Uncategorized

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ခိုင်းစေတဲ့ သူရအေးမင်း

NUG အစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ကြံစည်သူတွေထဲမှာ လန်ဒန်မှာနေထိုင်တဲ့ ဘပ်စ်ကားဆရာ ကိုသူရအေးမင်းလဲ ပါတယ်လို့ အာအက်ဖ်အေ RFA သတင်းဌာနက ဖေါ်ပြခဲ့ပါတယ်။

သူရအေးမင်း

မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို အန္တရာယ်ပြုရန်ကြံစည်ရာတွင် နောက်ကွယ်က စေခိုင်းခဲ့သူမှာ ဟိုတယ်နှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးအေးကိုဖြစ်သည်ဟု မဇ္ဈိမသတင်းမှာ လည်း ဖော်ပြထားပါတယ်။

ဦးအေးကိုသည် ၁၉၉၅ ခုနှစ်တွင်တည်ထောင်သော အေ၊ ကေ ဆောက်လုပ်ရေးနှင့် စက်မှုလုပ်ငန်း ကုမ္ပဏီ လီမိတက်၏ မန်းနေးဂျင်းဒါရိုက်တာဖြစ်ပြီး အစုရှယ်ယာဝင်ခြောက်ဦးရှိသည်။




ဦးအေးကိုနှင့် အစုရှယ်ယာဝင်တစ်ချို့ပိုင် ဟိုတယ် လုပ်ငန်းများတွင် မန္တလေးရှိ မင်းသားကြီးဟိုတယ်၊ မန္တလေးစီးတီးနှင့် ဟိုတယ်မန္တလေးတို့ပါဝင်သလို ရန်ကုန်ရှိ အိုလံပစ်ဟိုတယ်လည်း ပါဝင်သည်။

သူရအေးမင်း

ဒါဆိုရင် သူရအေးမင်းဆိုတာလန်ဒန်မှာ တကယ်ရှိလား။ သူက ဘယ်လို လူမျိုး လဲ။

ကိုသူရအေးမင်း လန်ဒန်တောင်ပိုင်းမှာ နေထိုင်နေတယ်ဆိုတာ သူ့နဲ့ အရင်ကဆုံခဲ့ဘူးတဲ့ သူတစ်ယောက်က အခုလို အတည်ပြုပြောကြားကြောင်း Burma Vj သတင်းမှာဖော်ပြထားပါတယ်။

သူနဲ့ သိတာက ကျွန်တော်လန်ဒန်ရောက်ခါစ နှစ်ထောင်ခုနှစ် ပတ်ဝန်းကျင်ကပါ။ သူက နှစ်ထောင်ခုနှစ် မတိုင်ကတည်းက ရောက်နေပြီထင်တယ်။ ဒီမိုကရေစီရေး အတွက် ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွလုပ် တာတွေ့တယ်။နောက်ပိုင်းကျတော့ နိုင်ငံရေးခိုလှုံခွင့်အတွက် ပိုက်ဆံယူပြီး လုပ်ပေးတယ်ကြားတယ်။ အဲ့ဒါကို တစ်ချို့က မကြိုက်ကြဘူး၊အရင်တုန်းကတော့ စစ်တပ်ဆန့်ကျင်ရေးပဲ။ နောက်ပိုင်းကျတော့ စစ်တပ်ထောက်ခံတဲ့သူ ဖြစ်သွားတယ်။ ထင်ထင်ရှားရှားသိတာကတော့ လက်ပံတန်းကျောင်းသား အရေးအခင်းမှာကျောင်းသားတွေ အရိုက်ခံရတာကို ရဲတွေဘက်ကဝင်ရေးတယ်။ ကျောင်းသားတွေ လုပ်တာမဟုတ်ဘူးဆိုတဲ့ ပုံစံမျိုးပေါ့။အဲ့ဒီအချိန်မှာ တိတိကျကျ သိရတာပေါ့။




အာအက်ဖ်အေမှာ ပြောနေတဲ့ ကိုသူရအေးမင်း လန်ဒန်မှာ ဘပ်စ်ကားမောင်းနေတဲ့သူ လို့ ပြောတာနဲ့ ပတ်သက်ပြီး “အဲ့ဒါဟုတ်နိုင်တယ်ဗျ။နောက်ဆုံးသိတာတော့ ဘပ်စ်ကားမောင်းနေတယ်လို့ ကြားတယ်။ အရင်တုန်းက QualitySolicitors A-Z Law လို့ခေါ်တဲ့ Law firmမှာလည်း case worker လုပ်ဖူးတယ်ဗျ ” လို့ သူကထပ်ဖြည့်ပြောပါတယ်။

@Thura Aye Min

ပြီးတော့ အာအက်ဖ်အေသတင်းထဲမှာပါတဲ့ စွပ်စွဲချက် အရ ကိုသူရအေးမင်းက ဦးကျော်မိုးထွန်းကို လုပ်ကြံနိုင်တယ်ဆိုတာဖြစ်နိုင်လားလို့ ထပ်မေးကြည့်တော့ “တကယ်လုပ်ဖို့ အားရှိ မရှိတော့ မသိဘူး။ဟိုတုန်းကတည်းက လက်နက်နဲ့ ပတ်သက်တာတွေ စိတ်ဝင်စားတွေရှိတယ်ဆို တာတော့သိခဲ့ဘူးတယ် “လို့ သူက ထပ်ဖြည့်ပြောပါတယ်။

ကိုသူရအေးမင်းနဲ့ လူချင်းစကားပြောခဲ့ဖူးတဲ့ လန်ဒန်သားတစ်ယောက်ကလည်း သူနဲ့ဆုံတဲ့ အချိန်တုန်းက လက်နက်အကြောင်းတွေ နာရီဝက်လောက် ကိုသူရအေးမင်းက သူ့ကိုပြောခဲ့ဘူးတယ်လို့ ထပ်ပြောပါတယ်။




သူက ဘယ်လို လူမျိုးလဲ ကိုသူရအေးမင်းဟာ အရင်တုန်းက ဒီမိုကရေစီအရေးအတွက် ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့သူဆိုပေမယ့် ဖေဖော်ဝါရီ၁ရက်နေ့ နောက်ပိုင်းမှာတော့ စစ်အာဏာသိမ်းတာကို အကြီးအကျယ် ထောက်ခံတဲ့သူဖြစ်နေပြီး ဒီမိုကရေစီဘက်တော်သားတွေကိုလည်း တိုက်ခိုက်နေသူအဖြစ် သူ့ ကိုယ်ပိုင်ဖေ့စ်ဘုတ်ခ် ထဲမှာ တွေ့နိုင်ပါတယ်။

@Thura Aye Min
@Facebook

သူတင်ထားတဲ့ ဖေ့စ်ဘုတ်ခ်ပို့စ်တွေထဲမှာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် မိန်းမကို တောင် အမေလို့ ခေါ်ထားတာကိုတွေ့ရပြီး ဒီမိုကရေစီတိုက်ပွဲဝင်တဲ့သူတွေဖြစ်တဲ့ ပန်ဆယ်လိုအပါအဝင် အခြားသူတွေကိုပါ အကြီးအကျယ်တိုက်ခိုက်ထားတာတွေ့ရပါတယ်။

သူဟာ ဒီမိုကရေစီတိုက်ပွဲဝင်တွေကို ဆန့်ကျင်တဲ့ သူဖြစ်ရုံတင်သာမက လူမျိုးရေး ဘာသာရေး အကြီးအကျယ်ခွဲခြားဆန့်ကျင်တဲ့ သူတစ်ယောက်ဖြစ်တယ်ဆိုတာလည်း သူတင်ထားတဲ့ပို့စ်တွေအရ သိရပါတယ်။

သူရအေးမင်း

စစ်တပ်ထောက်ခံသူ ရိုဟင်ဂျာဆန့်ကျင်သူအဖြစ် မွတ်စလင်မုန်းတီးရေး သမားတွေနဲ့ စကားဝိုင်းတွေပုံမှန် လုပ်လေ့ရှိပြီး အာဏာသိမ်း စစ်တပ်ကိုထောက်ခံတဲ့ အင်အားစုတွေ နိုင်ငံတကာမှာ ပိုအားကောင်း လာအောင်လုပ်ဖို့ကိုပါ လှုံ့ဆော်နေတဲ့ သူလည်းဖြစ်ပါတယ်။




Ref: Burma VJ and Mizzima

Leave a Comment