Uncategorized
ဒီနေ့မှာ မွေးနေ့ကျရောက်တဲ့ ဖခင်ကြီးအတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့တဲ့ သုတအောင်
ပရိသတ်ကြီးရေ သူတအောင်ကတော့ MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသားချောပဲဖြစ်ပါတယ်။ သုတအောင်ကတော့ သူဝါသနာပါတဲ့ အနုပညာအလုပ်တွေကိုလုပ်ကိုင်ပြီး မိဘတွေကို ပြန်လည်လုပ်ကျွေးပြုစုစောင့်ရှောက်နေတဲ့သူတစ်ယောက်ပါ။
မိဘအပေါ်မှာ အရမ်းကို သိတတ်လိမ္မာပြီး မိဘတွေအားကိုးရတဲ့ သားလိမ္မာလေးတစ်ယောက်လို့တောင် ပရိသတ်တွေက ချီးကျူးနေရတာလည်း ဖြစ်ပါတယ်။ ဒီနေ့မှာလည်း သုတအောင်က သူ့ရဲ့ဖခင်ကြီး မွေးနေ့ရက်မြတ်လေးဖြစ်တာကြောင့် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သတိတရနဲ့ ဖခင်ကြီးအတွက် မွေးနေ့ဆုတောင်းပေးထားခဲ့ပါသေးတယ်။ “Happy Birthday ပါအဖေ။မွေးနေ့မှပီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ အသက်ရှည်ပြီး ကောင်းကျိုးလိုအင်ဆန္ဒ တစ်လုံးတစ်ဝနဲ့ ပြည့်စုံပါစေအဖေ”လို့ မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားတာပါ။
သုတအောင်ရဲ့ ဖေဖေကတော့ သားဖြစ်သူရဲ့ သိတတ်မှုကြောင့် သားဖြစ်သူကို အချစ်ပိုနေတော့မှာတော့ အသေအချာပါပဲ။ CeleZone ပရိသတ်ကြီးတွေလည်း ဒီနေ့မှာမွေးနေ့ကျရောက်တဲ့ သုတအောင်ရဲ့ ဖခင်ကြီး မွေးနေ့လေးအတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါဦးနော်။
Source – Thuta Aung
-Zawgyi Font ဖြင့် ဖတ်ရန်-
Source – Thuta Aung
Leave a Comment