Uncategorized

သားသမီးရှစ်ယောက်စလုံးကို ဘွဲ့များရသွားတဲ့အထိ ခက်ခက်ခဲခဲထောက်ပံ့ပေးခဲ့လို့ လူအများက အားကျနေခဲ့တဲ့ လယ်သမားစုံတွဲ

ဖိလစ်ပိုင်နိုင်ငံ Cebu မြို့ရှိ လယ်သမားစုံတွဲဟာ သူတို့ရဲ့ကလေး ရှစ်ယောက်စလုံးကို ကျောင်းပေးနိုင်ခဲ့သလို ၎င်းတို့အားလုံးကလည်း ကောလိပ်မှဘွဲ့များရယူခဲ့ကြတာကြောင့်မကြာသေးခင်က အဆိုပါစုံတွဲဟာ နာမည်ကြီး လူသိများသွားခဲ့ပါတယ်။အထင်ကြီးလေးစားဖွယ်ကောင်းတဲ့အဆိုပါစုံတွဲဟာ Cebuမြို့ San Remigio ရွာမှာ နေထိုင်ကြတာပါ။Diosdado Cataraja Sr. နှင့် Libelita Tauto-an Cataraja ဟု သတ်မှတ်ခံထားရတဲ့အဆိုပါစုံတွဲဟာ သူတို့၏သားသမီး ရှစ်ယောက်အနက်မှ တစ်ဦးက သူတို့၏စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့အဖြစ်အပျက်ကို social media ပေါ်ဝေမျှပြီးနောက်မှာ အဆိုပါစုံတွဲဟာ လူသိများကျော်ကြားလာခဲ့ရပါတယ်။


Cataraja မောင်နှမများထဲမှ အကြီးဆုံးသမီးဖြစ်တဲ့ Jovy Cataraja-Albite အမည်ရှိအမျိုးသမီးဟာသူမ၏မိဘများနှင့်သားသမီး ရှစ်ယောက်စလုံး၏ဓါတ်ပုံများကို ၎င်းတို့ရဲ့သက်ဆိုင်ရာအသက်မွေးဝမ်းကျောင်းမှုအကြောင်းကို သူမရဲ့social media acc မှာ မျှဝေကာ တင်ပေးခဲ့ပါတယ်။


အဆိုပါကဲ့သို့သားသမီးများတဲ့သာမန်မိဘတွေဟာ ၎င်းတို့အား ကျောင်းထားကာ ထောက်ပံ့ပေးဖို့ အတော်လေးခက်ခဲလေ့ရှိပြီး မိဘများက မသက်သာတဲ့အဆုံး ကလေးများကို ကျောင်းထွက်စေကာ ၎င်းတို့ရဲ့အိမ်အလုပ်များကို ကူလုပ်ခိုင်းလေ့ရှိကြပေမဲ့ Cataraja တို့စုံတွဲမှာတော့ သားသမီးရှစ်ယောက်စလုံးကို သေချာကြည့်ကြပ်စောင့်ရှောက်နိုင်သလို ဘွဲ့ရသွားတဲ့အထိပါ သင်ယူဆုံးမပေးနိုင်တာကြောင့် ၎င်းတို့စုံတွဲဟာ အခြားသူများအတွက် အံ့အားသင့်စရာကောင်းနေခဲ့ပါတယ်။


အဆိုပါမိသားစုရဲ့သားသမီးရှစ်ယောက်စလုံးဟာ ကွဲပြားခြားနားတဲ့အသက်မွေးဝမ်းကျောင်းမှုများကို ရွေးချယ်ခဲ့ကြပါတယ်။ Jovy ဟာ သူနာပြုတစ်ယောက်ဖြစ်ပြီး ဒုတိယသားဖြစ်သူက ရဲသားတစ်ယောက်ဖြစ်ပါတယ်။


တစ်ယောက်မှာ ဗိသုကာပညာရှင်အဖြစ်လည်းကောင်း၊နောက်တစ်ယောက်မှာ ငွေကိုင်အဖြစ်လုပ်ကိုင်နေစဉ် နောက်တစ်ယောက်က ရေကြောင်းပညာဖြင့် အသက်မွေးလျက်ရှိနေပါတယ်။


အဆိုပါမိသားစုဟာ အင်ဂျင်နီယာ၊ပင်လယ်ကူးနှင့်အခြား ကျောင်းဆရာတစ်ဦး အဖြစ်လည်းအသက်မွေးလုပ်ကိုင်နေပါတယ်။


၎င်းတို့ရဲ့ကလေးတစ်ဦးစီတိုင်းဟာ အခြားမောင်နှမများနှင့် မတူညီတဲ့အလုပ်အကိုင်တစ်ခုကို ရွေးချယ်ခဲ့ခြင်းဟာ ၎င်းတို့အတွက် တကယ့်ကို ဝမ်းသာဝမ်းမြှောက်ရပါတယ်။


Facebook မှာတင်ထားခဲ့တဲ့ Jovy ရဲ့post မှာ သူမက ၎င်းတို့ရဲ့အိပ်မက်တွေအကောင်အထည်ပေါ်လာမယ့်ဒီနေ့ကို ၎င်းတို့မြင်တွေ့ရလိမ့်မယ်လို့ တစ်ခါမှမစဉ်းစားခဲ့ဘူးကြောင်း ပြောပြခဲ့ပါတယ်။


တဖြည်းဖြည်းကြီးပြင်းလာတာနှင့်အမျှ ၎င်းတို့အတွက် မိဘဖြစ်သူများက ပြီးပြည့်စုံအောင် ထားပေးခဲ့ပေမဲ့ မောင်နှမတိုင်းက ၎င်းတို့ရဲ့လယ်သမားမိဘများကို ပြန်လည်ကူညီပေးရန် ကြိုးစားနေခဲ့ကြပါတယ်။


တစ်ဦးကိုတစ်ဦး ပိုကောင်းတဲ့ဘဝရရှိနိုင်ရန် ၎င်းတို့ဟာ အချင်းချင်းကူညီနိုင်အောင် အတတ်နိုင်ဆုံးကြိုးစားနေခဲ့ကြပါတယ်။ပြီးနောက် ၎င်းတို့ရဲ့ရည်မှန်းချက်တွေကိုလည်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ကြပါတယ်။ Jovy က အခုချိန်မှာတော့ မောင်နှမတိုင်းက သူတို့ဖြစ်ချင်ခဲ့တဲ့ ပညာတတ်ကြီးတွေဖြစ်လာခဲ့ပြီ ဖြစ်တာကြောင့် ၎င်းတို့ရဲ့အိမ်မက်များကို အကောင်အထည်ဖော်ပေးခဲ့တဲ့ မိဘများနှင့် အခြားသူများအား ကျေးဇူးပြန်ဆပ်ပေးရအချိန်ရောက်ပြီဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

Mia (kbdailynews)

Reference : rachfeed

Leave a Comment