Tue. Oct 26th, 2021

လစာကောင်းတဲ့အလုပ်ရဖို့ ကျောင်းသားတွေအနေနဲ့ ပြင်ဆင်ထားရမယ့်အရာများ

တက္ကသိုလ်ကျောင်းသားဘဝဆိုတာ လွတ်လပ်ပေါ့ပါးတဲ့ လူငယ်ဘဝရဲ့ နောက်ဆုံးနေ့ရက် တွေလို့ပြောရမှာပါ။ အကြောင်းကတော့ ကျောင်းသားဘဝပြီးသွားချိန်မှာ စားဝတ်နေရေးကို ကိုယ်တိုင်ရုန်းကန်ရတော့မယ့်အချိန် ရောက်လာလို့ဖြစ်ပါတယ်။ ကျောင်းမှာအဆင့်ကောင်းကောင်းရအောင် ၊ Major ကောင်းကောင်းမှာ တက်နိုင်အောင် ကြိုးစားရသလို အလုပ်လုပ်ရတော့မယ်ဆိုရင်လည်း အကောင်းဆုံးကြိုတင်ပြင်ဆင်ထားဖို့လိုပြီဖြစ်ပါတယ်။အထူး သဖြင့် ကျောင်းပြီးတာနဲ့လစာကောင်းတဲ့ အလုပ်ရဖို့အတွက်ဆိုရင် ပိုပြီးစနစ်တကျ စီစဉ်ထားဖို့လိုပါတယ်။

 

တက်မယ့်မေဂျာကို အမြော်အမြင်နဲ့ရွေးပါ။ တက္ကသိုလ်တက်တယ်ဆိုတာ စွန့်စားမှုပါ။ ကိုယ်တက်တဲ့ကျောင်းဟာ ကိုယ်နဲ့တကယ်ကိုက်ညီတဲ့ကျောင်း ကိုယ့်ရဲ့ ပင်ကိုဗီဇစွမ်းရည်ကို အမြင့်ဆုံး မြှင့်တင်ပေးမယ့် ကျောင်းမျိုး ဘာသာရပ်မျိုး ရွေးဖို့လိုပါတယ်။ ကိုယ်တက်မယ့်ကျောင်းဟာ ကိုယ့်အသက်မွေးမှုအတွက်ပါအထောက်အကူဖြစ်နေရမှာပါ။

ကိုယ်သင်တဲ့ပညာဟာ ကိုယ်တကယ်ပျော်တဲ့အဲဒီပညာနဲ့တကယ် ပျော်ပျော်ကြီး အလုပ်လုပ်ချင်တဲ့ အတတ်ပညာမျိုး ဖြစ်သင့်ပါတယ်။အမှတ်ကောင်းလို့ကျောင်းကောင်းကောင်း တတ်တာမျိုးဟာ နောင်တစ်ချိန်မှာ ကိုယ့်ဘဝကိုယ် ပြန်တွေးတိုင်း တောက်ခေါက်မိစေမယ်ဆိုရင် ဘယ်တော့မှ ပျော်ရမှာ မဟုတ်တဲ့ ရွေးချယ်မှုပါပဲ။

 

အဆက်အသွယ်တွေ ရှာထားပါ။ ကိုယ့်အရည်အချင်းနဲ့ကိုယ့်အတတ်ပညာကို ဘယ်နေရာမှာ အသုံးချရမလဲ သိဖို့အတွက် နယ်ပယ်အသီးသီးက လူတွေနဲ့သိကျွမ်းဖို့လိုပါတယ်။ လူတွေနဲ့ရင်းရင်းနှီးနှီး မိတ်ဆက်နှီး နှောဖို့မကြောက်သင့်ပါဘူး။ ကျောင်းရောအပြင်မှာပါ မိတ်ဆွေပေါသူဟာ အလုပ်အကိုင်ကောင်းရဖို့အတွက် အခက်အခဲနည်းပြီး အခွင့်အရေး ပိုများပါတယ်။

 

ကိုယ်သွားမယ့်နယ်ပယ်က ကျွမ်းကျင်သူတွေရဲ့ အကြံရယူပါ။ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တစ်ခုခုမှာပဲ တက်တက် ရိုးရိုး ဘွဲ့တစ်ခုရရုံပဲ တက်တက်ကျောင်းပြီးတာနဲ့အလုပ်လုပ်ဖို့အတွက်တော့ ကိုယ့်အရင်က Seniors တွေ ဆရာဆရာမတွေဆီက အတွေ့အကြုံနဲ့အကြံဉာဏ်တွေ ရယူဖို့လိုပါတယ်။
အလုပ်အကိုင်နဲ့ပတ်သက်ပြီး တကယ်ထိရောက်တဲ့ လမ်းညွှန်မှု ပေးနိုင်မယ့် သူတွေနဲ့စကားပြောဖို့တော့ လိုပါတယ်။အလုပ်အကိုင်ပြပွဲတွေ အလုပ်အကိုင်ဆိုင်ရာ ဆွေးနွေးဟောပြောပွဲတွေ မလွတ်တမ်း တက်ပြီး အခွင့်အလမ်းကို ရှာဖွေနေဖို့လိုပါတယ်။ တက္ကသိုလ်မတက်ခင်ကတည်းက ကိုယ်သွားမယ့် နယ်ပယ် ကိုယ်တက်ချင်တဲ့ကျောင်းကို အသေအချာ စုံစမ်းထားဖို့လိုပါတယ်။

 

Resume ကောင်းကောင်းရေးထားပါ။ ကျောင်းတက်ရင်း ကျောင်းတွင်းက Activity တွေလိုအပ်တဲ့ သင်တန်းနဲ့အတွေ့အကြုံတွေ ဖြည့်တင်းရင်း တစ်ဘက်ကလည်း ကိုယ့်ရဲ့ Resume ကို ပုံရိပ်ကောင်းစေဖို့အဖွဲ့အစည်းတွေ လူမှုရေး လုပ်ငန်းတွေမှာပါ ပါဝင်ဖို့လိုပါတယ်။ အလုပ်အကိုင်ရှာဖွေရေး ပလက်ဖောင်း တွေဖြစ်တဲ့ LinkedIn တို့မှာလည်း ကိုယ့်ရဲ့ Resumeကိုအကောင်းဆုံး ဖြစ်အောင်ရေးသားဖန်တီးထားသင့်ပါတယ်။

Soft Skills တွေ ဖြည့်တင်းထားပါ။ ကျောင်းမှာနေတုန်း စာချည်းပဲကြိုးစားဖို့မလိုပါဘူး။ လူပေါင်းဆံ့ဖို့ကြိုးစားပါ။ ကျောင်းမှာကတည်းက ကိုယ့်ရဲ့ လူမှုကွန်ရက်ဒီဇိုင်းကို ကိုယ်တိုင်ရေးဆွဲပါ။ ဒီပုံရိပ်တွေကို ခိုင်မာတောင့်တင်းအောင် တည်ဆောက်ထားတဲ့ သူအတွက်အပြင်လောကနယ်ပယ်ဟာ သူစိမ်းဆန်မနေတော့ပါဘူး။ ဒါ့အပြင် ကျောင်းမှာလူမှုရေးကောင်းတဲ့ လူတစ်ယောက်ဟာ လုပ်ငန်းခွင်မှာလည်း အောင်မြင်မှာ ဖြစ်ပါတယ်။ ဒီတော့ကျောင်းမှာရှိတဲ့ အားကစားအသင်း စာကြည့်အသင်း လူမှုရေးအသင်းအပြင် ရှိရှိသမျှကျောင်းတွင်း အသင်းအဖွဲ့တွေမှာ ဝင်ရောက်လှုပ်ရှားပြီး ကွန်ရက်ချဲ့ထွင်ထားဖို့အကြံပြုလိုပါတယ်။

လူမှုကွန်ရက်ပေါ်က ကိုယ့်ပုံရိပ်ကိုပြောင်းပါ။ ဒီနေ့ခေတ်မှာဆို အလုပ်အင်တာဗျူးကို အွန်လိုင်းကနေခေါ်တာတွေ ရှိလာပြီ ဖြစ်ပါတယ်။ အလုပ်ခေါ်မယ့်သူဟာ အလုပ်လျှောက်ထားတဲ့ သူရဲ့ CV / Resume အပြင် သူ့ရဲ့ လူမှုမီဒီယာတွေ ဖြစ်တဲ့ Facebook ၊ Twitter စတဲ့ Social network တွေပေါ် တင်ထားတဲ့ ပို့စ်တွေ သူ ပါဝင်လှုပ်ရှားထားတဲ့ အဖွဲ့အစည်းတွေ အကြောင်းပါ လေ့လာပြီးမှ အင်တာဗျူးခေါ်လာပါပြီ။ဒီတော့ ကိုယ့်ရဲ့ ပုံရိပ်ကောင်းကို အပြင်နယ်ပယ်မှာရော လူမှုကွန်ရက်မှာပါ တည် ဆောက်ထားဖို့လိုပါတယ်။

 

zawgyi

လစာေကာင္းတဲ့အလုပ္ရဖို႔ ေက်ာင္းသားေတြအေနနဲ႔ ျပင္ဆင္ထားရမယ့္အရာမ်ား

တကၠသိုလ္ေက်ာင္းသားဘဝဆိုတာ လြတ္လပ္ေပါ့ပါးတဲ့ လူငယ္ဘဝရဲ႕ ေနာက္ဆုံးေန႔ရက္ ေတြလို႔ေျပာရမွာပါ။ အေၾကာင္းကေတာ့ ေက်ာင္းသားဘဝၿပီးသြားခ်ိန္မွာ စားဝတ္ေနေရးကို ကိုယ္တိုင္႐ုန္းကန္ရေတာ့မယ့္အခ်ိန္ ေရာက္လာလို႔ျဖစ္ပါတယ္။ ေက်ာင္းမွာအဆင့္ေကာင္းေကာင္းရေအာင္ ၊ Major ေကာင္းေကာင္းမွာ တက္ႏိုင္ေအာင္ ႀကိဳးစားရသလို အလုပ္လုပ္ရေတာ့မယ္ဆိုရင္လည္း အေကာင္းဆုံးႀကိဳတင္ျပင္ဆင္ထားဖို႔လိုၿပီျဖစ္ပါတယ္။အထူး သျဖင့္ ေက်ာင္းၿပီးတာနဲ႔လစာေကာင္းတဲ့ အလုပ္ရဖို႔အတြက္ဆိုရင္ ပိုၿပီးစနစ္တက် စီစဥ္ထားဖို႔လိုပါတယ္။

တက္မယ့္ေမဂ်ာကို အေျမာ္အျမင္နဲ႔ေ႐ြးပါ။ တကၠသိုလ္တက္တယ္ဆိုတာ စြန႔္စားမႈပါ။ ကိုယ္တက္တဲ့ေက်ာင္းဟာ ကိုယ္နဲ႔တကယ္ကိုက္ညီတဲ့ေက်ာင္း ကိုယ့္ရဲ႕ ပင္ကိုဗီဇစြမ္းရည္ကို အျမင့္ဆုံး ျမႇင့္တင္ေပးမယ့္ ေက်ာင္းမ်ိဳး ဘာသာရပ္မ်ိဳး ေ႐ြးဖို႔လိုပါတယ္။ ကိုယ္တက္မယ့္ေက်ာင္းဟာ ကိုယ့္အသက္ေမြးမႈအတြက္ပါအေထာက္အကူျဖစ္ေနရမွာပါ။

ကိုယ္သင္တဲ့ပညာဟာ ကိုယ္တကယ္ေပ်ာ္တဲ့အဲဒီပညာနဲ႔တကယ္ ေပ်ာ္ေပ်ာ္ႀကီး အလုပ္လုပ္ခ်င္တဲ့ အတတ္ပညာမ်ိဳး ျဖစ္သင့္ပါတယ္။အမွတ္ေကာင္းလို႔ေက်ာင္းေကာင္းေကာင္း တတ္တာမ်ိဳးဟာ ေနာင္တစ္ခ်ိန္မွာ ကိုယ့္ဘဝကိုယ္ ျပန္ေတြးတိုင္း ေတာက္ေခါက္မိေစမယ္ဆိုရင္ ဘယ္ေတာ့မွ ေပ်ာ္ရမွာ မဟုတ္တဲ့ ေ႐ြးခ်ယ္မႈပါပဲ။

အဆက္အသြယ္ေတြ ရွာထားပါ။ ကိုယ့္အရည္အခ်င္းနဲ႔ကိုယ့္အတတ္ပညာကို ဘယ္ေနရာမွာ အသုံးခ်ရမလဲ သိဖို႔အတြက္ နယ္ပယ္အသီးသီးက လူေတြနဲ႔သိကြၽမ္းဖို႔လိုပါတယ္။ လူေတြနဲ႔ရင္းရင္းႏွီးႏွီး မိတ္ဆက္ႏွီး ေႏွာဖို႔မေၾကာက္သင့္ပါဘူး။ ေက်ာင္းေရာအျပင္မွာပါ မိတ္ေဆြေပါသူဟာ အလုပ္အကိုင္ေကာင္းရဖို႔အတြက္ အခက္အခဲနည္းၿပီး အခြင့္အေရး ပိုမ်ားပါတယ္။

 

ကိုယ္သြားမယ့္နယ္ပယ္က ကြၽမ္းက်င္သူေတြရဲ႕ အႀကံရယူပါ။ အသက္ေမြးဝမ္းေက်ာင္း တကၠသိုလ္တစ္ခုခုမွာပဲ တက္တက္ ႐ိုး႐ိုး ဘြဲ႕တစ္ခုရ႐ုံပဲ တက္တက္ေက်ာင္းၿပီးတာနဲ႔အလုပ္လုပ္ဖို႔အတြက္ေတာ့ ကိုယ့္အရင္က Seniors ေတြ ဆရာဆရာမေတြဆီက အေတြ႕အႀကဳံနဲ႔အႀကံဉာဏ္ေတြ ရယူဖို႔လိုပါတယ္။
အလုပ္အကိုင္နဲ႔ပတ္သက္ၿပီး တကယ္ထိေရာက္တဲ့ လမ္းၫႊန္မႈ ေပးႏိုင္မယ့္ သူေတြနဲ႔စကားေျပာဖို႔ေတာ့ လိုပါတယ္။အလုပ္အကိုင္ျပပြဲေတြ အလုပ္အကိုင္ဆိုင္ရာ ေဆြးေႏြးေဟာေျပာပြဲေတြ မလြတ္တမ္း တက္ၿပီး အခြင့္အလမ္းကို ရွာေဖြေနဖို႔လိုပါတယ္။ တကၠသိုလ္မတက္ခင္ကတည္းက ကိုယ္သြားမယ့္ နယ္ပယ္ ကိုယ္တက္ခ်င္တဲ့ေက်ာင္းကို အေသအခ်ာ စုံစမ္းထားဖို႔လိုပါတယ္။

Resume ေကာင္းေကာင္းေရးထားပါ။ ေက်ာင္းတက္ရင္း ေက်ာင္းတြင္းက Activity ေတြလိုအပ္တဲ့ သင္တန္းနဲ႔အေတြ႕အႀကဳံေတြ ျဖည့္တင္းရင္း တစ္ဘက္ကလည္း ကိုယ့္ရဲ႕ Resume ကို ပုံရိပ္ေကာင္းေစဖို႔အဖြဲ႕အစည္းေတြ လူမႈေရး လုပ္ငန္းေတြမွာပါ ပါဝင္ဖို႔လိုပါတယ္။ အလုပ္အကိုင္ရွာေဖြေရး ပလက္ေဖာင္း ေတြျဖစ္တဲ့ LinkedIn တို႔မွာလည္း ကိုယ့္ရဲ႕ Resumeကိုအေကာင္းဆုံး ျဖစ္ေအာင္ေရးသားဖန္တီးထားသင့္ပါတယ္။

Soft Skills ေတြ ျဖည့္တင္းထားပါ။ ေက်ာင္းမွာေနတုန္း စာခ်ည္းပဲႀကိဳးစားဖို႔မလိုပါဘူး။ လူေပါင္းဆံ့ဖို႔ႀကိဳးစားပါ။ ေက်ာင္းမွာကတည္းက ကိုယ့္ရဲ႕ လူမႈကြန္ရက္ဒီဇိုင္းကို ကိုယ္တိုင္ေရးဆြဲပါ။ ဒီပုံရိပ္ေတြကို ခိုင္မာေတာင့္တင္းေအာင္ တည္ေဆာက္ထားတဲ့ သူအတြက္အျပင္ေလာကနယ္ပယ္ဟာ သူစိမ္းဆန္မေနေတာ့ပါဘူး။ ဒါ့အျပင္ ေက်ာင္းမွာလူမႈေရးေကာင္းတဲ့ လူတစ္ေယာက္ဟာ လုပ္ငန္းခြင္မွာလည္း ေအာင္ျမင္မွာ ျဖစ္ပါတယ္။ ဒီေတာ့ေက်ာင္းမွာရွိတဲ့ အားကစားအသင္း စာၾကည့္အသင္း လူမႈေရးအသင္းအျပင္ ရွိရွိသမွ်ေက်ာင္းတြင္း အသင္းအဖြဲ႕ေတြမွာ ဝင္ေရာက္လႈပ္ရွားၿပီး ကြန္ရက္ခ်ဲ႕ထြင္ထားဖို႔အႀကံျပဳလိုပါတယ္။

လူမႈကြန္ရက္ေပၚက ကိုယ့္ပုံရိပ္ကိုေျပာင္းပါ။ ဒီေန႔ေခတ္မွာဆို အလုပ္အင္တာဗ်ဴးကို အြန္လိုင္းကေနေခၚတာေတြ ရွိလာၿပီ ျဖစ္ပါတယ္။ အလုပ္ေခၚမယ့္သူဟာ အလုပ္ေလွ်ာက္ထားတဲ့ သူရဲ႕ CV / Resume အျပင္ သူ႔ရဲ႕ လူမႈမီဒီယာေတြ ျဖစ္တဲ့ Facebook ၊ Twitter စတဲ့ Social network ေတြေပၚ တင္ထားတဲ့ ပို႔စ္ေတြ သူ ပါဝင္လႈပ္ရွားထားတဲ့ အဖြဲ႕အစည္းေတြ အေၾကာင္းပါ ေလ့လာၿပီးမွ အင္တာဗ်ဴးေခၚလာပါၿပီ။ဒီေတာ့ ကိုယ့္ရဲ႕ ပုံရိပ္ေကာင္းကို အျပင္နယ္ပယ္မွာေရာ လူမႈကြန္ရက္မွာပါ တည္ ေဆာက္ထားဖို႔လိုပါတယ္။

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *