Uncategorized

လူလား အရုပ်မလေးလား ဝေခွဲရခက်စေမယ့် မဟူရာဧကရီ

Duckie Thot ဟာ သူမရဲ့ မဟူရာအရောင်တောက်တောက် အသားရေကြောင့် မော်ဒယ်လောကမှာ နေရာရလာသူ ဖြစ်ပါတယ်။ သူမရဲ့ ကြေးညိုရောင်တောက်တောက် အသားအရေနဲ့ လှပတဲ့ရုပ်အဆင်း ပေါင်းစပ်လိုက်တဲ့အခါမှာတော့ အရုပ်မလေးလား ထင်မှတ်မှားစေပါတယ်။ Thot ဟာ မကြာသေးခင်က သူမရဲ့ လူမှုကွန်ယက်မီဒီယာမှာ ပုံတင်တဲ့အခါမှာတော့ ပရိသတ်တော်တော်များများကို အရုပ်လား လူလား အငြင်းပွားစေခဲ့ပါတယ်။

Thot ဟာ ဆူဒန်နိုင်ငံတောင်ပိုင်းသူတစ်ယောက်ဖြစ်ပြီး၊ သူမရဲ့ဓာတ်ပုံတွေကို “Ducks after dark” ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး အင်စတာဂရမ်နဲ့ လူမှုကွန်ယက်မှာ ရေးပြီးတင်ခဲ့တာပါ။ သူမရဲ့ မဟူရာအသားအရေ၊ ရှည်လျှားသွယ်လျှတဲ့ ခြေတံလက်တံတွေနဲ့၊ အမည်းရောင်အဝတ်အစား ပေါင်းစပ်လိုက်တဲ့အခါမှာတော့ တကယ့်ကို အရုပ်ကလေးအတိုင်းပါဘဲ။


သူမရဲ့ ဓာတ်ပုံကိုကြည့်ပြီး မှတ်ချက်ရေးသူတစ်ဦးက “အဟုတ်ကို မင်းက ဘာဘီရုပ်ကလေးနဲ့ တူပါတယ် “လို့ ရေးသားခဲ့ပါတယ်။ အခြားတစ်ယောက်ကလည်း ” ကျနော်က အရုပ်မလေးလို့ပဲ ထင်မှတ်နေတာ “လို့ ရေးခဲ့ပါတယ်။ အခုအခါမှာတော့ သူမရဲ့ လူမှုကွန်ယက်တွေပေါ်မှာ Follower တွေ တိုးပွားလာပြီး၊ သူမကို အရုပ်မလေးလို့သာ ခေါ်ကြပါတော့တယ်။

နောက်ပြီး ပရိသတ်တွေက အရုပ်မလေးစတိုင်းအတိုင်းသာ နေထိုင်ဖို့ အကြံပေးခဲ့ကြပြီး၊ Duckie barbie doll ဆိုတဲ့ အမည်နဲ့ သီးသန့်အနုပညာလှုပ်ရှားမှုတွေပြုလုပ်ဖို့ တောင်းဆိုကြပါတယ်။ တကယ်တော့Thot ဟာ Australia’s Next Top Model ပွဲမှာကတည်းက ဖတ်ရှင်လောကမှာ နာမည်ရလာခဲ့သူ ဖြစ်ပါတယ်။


ဒါပေမယ့် မကြာသေးခင်က ပွဲတစ်ခုမှာတော့ သူမနဲ့ မလိုက်ဖက်တဲ့ ဆံပင်ပုံစံကို ပြောင်းဖို့ ပွဲစီစဉ်သူတွေက တွန်းအားပေးခဲ့ပြီး၊ အတွေ့အကြုံမရှိတဲ့ သူမအဖို့မှာတော့ ဒီလိုကိစ္စရပ်ဟာ စိတ်ကသိကအောက် ဖြစ်စေခဲ့တဲ့အပြင် ယုံကြည်မှုကို လျှော့ကျစေတယ်လို့ Thot က ဆိုပါတယ်။

Teen Vogue မဂ္ဂဇင်းနဲ့တွေ့ဆုံစဉ်မှာ သူမက အဲဒီဖြစ်ရပ်ကို ပြန်ပြောင်းပြောပြပါတယ်။ Thot က ” ဒီအတွေ့အကြုံက မတူညီတဲ့ပုံစံတစ်မျိုးနဲ့ ကျွန်မရဲ့ ယုံကြည်မှုကို မဖန်တီးပေးနိုင်ခဲ့ပါဘူး .. ရိုးရိုးသားသားဝန်ခံရရင် အဲဒီတုန်းက ဟာသလုပ်နေတာလားလို့တောင် ထင်ခဲ့မိတာ .. ဒီလိုခံစားမှုမျိုး ရှိုးပွဲတိုင်းလိုလို ခံစားရပါတယ် “လို့ ဖွင့်ဟခဲ့ပါတယ်။


Zawgyi

Duckie Thot ဟာ သူမရဲ႕ မဟူရာအေရာင္ေတာက္ေတာက္ အသားေရေၾကာင့္ ေမာ္ဒယ္ေလာကမွာ ေနရာရလာသူ ျဖစ္ပါတယ္။ သူမရဲ႕ ေၾကးညိဳေရာင္ေတာက္ေတာက္ အသားအေရနဲ႔ လွပတဲ့႐ုပ္အဆင္း ေပါင္းစပ္လိုက္တဲ့အခါမွာေတာ့ အ႐ုပ္မေလးလား ထင္မွတ္မွားေစပါတယ္။ Thot ဟာ မၾကာေသးခင္က သူမရဲ႕ လူမႈကြန္ယက္မီဒီယာမွာ ပုံတင္တဲ့အခါမွာေတာ့ ပရိသတ္ေတာ္ေတာ္မ်ားမ်ားကို အ႐ုပ္လား လူလား အျငင္းပြားေစခဲ့ပါတယ္။

Thot ဟာ ဆူဒန္ႏိုင္ငံေတာင္ပိုင္းသူတစ္ေယာက္ျဖစ္ၿပီး၊ သူမရဲ႕ဓာတ္ပုံေတြကို “Ducks after dark” ဆိုတဲ့ ေခါင္းစဥ္တပ္ၿပီး အင္စတာဂရမ္နဲ႔ လူမႈကြန္ယက္မွာ ေရးၿပီးတင္ခဲ့တာပါ။ သူမရဲ႕ မဟူရာအသားအေရ၊ ရွည္လွ်ားသြယ္လွ်တဲ့ ေျခတံလက္တံေတြနဲ႔၊ အမည္းေရာင္အဝတ္အစား ေပါင္းစပ္လိုက္တဲ့အခါမွာေတာ့ တကယ့္ကို အ႐ုပ္ကေလးအတိုင္းပါဘဲ။


သူမရဲ႕ ဓာတ္ပုံကိုၾကည့္ၿပီး မွတ္ခ်က္ေရးသူတစ္ဦးက “အဟုတ္ကို မင္းက ဘာဘီ႐ုပ္ကေလးနဲ႔ တူပါတယ္ “လို႔ ေရးသားခဲ့ပါတယ္။ အျခားတစ္ေယာက္ကလည္း ” က်ေနာ္က အ႐ုပ္မေလးလို႔ပဲ ထင္မွတ္ေနတာ “လို႔ ေရးခဲ့ပါတယ္။ အခုအခါမွာေတာ့ သူမရဲ႕ လူမႈကြန္ယက္ေတြေပၚမွာ Follower ေတြ တိုးပြားလာၿပီး၊ သူမကို အ႐ုပ္မေလးလို႔သာ ေခၚၾကပါေတာ့တယ္။

ေနာက္ၿပီး ပရိသတ္ေတြက အ႐ုပ္မေလးစတိုင္းအတိုင္းသာ ေနထိုင္ဖို႔ အႀကံေပးခဲ့ၾကၿပီး၊ Duckie barbie doll ဆိုတဲ့ အမည္နဲ႔ သီးသန႔္အႏုပညာလႈပ္ရွားမႈေတြျပဳလုပ္ဖို႔ ေတာင္းဆိုၾကပါတယ္။ တကယ္ေတာ့Thot ဟာ Australia’s Next Top Model ပြဲမွာကတည္းက ဖတ္ရွင္ေလာကမွာ နာမည္ရလာခဲ့သူ ျဖစ္ပါတယ္။


ဒါေပမယ့္ မၾကာေသးခင္က ပြဲတစ္ခုမွာေတာ့ သူမနဲ႔ မလိုက္ဖက္တဲ့ ဆံပင္ပုံစံကို ေျပာင္းဖို႔ ပြဲစီစဥ္သူေတြက တြန္းအားေပးခဲ့ၿပီး၊ အေတြ႕အႀကဳံမရွိတဲ့ သူမအဖို႔မွာေတာ့ ဒီလိုကိစၥရပ္ဟာ စိတ္ကသိကေအာက္ ျဖစ္ေစခဲ့တဲ့အျပင္ ယုံၾကည္မႈကို ေလွ်ာ့က်ေစတယ္လို႔ Thot က ဆိုပါတယ္။

Teen Vogue မဂၢဇင္းနဲ႔ေတြ႕ဆုံစဥ္မွာ သူမက အဲဒီျဖစ္ရပ္ကို ျပန္ေျပာင္းေျပာျပပါတယ္။ Thot က ” ဒီအေတြ႕အႀကဳံက မတူညီတဲ့ပုံစံတစ္မ်ိဳးနဲ႔ ကြၽန္မရဲ႕ ယုံၾကည္မႈကို မဖန္တီးေပးႏိုင္ခဲ့ပါဘူး .. ႐ိုး႐ိုးသားသားဝန္ခံရရင္ အဲဒီတုန္းက ဟာသလုပ္ေနတာလားလို႔ေတာင္ ထင္ခဲ့မိတာ .. ဒီလိုခံစားမႈမ်ိဳး ရႈိးပြဲတိုင္းလိုလို ခံစားရပါတယ္ “လို႔ ဖြင့္ဟခဲ့ပါတယ္။

Leave a Comment