Daily News

မူးပြီး အမှတ်မထင် မျက်နှာပေါ်ထိုးလိုက်တဲ့ တက်တူးကြောင့် အလုပ်ရှာမရဖြစ်သွားခဲ့ရတဲ့ အသက် ၁၉နှစ်အရွယ် ဖခင်တစ်ဦးရဲ့အဖြစ်ဆိုး

အသက် ၁၉ နှစ်အရွယ် Mark Cropp အမည်ရှိကလေးအဖေတစ်ဦးဟာ နယူးဇီလန်တွင်မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုပြုလုပ်နေစဉ် ဓားကိုင်ဆောင်ခဲ့ခြင်းကြောင့်နှစ်နှစ်၊ သုံးလ ပြစ်ဒဏ်ကျမှတ်ခံခဲ့ရပါတယ်။Mark ဟာ ပြစ်ဒဏ်ခံယူနေရစဉ်မှာ သူ့ရဲ့လက်တွဲဖော်နှင့်သမီးငယ်ကို ချန်ထားခဲ့ရပါတယ်။ထောင်ထဲနေရင်း တစ်ညမှာ Mark နှင့်အကိုဖြစ်သူတို့ဟာ အချဉ်ဖောက်ထားတဲ့ပန်းသီး၊ ပေါင်မုန့်နဲ့သကြားတို့ဖြင့် ပြုလုပ်ထားတဲ့အရက်ကို ခိုးသောက်ကာ အလွန်အမင်း မူးသွားခဲ့ကြပါတယ်။ထို့နောက် မူးနေတဲ့ Mark ဟာ အကိုဖြစ်သူနှင့်အတူ သွားတိုက်ဆေးနှင့် စိမ်ထားတဲ့ဓားများကို ချိတ်များဖြင့်ပြုလုပ်ထားသောမှင်များဖြင့် သူ့၏နာမည်ပြောင်ကို သူ၏မျက်နှာပေါ်တွင် တက်တူးထိုးရန် ဆုံးဖြတ်ခဲ့ပါတယ်။

နောက်နေ့တစ်မနက်ခင်းမှာတော့ Markဟာ သူ့ရဲ့မျက်နှာအောက်နှင့် မေးရိုးကို ဖြတ်ကာ ထိုးထားတဲ့ “Devast8” ဆိုတဲ့တက်တူးကို မြင်လိုက်ရပြီးနောက် ၎င်းဟာ သူ့အတွက် ဘဝမှာ အကြီးမားဆုံးနောင်တတစ်ခုအဖြစ် ကျန်ရှိသွားခဲ့ရပါတယ်။ထောင်ကထွက်လာပြီး ၂လအကြာမှာတော့ Markဟာ အလုပ်ရှာဖွေနေတဲ့ အလုပ်လက်မဲ့ဖခင်တစ်ဦးဖြစ်လာခဲ့ပါတယ်။အလုပ်ရှင်များက ယခင်အလုပ်အတွေ့အကြုံရှိနေပေမဲ့ Markရဲ့ရုပ်ဆိုးအကျည်းတန်လှတဲ့တက်တူးကြောင့် သူ့အား အလုပ်မကမ်းလှမ်းခဲ့ကြပါဘူး။သူဟာ ၎င်းတက်တူးကို ဖယ်ရှားပစ်ချင်နေခဲ့ပေမဲ့ နာရီပေါင်းများစွာကြာတဲ့လေဆာပစ်ဖယ်ရှားနည်းအတွက် လိုအပ်မဲ့ငွေကို မရှာနိုင်သလို ကူညီပေးမဲ့သူလည်း မရှိတာကြောင့်ဘဲဖြစ်ပါတယ်။

ဘယ်မှာမှ အလုပ်ရှာလို့မရတဲ့အဆုံး Mark ဟာ သူ့ရဲ့အငြင်းပွါးဖွယ်တက်တူးကို ဂုဏ်သိက္ခာရှိရှိ ထုတ်ဖော်ပြနိုင်မယ့် selfie ဓာတ်ပုံများကို Facebook ပေါ်သို့ မျှဝေကာ သူ့ရဲ့ပြဿနာအားလုံးကို ဖြေရှင်းပေးဖို့ အသနားခံခဲ့ပါတယ်။ထို့နောက် သူ့ရဲ့အသနားခံမှုဟာ social media ပေါ် လျင်မြန်စွာဘဲ ပျံ့နှံ့သွားခဲ့ပါတယ်။ထို့နောက် Auckland အခြေစိုက် Sacred Tattoo ဆိုတဲ့တက်တူးဆိုင်တစ်ဆိုင်ဟာ Mark ရဲ့Facebook post ကို သတိပြုမိသွားခဲ့ပြီးနောက် Markအတွက် ငွေအကုန်အကျခံကာ မယုံနိုင်လောက်အောင် ကြင်နာမှုရှိတဲ့လုပ်ရပ်ကို ပြုလုပ်ဖို့ အခိုင်အမာ ဆုံးဖြတ်ခဲ့ကြပါတယ်။ထို့ကြောင့် Mark ရဲ့မျက်နှာရှိ တက်တူးကို စာဖတ်သူတို့ အနီးကပ်မြင်တွေ့ရဖို့ ဗီဒီယိုလေးပါ ထည့်သွင်းပေးထားပါတယ်ဗျာ။

Mia (kbdailynews)

Reference : littlethings

Zawgyi

အသက္ ၁၉ ႏွစ္အ႐ြယ္ Mark Cropp အမည္ရွိကေလးအေဖတစ္ဦးဟာ နယူးဇီလန္တြင္မူးယစ္ေဆးဝါးေရာင္းဝယ္ေဖာက္ကားမႈျပဳလုပ္ေနစဥ္ ဓားကိုင္ေဆာင္ခဲ့ျခင္းေၾကာင့္ႏွစ္ႏွစ္၊ သုံးလ ျပစ္ဒဏ္က်မွတ္ခံခဲ့ရပါတယ္။Mark ဟာ ျပစ္ဒဏ္ခံယူေနရစဥ္မွာ သူ႔ရဲ႕လက္တြဲေဖာ္ႏွင့္သမီးငယ္ကို ခ်န္ထားခဲ့ရပါတယ္။ေထာင္ထဲေနရင္း တစ္ညမွာ Mark ႏွင့္အကိုျဖစ္သူတို႔ဟာ အခ်ဥ္ေဖာက္ထားတဲ့ပန္းသီး၊ ေပါင္မုန႔္နဲ႔သၾကားတို႔ျဖင့္ ျပဳလုပ္ထားတဲ့အရက္ကို ခိုးေသာက္ကာ အလြန္အမင္း မူးသြားခဲ့ၾကပါတယ္။ထို႔ေနာက္ မူးေနတဲ့ Mark ဟာ အကိုျဖစ္သူႏွင့္အတူ သြားတိုက္ေဆးႏွင့္ စိမ္ထားတဲ့ဓားမ်ားကို ခ်ိတ္မ်ားျဖင့္ျပဳလုပ္ထားေသာမွင္မ်ားျဖင့္ သူ႔၏နာမည္ေျပာင္ကို သူ၏မ်က္ႏွာေပၚတြင္ တက္တူးထိုးရန္ ဆုံးျဖတ္ခဲ့ပါတယ္။

ေနာက္ေန႔တစ္မနက္ခင္းမွာေတာ့ Markဟာ သူ႔ရဲ႕မ်က္ႏွာေအာက္ႏွင့္ ေမး႐ိုးကို ျဖတ္ကာ ထိုးထားတဲ့ “Devast8” ဆိုတဲ့တက္တူးကို ျမင္လိုက္ရၿပီးေနာက္ ၎ဟာ သူ႔အတြက္ ဘဝမွာ အႀကီးမားဆုံးေနာင္တတစ္ခုအျဖစ္ က်န္ရွိသြားခဲ့ရပါတယ္။ေထာင္ကထြက္လာၿပီး ၂လအၾကာမွာေတာ့ Markဟာ အလုပ္ရွာေဖြေနတဲ့ အလုပ္လက္မဲ့ဖခင္တစ္ဦးျဖစ္လာခဲ့ပါတယ္။အလုပ္ရွင္မ်ားက ယခင္အလုပ္အေတြ႕အႀကဳံရွိေနေပမဲ့ Markရဲ႕႐ုပ္ဆိုးအက်ည္းတန္လွတဲ့တက္တူးေၾကာင့္ သူ႔အား အလုပ္မကမ္းလွမ္းခဲ့ၾကပါဘူး။သူဟာ ၎တက္တူးကို ဖယ္ရွားပစ္ခ်င္ေနခဲ့ေပမဲ့ နာရီေပါင္းမ်ားစြာၾကာတဲ့ေလဆာပစ္ဖယ္ရွားနည္းအတြက္ လိုအပ္မဲ့ေငြကို မရွာႏိုင္သလို ကူညီေပးမဲ့သူလည္း မရွိတာေၾကာင့္ဘဲျဖစ္ပါတယ္။

ဘယ္မွာမွ အလုပ္ရွာလို႔မရတဲ့အဆုံး Mark ဟာ သူ႔ရဲ႕အျငင္းပြါးဖြယ္တက္တူးကို ဂုဏ္သိကၡာရွိရွိ ထုတ္ေဖာ္ျပႏိုင္မယ့္ selfie ဓာတ္ပုံမ်ားကို Facebook ေပၚသို႔ မွ်ေဝကာ သူ႔ရဲ႕ျပႆနာအားလုံးကို ေျဖရွင္းေပးဖို႔ အသနားခံခဲ့ပါတယ္။ထို႔ေနာက္ သူ႔ရဲ႕အသနားခံမႈဟာ social media ေပၚ လ်င္ျမန္စြာဘဲ ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။ထို႔ေနာက္ Auckland အေျခစိုက္ Sacred Tattoo ဆိုတဲ့တက္တူးဆိုင္တစ္ဆိုင္ဟာ Mark ရဲ႕Facebook post ကို သတိျပဳမိသြားခဲ့ၿပီးေနာက္ Markအတြက္ ေငြအကုန္အက်ခံကာ မယုံႏိုင္ေလာက္ေအာင္ ၾကင္နာမႈရွိတဲ့လုပ္ရပ္ကို ျပဳလုပ္ဖို႔ အခိုင္အမာ ဆုံးျဖတ္ခဲ့ၾကပါတယ္။ထို႔ေၾကာင့္ Mark ရဲ႕မ်က္ႏွာရွိ တက္တူးကို စာဖတ္သူတို႔ အနီးကပ္ျမင္ေတြ႕ရဖို႔ ဗီဒီယိုေလးပါ ထည့္သြင္းေပးထားပါတယ္ဗ်ာ။

Mia (kbdailynews)

Leave a Comment