လှဲလှဲစတင် ပြုံးပြနှုတ်ဆက်လိုက်မယ်ဆိုရင်တော့ သင့်နဲ့ သူစိမ်းလူကြားက ရှိန်နေတဲ့စိတ်တွေကိုလျော့သွားမှာဖြစ်ပါတယ်။လူတစ်ယောက်နဲ့ တစ်ယောက်ပြုံးပြပြီးနှုတ်ဆက်တယ်ဆိုတာ တကယ့်ကိုချစ်စရာကောင်းတဲ့အလေ့အထိတစ်ခုဖြစ်သလို ရင်းနှီးမှုကိုလည်းပိုတိုးသွားစေမှာဖြစ်ပါတယ်။

ကိုယ်နဲ့ပတ်သတ်ပြီး ချီးကျူးစကားပြောဆိုခံရတာကို မကြိုက်တဲ့သူမရှိလောက်ပါဘူး။သင့်အနေနဲ့ သူစိမ်းတစ်ယောက်နဲ့ စတင်မိတ်ဆက်တဲ့အခါ အရင်ဆုံးသူရဲ့ ကောင်းကွက်လေးတစ် ခုကိုရှာလိုက်ပါ။ဥပမာ မင်းဝတ်ထားတဲ့ဝတ်စုံကမင်းနဲ့ အရမ်းလိုက်ဖက်တာပဲ မင်းရှုးဖိနစ်ကသိပ်လှတာပဲ စသည်ဖြင့် ချီးကျူးစကားပြောမယ်ဆိုရင် သင်နဲ့ သူစိမ်းလူတစ်ယောက်ရဲ့ ကြားရင်းနှီးမှုအမြန်ဆုံးရရှိစေမှာဖြစ်ပါတယ်။

 

လူတစ်ယောက်နဲ့တစ်ယောက်စကားပြောဆိုတဲ့နေရာမှာ အာရုံစိုက်မှုအပြည့်နဲ့ ပြောဆိုခြင်းက တကယ့်ကိုလူကြီးလူကောင်းဆန်တဲ့အပြုအမူဖြစ်သလို တစ်ဖက်လူကိုလည်းလေးစားရာရောက်စေပါတယ်။ဒါကြောင့်သူစိမ်းတစ်ယောက်နဲ့ စကား ပြောဆိုတဲ့အခါမျိုးမှာ မျက်လုံးချင်းဆုံပြီး စကားပြောဆိုပါ။တစ်ဖက်လူရဲ့စကားကိုလည်းသေချာအာရုံစိုက်ပြီးနားထောင်ပါ။ မကြာခင်မှာရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်သွားမှာဖြစ်ပါတယ်။

 

သူစိမ်းတစ်ယောက်နဲ့စကားပြောတဲ့အခါ အချိန်နည်းနည်းကြာ သွားတာနဲ့ ဘာပြောလို့ပြောရမှန်းမသိဖြစ်တက်ပါတယ်။ဒီလို အခြေအနေမျိုးမှာ သင်တို့ရဲ့စကားဝိုင်းကိုဆက်နိုင်ဖို့အကောင်းဆုံးနည်းလမ်းတစ်ခုက ဘာဝါသနာပါလဲဆိုတာမေးမြန်းခြင်း ဖြစ်ပါတယ်။အကယ်၍သင်နဲ့ သူရဲ့ ဝါသနာချင်းတိုက်ဆိုင်နေမယ်ဆိုရင် ပိုပြီးတောင်းရင်းနှီးဖို့ ရာခိုင်နှုန်းများပါသေးတယ်။

 

Zawgyi

စာေရးသူတို႔ရဲ႕ ေန႔စဥ္ဘဝမွာအေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ကိုယ္နဲ႔တစ္ခါမွမသိကြၽမ္းေသးတဲ့ သူစိမ္းေတြနဲ႔ ေျပာဆိုဆက္ဆံရတာေတြ ရွိပါတယ္။တစ္ခ်ိဳ႕ေပါင္းသင္းဆက္ဆံေရးမွာကြၽမ္း က်င္ေနၿပီးသားလူေတြအေနနဲ႔ သူစိမ္းေတြနဲ႔ ေျပာဆိုဆက္ဆံတဲ့အခါမွာ လြယ္လြယ္ကူကူရွိေပမယ့္ တစ္ခ်ိဳ႕လူေတြအတြက္ ကေတာ့ ကိုယ္နဲ႔မသိကြၽမ္းေသးတဲ့ သူစိမ္းေတြနဲ႔ စကားေျပာဆိုဆက္ဆံတဲ့ေနရာမွာ ရွိန္ေနတာမ်ိဳး အမ္းေနတာမ်ိဳးေတြရွိတက္ပါတယ္။ဒီေန႔မွာေတာ့ ဒီလို သူစိမ္းေတြနဲ႔ ေျပာဆိုဆက္ဆဲတဲ့အခါမွာအခက္အခဲရွိသူေတြအေနနဲ႔ အျမန္ဆုံးရင္းႏွီးမႈရဖို႔လုပ္ေဆာင္သင့္တဲ့အခ်က္ေလးေတြကိုေျပာျပေပးခ်င္ပါတယ္။

 

သူစိမ္းတစ္ေယာက္နဲ႔ စတင္ေတြ႕ဆုံရၿပီဆိုရင္ တစ္ေယာက္နဲ႔ တစ္ေယာက္နည္းနည္းေတာ့ ရွိန္ေနတာမ်ိဳးျဖစ္ၾကမွာပါ။ဒါေပမဲ့ သင့္ဘက္ကေနအၿပဳံးေလးတစ္ပြင့္နဲ႔လႈိက္လႈိက္လွဲလွဲစတင္ ၿပဳံးျပႏႈတ္ဆက္လိုက္မယ္ဆိုရင္ေတာ့ သင့္နဲ႔ သူစိမ္းလူၾကားက ရွိန္ေနတဲ့စိတ္ေတြကိုေလ်ာ့သြားမွာျဖစ္ပါတယ္။လူတစ္ေယာက္နဲ႔ တစ္ေယာက္ၿပဳံးျပၿပီးႏႈတ္ဆက္တယ္ဆိုတာ တကယ့္ကိုခ်စ္စရာေကာင္းတဲ့အေလ့အထိတစ္ခုျဖစ္သလို ရင္းႏွီးမႈကိုလည္းပိုတိုးသြားေစမွာျဖစ္ပါတယ္။

ကိုယ္နဲ႔ပတ္သတ္ၿပီး ခ်ီးက်ဴးစကားေျပာဆိုခံရတာကို မႀကိဳက္တဲ့သူမရွိေလာက္ပါဘူး။သင့္အေနနဲ႔ သူစိမ္းတစ္ေယာက္နဲ႔ စတင္မိတ္ဆက္တဲ့အခါ အရင္ဆုံးသူရဲ႕ ေကာင္းကြက္ေလးတစ္ ခုကိုရွာလိုက္ပါ။ဥပမာ မင္းဝတ္ထားတဲ့ဝတ္စုံကမင္းနဲ႔ အရမ္းလိုက္ဖက္တာပဲ မင္းရႈးဖိနစ္ကသိပ္လွတာပဲ စသည္ျဖင့္ ခ်ီးက်ဴးစကားေျပာမယ္ဆိုရင္ သင္နဲ႔ သူစိမ္းလူတစ္ေယာက္ရဲ႕ ၾကားရင္းႏွီးမႈအျမန္ဆုံးရရွိေစမွာျဖစ္ပါတယ္။

လူတစ္ေယာက္နဲ႔တစ္ေယာက္စကားေျပာဆိုတဲ့ေနရာမွာ အာ႐ုံစိုက္မႈအျပည့္နဲ႔ ေျပာဆိုျခင္းက တကယ့္ကိုလူႀကီးလူေကာင္းဆန္တဲ့အျပဳအမူျဖစ္သလို တစ္ဖက္လူကိုလည္းေလးစားရာေရာက္ေစပါတယ္။ဒါေၾကာင့္သူစိမ္းတစ္ေယာက္နဲ႔ စကား ေျပာဆိုတဲ့အခါမ်ိဳးမွာ မ်က္လုံးခ်င္းဆုံၿပီး စကားေျပာဆိုပါ။တစ္ဖက္လူရဲ႕စကားကိုလည္းေသခ်ာအာ႐ုံစိုက္ၿပီးနားေထာင္ပါ။ မၾကာခင္မွာရင္းႏွီးတဲ့မိတ္ေဆြေတြျဖစ္သြားမွာျဖစ္ပါတယ္။

 

သူစိမ္းတစ္ေယာက္နဲ႔စကားေျပာတဲ့အခါ အခ်ိန္နည္းနည္းၾကာ သြားတာနဲ႔ ဘာေျပာလို႔ေျပာရမွန္းမသိျဖစ္တက္ပါတယ္။ဒီလို အေျခအေနမ်ိဳးမွာ သင္တို႔ရဲ႕စကားဝိုင္းကိုဆက္ႏိုင္ဖို႔အေကာင္းဆုံးနည္းလမ္းတစ္ခုက ဘာဝါသနာပါလဲဆိုတာေမးျမန္းျခင္း ျဖစ္ပါတယ္။အကယ္၍သင္နဲ႔ သူရဲ႕ ဝါသနာခ်င္းတိုက္ဆိုင္ေနမယ္ဆိုရင္ ပိုၿပီးေတာင္းရင္းႏွီးဖို႔ ရာခိုင္ႏႈန္းမ်ားပါေသးတယ္။

 

 

Leave a Comment