Sun. Aug 14th, 2022

အဘက်ဘက်က ခက်ခဲမှုတွေရှိနေတဲ့တစ်နှစ်တာကို ကျော်ဖြတ်နေကြရတဲ့ လူငယ်တွေအနေနဲ့ အိမ်မှာနေရင်း အကျိုးရှိရှိအချိန်ကုန်ဆုံးနိုင်ဖို့နဲ့ တစ်ဖက်တစ်လမ်းက ဝင်ငွေလမ်းကြောင်းတစ်ခု ရစေဖို့ အလုပ်အကိုင် အိုင်ဒီယာတစ်ချို့ ကို မျှဝေပေးသွားချင်ပါတယ်။ လက်ရှိ ၂၀၂၁ ခုနှစ်မှာလူငယ်တွေအတွက် ရေပန်းစားပြီး အသင့်တော်ဆုံး အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေဖြစ်တာမို့ စိတ်ဝင်စားတယ်ဆိုရင် ဆက်ဖတ်ကြည့်လိုက်ပါအုန်း။

(၁) ပန်းချီရေးဆွဲခြင်း

\

အနုပညာခံစားမှုအားကောင်းပြီး ပုံဆွဲရတာဝါသနာပါတယ်ဆိုရင်တော့ ပန်းချီရေးဆွဲခြင်းအတက်နဲ့ ဝင်ငွေလမ်းကြောင်းတစ်ခု ဖန်တီးနိုင်ပါတယ်။ ပုံတူခဲပန်းချီတွေဆိုရင် လူကြိုက်များပြီး ဈေးကွက်ဝင်နိုင်သလို လက်ရှိလူငယ်တွေကြားမှာ ရေပန်းစားလျက်ရှိတဲ့ Digital Art တွေရေးဆွဲ ရောင်းချခြင်းဖြင့်လည်း ဝင်ငွေရနိုင်ခြေ များပါတယ်။

(၂) စာပေဆောင်းပါးရေးသားခြင်း

စာပေဆောင်းပါးရေးသားခြင်းအလုပ်ဟာ စကားလုံးတွေပေါ်အခြေခံပြီး စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ ရေးသားဖန်တီးရတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။ ကိုယ်က စာရေးခြင်းကိုဝါသနာပါတယ် ၊ စာပေနဲ့ရင်းနှီးမှုရှိတယ်ဆိုရင် ကိုယ်ပိုင် Blog တစ်ခုထောင်ပြီး စာရေးခြင်း ၊ ဘာသာပြန်စာများရေးသားခြင်း ၊ သတင်းနဲ့မီဒီယာ လုပ်ငန်းတွေမှာလည်း ဝင်ရောက်ရေးသားခြင်း ၊ ဆိုရှယ်မီဒီယာတွေပေါ်မှာ လူစိတ်ဝင်စားမယ့် ကြော်ငြာစာတွေရေးသားခြင်း စသည်ဖြင့် ဝါသနာပေါ်အခြေခံပြီး ဝင်ငွေရှာလို့ရနိုင်ပါတယ်။

(၃) သင်တန်းပေးခြင်း

 

နည်းပညာတိုးတက်လာမှုနဲ့အညီ အွန်လိုင်းပေါ်ကနေ သင်ကြားရတဲ့ E-learning စနစ်ဟာလည်း ယနေ့ခေတ်လူငယ်တွေကြားမှာ အားကောင်းလာပါတယ်။ ဒါကြောင့် အွန်လိုင်းပေါ်ကနေ ကိုယ်ကျွမ်းကျင်ရာ ပညာရပ်တစ်ခုခုကို သင်တန်းပေးခြင်းဖြင့် ဝင်ငွေလမ်းကြောင်းတစ်ခုဖန်တီးနိုင်ပါတယ်။ ဘာသာစကားသင်တန်း ၊ တူရိယာတီးခတ်နည်းသင်တန်း ၊ ဓာတ်ပုံရိုက်ကူးပြုပြင်နည်းသင်တန်း ၊ မုန့်လုပ်နည်းသင်တန်း စသည်ဖြင့် မိမိကျွမ်းကျင်မှုပေါ်မူတည်ပြီး အမျိုးမျိုးသောသင်တန်းများပေးခြင်းဖြင့် ဝင်ငွေရှာနိုင်ပါတယ်။

(၄) YouTube Channel ထောင်ခြင်း

 

 

လူငယ်အများစုကြားမှာရေပန်းစားလျက်ရှိတဲ့ ဝင်ငွေလမ်းကြောင်းကတစ်ခုက YouTube Channel တစ်ခုဖန်တီးတည်ဆောက်ပြီး ဝင်ငွေရှာတဲ့အလုပ်ပါ။ လက်ရှိ ကမ္ဘာမှာသာမက မြန်မာနိုင်ငံက လူငယ်တချို့မှာပါ YouTube ကနေ ဝင်ငွေရနေကြသူတွေ ရှိလာကြပါပြီ။ YouTube Channel လုပ်မယ်ဆိုရင် ပထမဆုံးစဉ်းစားရမှာ ကိုယ်ရဲ့ကျွမ်းကျင်မှုနဲ့ စိတ်အားထက်သန်မှုကိုသိဖို့ပါပဲ။

ကိုယ်က စကားပြောကောင်းသူတစ်ယောက်လား ၊ သီချင်းဆိုကောင်းလား ၊ ဖက်ရှင်အကြောင်းစိတ်ဝင်စားလား ၊ သတင်းတင်ဆက်ရတာ ဝါသနာပါလား ၊ ပစ္စည်းတွေကို unboxing လုပ်ပြမှာလား ၊ လေ့ကျင့်ခန်းလုပ်ပြမလား ၊ အစားအသောက်တွေစားပြမလား စသည်ဖြင့် ကိုယ်စိတ်အားထက်သန်တဲ့အရာပေါ်မူတည်ပြီး ကြည့်ရှု့သူတွေကို တင်ဆက်မှုကောင်းကောင်းနဲ့ ဆွဲဆောင်နိုင်မယ့် YouTube Channel တစ်ခုဖြစ်မယ်ဆိုရင် သေချာပေါက်ဝင်ငွေရမှာပါ။

 

Zawgyi”

 

အိမ္မွာေနရင္းဝင္ေငြရွာခ်င္တဲ့ လူငယ္ေတြအတြက္ အသင့္ေတာ္ဆုံးအလုပ္အကိုင္မ်ား
အဘက္ဘက္က ခက္ခဲမႈေတြရွိေနတဲ့တစ္ႏွစ္တာကို ေက်ာ္ျဖတ္ေနၾကရတဲ့ လူငယ္ေတြအေနနဲ႔ အိမ္မွာေနရင္း အက်ိဳးရွိရွိအခ်ိန္ကုန္ဆုံးႏိုင္ဖို႔နဲ႔ တစ္ဖက္တစ္လမ္းက ဝင္ေငြလမ္းေၾကာင္းတစ္ခု ရေစဖို႔ အလုပ္အကိုင္ အိုင္ဒီယာတစ္ခ်ိဳ႕ ကို မွ်ေဝေပးသြားခ်င္ပါတယ္။ လက္ရွိ ၂၀၂၁ ခုႏွစ္မွာလူငယ္ေတြအတြက္ ေရပန္းစားၿပီး အသင့္ေတာ္ဆုံး အလုပ္အကိုင္အခြင့္အလမ္းေကာင္းေတြျဖစ္တာမို႔ စိတ္ဝင္စားတယ္ဆိုရင္ ဆက္ဖတ္ၾကည့္လိုက္ပါအုန္း။

(၁) ပန္းခ်ီေရးဆြဲျခင္း

 

အႏုပညာခံစားမႈအားေကာင္းၿပီး ပုံဆြဲရတာဝါသနာပါတယ္ဆိုရင္ေတာ့ ပန္းခ်ီေရးဆြဲျခင္းအတက္နဲ႔ ဝင္ေငြလမ္းေၾကာင္းတစ္ခု ဖန္တီးႏိုင္ပါတယ္။ ပုံတူခဲပန္းခ်ီေတြဆိုရင္ လူႀကိဳက္မ်ားၿပီး ေဈးကြက္ဝင္ႏိုင္သလို လက္ရွိလူငယ္ေတြၾကားမွာ ေရပန္းစားလ်က္ရွိတဲ့ Digital Art ေတြေရးဆြဲ ေရာင္းခ်ျခင္းျဖင့္လည္း ဝင္ေငြရႏိုင္ေျခ မ်ားပါတယ္။

(၂) စာေပေဆာင္းပါးေရးသားျခင္း

 

စာေပေဆာင္းပါးေရးသားျခင္းအလုပ္ဟာ စကားလုံးေတြေပၚအေျခခံၿပီး စိတ္ကူးစိတ္သန္းေကာင္းေကာင္းနဲ႔ ေရးသားဖန္တီးရတဲ့ အလုပ္တစ္ခုျဖစ္ပါတယ္။ ကိုယ္က စာေရးျခင္းကိုဝါသနာပါတယ္ ၊ စာေပနဲ႔ရင္းႏွီးမႈရွိတယ္ဆိုရင္ ကိုယ္ပိုင္ Blog တစ္ခုေထာင္ၿပီး စာေရးျခင္း ၊ ဘာသာျပန္စာမ်ားေရးသားျခင္း ၊ သတင္းနဲ႔မီဒီယာ လုပ္ငန္းေတြမွာလည္း ဝင္ေရာက္ေရးသားျခင္း ၊ ဆိုရွယ္မီဒီယာေတြေပၚမွာ လူစိတ္ဝင္စားမယ့္ ေၾကာ္ျငာစာေတြေရးသားျခင္း စသည္ျဖင့္ ဝါသနာေပၚအေျခခံၿပီး ဝင္ေငြရွာလို႔ရႏိုင္ပါတယ္။

(၃) သင္တန္းေပးျခင္း

 

နည္းပညာတိုးတက္လာမႈနဲ႔အညီ အြန္လိုင္းေပၚကေန သင္ၾကားရတဲ့ E-learning စနစ္ဟာလည္း ယေန႔ေခတ္လူငယ္ေတြၾကားမွာ အားေကာင္းလာပါတယ္။ ဒါေၾကာင့္ အြန္လိုင္းေပၚကေန ကိုယ္ကြၽမ္းက်င္ရာ ပညာရပ္တစ္ခုခုကို သင္တန္းေပးျခင္းျဖင့္ ဝင္ေငြလမ္းေၾကာင္းတစ္ခုဖန္တီးႏိုင္ပါတယ္။ ဘာသာစကားသင္တန္း ၊ တူရိယာတီးခတ္နည္းသင္တန္း ၊ ဓာတ္ပုံ႐ိုက္ကူးျပဳျပင္နည္းသင္တန္း ၊ မုန႔္လုပ္နည္းသင္တန္း စသည္ျဖင့္ မိမိကြၽမ္းက်င္မႈေပၚမူတည္ၿပီး အမ်ိဳးမ်ိဳးေသာသင္တန္းမ်ားေပးျခင္းျဖင့္ ဝင္ေငြရွာႏိုင္ပါတယ္။

(၄) YouTube Channel ေထာင္ျခင္း

 

လူငယ္အမ်ားစုၾကားမွာေရပန္းစားလ်က္ရွိတဲ့ ဝင္ေငြလမ္းေၾကာင္းကတစ္ခုက YouTube Channel တစ္ခုဖန္တီးတည္ေဆာက္ၿပီး ဝင္ေငြရွာတဲ့အလုပ္ပါ။ လက္ရွိ ကမာၻမွာသာမက ျမန္မာႏိုင္ငံက လူငယ္တခ်ိဳ႕မွာပါ YouTube ကေန ဝင္ေငြရေနၾကသူေတြ ရွိလာၾကပါၿပီ။ YouTube Channel လုပ္မယ္ဆိုရင္ ပထမဆုံးစဥ္းစားရမွာ ကိုယ္ရဲ႕ကြၽမ္းက်င္မႈနဲ႔ စိတ္အားထက္သန္မႈကိုသိဖို႔ပါပဲ။

ကိုယ္က စကားေျပာေကာင္းသူတစ္ေယာက္လား ၊ သီခ်င္းဆိုေကာင္းလား ၊ ဖက္ရွင္အေၾကာင္းစိတ္ဝင္စားလား ၊ သတင္းတင္ဆက္ရတာ ဝါသနာပါလား ၊ ပစၥည္းေတြကို unboxing လုပ္ျပမွာလား ၊ ေလ့က်င့္ခန္းလုပ္ျပမလား ၊ အစားအေသာက္ေတြစားျပမလား စသည္ျဖင့္ ကိုယ္စိတ္အားထက္သန္တဲ့အရာေပၚမူတည္ၿပီး ၾကည့္ရႈ႕သူေတြကို တင္ဆက္မႈေကာင္းေကာင္းနဲ႔ ဆြဲေဆာင္ႏိုင္မယ့္ YouTube Channel တစ္ခုျဖစ္မယ္ဆိုရင္ ေသခ်ာေပါက္ဝင္ေငြရမွာပါ။

 

 

Leave a Reply

Your email address will not be published.