Uncategorized

အမာရွတ်အမျိုးမျိုးကို သဘာဝနည်းနဲ့ လျင်လျင်မြန်မြန် ဖယ်ရှားနိုင်မယ့် နည်းလမ်း (၁၀) ခု

ခန္ဓာကိုယ်မှာ၊ မျက်နှာပေါ်မှာ အမာရွတ်တွေ ရှိနေရင် အဝတ်အစား ဝတ်ရတာ တော်တော် ခက်ခဲပါတယ်။ အချိန်ပေးနိုင်ပြီး စိတ်ရှည်ရှည် စောင့်နိုင်ရင် အမာရွတ်တွေကို သဘာဝ နည်းအတိုင်း ဖယ်ရှားလို့ ရပါတယ်

10. Vaseline

လေ့လာချက်တွေ အရ မျက်နှာပေါ်က အမာရွတ်တွေ အတွက် Vaseline က တန်ဖိုးကြီး cream တွေထက် ပိုပြီး ထိရောက်တာကို တွေ့ရပါတယ်။ Vaseline ကို တစ်နေ့ 3 ကြိမ်ခန့် လိမ်းပေးရင် 3 ပတ် အကြာမှာ ထူးခြားလာ မှာပါ။ Vaseline က အသားအရေကို ရေဓာတ်လည်း ဖြည့်ပေးပါတယ်။ ရေကျောက်၊ ဝက်ခြံ အမာရွတ်၊ ထိမိခြစ်မိတဲ့ အမာရွတ်တွေ အတွက် Vaseline က အကောင်းဆုံး ပါပဲ။

9. ရှားစောင်းလက်ပတ် ဂျယ်လ်

အသားအရေ အတွက် ရှားစောင်းလက်ပတ်ကို အသုံးပြုခဲ့တာ နှစ်ပေါင်း မနည်းတော့ ပါဘူး။ ရှားစောင်းလက်ပတ် ဂျယ်လ်က အရေပြား ဆဲလ်တွေကို ပြုပြင်ပေး ပါတယ်။ အမာရွတ် ရှိတဲ့ နေရာမှာ ရှားစောင်းလက်ပတ် ဂျယ်လ်ကို လိမ်းပေးပြီး မိနစ် 30 ခန့် ထားရမှာပါ။ တစ်နေ့ကို နှစ်ကြိမ်ခန့် ပြုလုပ်ပေးလို့ ရပါတယ်။ ခွဲစိပ်မှုကြောင့် ကျန်ခဲ့တဲ့ အမာရွတ်တွေ အတွက် ရှားစောင်း လက်ပတ်က သင့်တော်ပါတယ်။

8. ဆီလီကွန်

ထိခိုက်ဒဏ်ရာ၊ မီးလောင်ဒဏ်ရာတို့ဖြစ်တဲ့အခါ ကျန်ခဲ့တဲ့အမာရွတ်အတွက် အနာကပ်ပလာစတာနဲ့ ဆီလီကွန်ဂျယ်လ်တို့ကို အသုံးပြုနိုင် ပါတယ်။ဆီလီကွန်က အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး အမာရွတ်တွေကို ဘက်တီးရီးယားတွေကို ဝင်ရောက်မှုကနေလည်း ကာကွယ်ပေးပါတယ်။

7. ရနံံ့ဆီ(စန္ဒကူးဆီနှင့် လာဗင်ဒါဆီ)

စန္ဒကူးဆီနဲ့ လာဗင်ဒါဆီက အနာကျက်စေပြီး ဆဲလ်တွေကို ပြန်လည် ရှင်သန်စေပါတယ်။ အမာရွတ်ရှိတဲ့နေရာ အထူးသဖြင့် ဝက်ခြံအမာရွတ်နေရာမှာ ရနံ့ဆီကို လိမ်းပေးလို့ရပါတယ်။

6. နှိပ်နယ်ပေးခြင်း

အမာရွတ်ရှိတဲ့နေရာကို lotionလိမ်းပေးပြီး နှိပ်နယ်ပေးခြင်း ကလည်း ထိရောက်တဲ့ နည်းပါပဲ ။ တစ်ရက်ကို 30 စက္ကန့်လောက် လိမ်းပေးခြင်းက မကောင်းတဲ့ ဆဲလ်တွေကို ဖယ်ရှားပြီးသား ဖြစ်စေပါတယ်။ ခွဲစိပ်ပြီးနောက် ကျန်ခဲ့တဲ့ အမာရွတ်တွေ အတွက်လည်း ဒီနည်းကို သုံးနိုင် ပါတယ်။

5. နေလောင်ခံ လိမ်းဆေး

ခန္ဓာကိုယ်မှာ အနာတစ်ခုခု ရှိရင်လည်း နေပူခံလို့ မဖြစ်ပါဘူး။ နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်က အမည်းစက်တွေကို ဖြစ်စေ ပါတယ်။ အဲဒါကြောင့် SPF 15 နဲ့ အထက်ပါဝင်တဲ့ နေလောင်ခံ လိမ်းဆေးတွေကို အမာရွတ်ပေါ်မှာ လိမ်းပေးသင့် ပါတယ်။

4. ကြက်သွန်နီဂျယ်လ်

ကြက်သွန်နီနဲ့ ပြုလုပ်ထားတဲ့ ဂျယ်လ်ကို အရေပြားရောင်ရမ်း၊ ဘက်တီးရီးယား ဝင်ရောက်တာတွေအတွက် အသုံးပြုနိုင်ပါတယ်။ ကြက်သွန်နီဂျယ်လ်က အမာရွတ်တစ်ရှူးတွေကို ဘေးထွက်ဆိုးကျိုး မရှိစေဘဲ ဖယ်ရှားပေးပါတယ်။ တစ်နေ့ကို 3 ကြိမ်ခန့် လိမ်းပေးလို့ ရပါတယ်။

3. ပန်းသီးရှာလကာရည်နှင့် ပျားရည်

ပန်းသီးရှာလကာရည်က အမာရွတ်တွေကို လုံးဝ ပျောက်ကင်းစေမှာတော့ မဟုတ်ပါဘူး။ ပန်းသီးရှာလကာရည်နဲ့ ပျားရည်ကိုရောပြီး အမာရွတ်ပေါ် လိမ်းပေးရင် တဖြည်းဖြည်း ထူးခြားလာပါတယ်။

2. သံလွင်ဆီနှင့် အုန်းဆီ

အုန်းဆီက ကော်လဂျင် ထုတ်လုပ်မှုကို လှုံ့ဆော်ပေးပါတယ်။ သံလွင်ဆီက ဗီတာမင် ပါဝင်တာကြောင့် အနာမြန်မြန် ကျက်စေပါတယ်။ အသားအရေကိုလည်း ရေဓာတ်နဲ့ အာဟာရဓာတ် ဖြည့်ပေးပါတယ်။ သံလွင်ဆီနဲ့ အုန်းဆီကို တစ်နေ့ကို 10 မိနစ်ခန့် အချိန်ပေးပြီး လိမ်းပေးရင် အမာရွတ်တွေ တဖြည်းဖြည်းပျောက်သွားမှာပါ။

1. ဗီတာမင် C

ဗီတာမင် C ကို အမာရွတ်တွေ အတွက် အသင့်တော်ဆုံး ပါပဲ။ ကော်လဂျင် ထုတ်လုပ်မှု တိုးတက်လာစေဖို့အတွက် အသားအရေက ဗီတာမင် C လိုအပ်ပါတယ်။ ဗီတာမင် C ကို လိမ်းဖို့ အတွက်ရော၊ သောက်ဖို့အတွက်ပါ ဆရာဝန်တွေက အကြံပြုထားပါတယ်။

အမာရွတ်တွေ ကြာကြာ မကျန်စေဖို့အတွက် အနာဖြစ်ပြီဆိုရင်

– အနာကို သန့်သန့်ရှင်းရှင်း ထားပြီး ရေဓာတ်ဖြည့်ပေးတဲ့၊ ဆီပါဝင်တဲ့ လိမ်းဆေးတစ်ခုခုကို လိမ်းပါ။

– အနာကို ပတ်တီးနဲ့ ပတ်ထားပါ။

– အနာကို နေရောင် အထိမခံဘဲ နေပူခံလိမ်းဆေးကို လိမ်းပေးပါ။

– အနာကို မှန်ကန်တဲ့ ကုသမှုတွေက လွဲပြီး တခြား ကုသမှုတွေ မပြုလုပ်သင့်ပါဘူး။

– အနာမကျက်ခင် အနာဖေးကို မခွာသင့်ပါဘူး။

– လေ့ကျင့်ခန်း လုပ်လို့ ရပါတယ်။

– အနာကျက်အောင် စိတ်ရှည်ရှည်စောင့်ပါ။

Zombie (LoveMedia)

For Zawgyi

အမာ႐ြတ္အမ်ိဳးမ်ိဳးကို သဘာဝနည္းနဲ႔ လ်င္လ်င္ျမန္ျမန္ ဖယ္ရွားႏိုင္မယ့္ နည္းလမ္း (၁၀) ခု

ခႏၶာကိုယ္မွာ၊ မ်က္ႏွာေပၚမွာ အမာ႐ြတ္ေတြ ရွိေနရင္ အဝတ္အစား ဝတ္ရတာ ေတာ္ေတာ္ ခက္ခဲပါတယ္။ အခ်ိန္ေပးႏိုင္ၿပီး စိတ္ရွည္ရွည္ ေစာင့္ႏိုင္ရင္ အမာ႐ြတ္ေတြကို သဘာဝ နည္းအတိုင္း ဖယ္ရွားလို႔ရပါတယ္

10. Vaseline

ေလ့လာခ်က္ေတြ အရ မ်က္ႏွာေပၚက အမာ႐ြတ္ေတြ အတြက္ Vaseline က တန္ဖိုးႀကီး cream ေတြထက္ ပိုၿပီး ထိေရာက္တာကို ေတြ႕ရပါတယ္။ Vaseline ကို တစ္ေန႔ 3 ႀကိမ္ခန႔္ လိမ္းေပးရင္ 3 ပတ္ အၾကာမွာ ထူးျခားလာ မွာပါ။ Vaseline က အသားအေရကို ေရဓာတ္လည္း ျဖည့္ေပးပါတယ္။ ေရေက်ာက္၊ ဝက္ၿခံ အမာ႐ြတ္၊ ထိမိျခစ္မိတဲ့ အမာ႐ြတ္ေတြ အတြက္ Vaseline က အေကာင္းဆုံး ပါပဲ။

9. ရွားေစာင္းလက္ပတ္ ဂ်ယ္လ္

အသားအေရ အတြက္ ရွားေစာင္းလက္ပတ္ကို အသုံးျပဳခဲ့တာ ႏွစ္ေပါင္း မနည္းေတာ့ ပါဘူး။ ရွားေစာင္းလက္ပတ္ ဂ်ယ္လ္က အေရျပား ဆဲလ္ေတြကို ျပဳျပင္ေပး ပါတယ္။ အမာ႐ြတ္ ရွိတဲ့ ေနရာမွာ ရွားေစာင္းလက္ပတ္ ဂ်ယ္လ္ကို လိမ္းေပးၿပီး မိနစ္ 30 ခန႔္ ထားရမွာပါ။ တစ္ေန႔ကို ႏွစ္ႀကိမ္ခန႔္ ျပဳလုပ္ေပးလို႔ ရပါတယ္။ ခြဲစိပ္မႈေၾကာင့္ က်န္ခဲ့တဲ့ အမာ႐ြတ္ေတြ အတြက္ ရွားေစာင္း လက္ပတ္က သင့္ေတာ္ပါတယ္။

8. ဆီလီကြန္

ထိခိုက္ဒဏ္ရာ၊ မီးေလာင္ဒဏ္ရာတို႔ျဖစ္တဲ့အခါ က်န္ခဲ့တဲ့အမာ႐ြတ္အတြက္ အနာကပ္ပလာစတာနဲ႔ ဆီလီကြန္ဂ်ယ္လ္တို႔ကို အသုံးျပဳႏိုင္ ပါတယ္။ဆီလီကြန္က အသားအေရကို ေရဓာတ္ျဖည့္ေပးၿပီး အမာ႐ြတ္ေတြကို ဘက္တီးရီးယားေတြကို ဝင္ေရာက္မႈကေနလည္း ကာကြယ္ေပးပါတယ္။

7. ရနံံ့ဆီ(စႏၵကူးဆီႏွင့္ လာဗင္ဒါဆီ)

စႏၵကူးဆီနဲ႔ လာဗင္ဒါဆီက အနာက်က္ေစၿပီး ဆဲလ္ေတြကို ျပန္လည္ ရွင္သန္ေစပါတယ္။ အမာ႐ြတ္ရွိတဲ့ေနရာ အထူးသျဖင့္ ဝက္ၿခံအမာ႐ြတ္ေနရာမွာ ရနံ႔ဆီကို လိမ္းေပးလို႔ရပါတယ္။

6. ႏွိပ္နယ္ေပးျခင္း

အမာ႐ြတ္ရွိတဲ့ေနရာကို lotionလိမ္းေပးၿပီး ႏွိပ္နယ္ေပးျခင္း ကလည္း ထိေရာက္တဲ့ နည္းပါပဲ ။ တစ္ရက္ကို 30 စကၠန႔္ေလာက္ လိမ္းေပးျခင္းက မေကာင္းတဲ့ ဆဲလ္ေတြကို ဖယ္ရွားၿပီးသား ျဖစ္ေစပါတယ္။ ခြဲစိပ္ၿပီးေနာက္ က်န္ခဲ့တဲ့ အမာ႐ြတ္ေတြ အတြက္လည္း ဒီနည္းကို သုံးႏိုင္ ပါတယ္။

5. ေနေလာင္ခံ လိမ္းေဆး

ခႏၶာကိုယ္မွာ အနာတစ္ခုခု ရွိရင္လည္း ေနပူခံလို႔ မျဖစ္ပါဘူး။ ေနေရာင္ျခည္မွာ ပါဝင္တဲ့ ခရမ္းလြန္ေရာင္ျခည္က အမည္းစက္ေတြကို ျဖစ္ေစ ပါတယ္။ အဲဒါေၾကာင့္ SPF 15 နဲ႔ အထက္ပါဝင္တဲ့ ေနေလာင္ခံ လိမ္းေဆးေတြကို အမာ႐ြတ္ေပၚမွာ လိမ္းေပးသင့္ ပါတယ္။

4. ၾကက္သြန္နီဂ်ယ္လ္

ၾကက္သြန္နီနဲ႔ ျပဳလုပ္ထားတဲ့ ဂ်ယ္လ္ကို အေရျပားေရာင္ရမ္း၊ ဘက္တီးရီးယား ဝင္ေရာက္တာေတြအတြက္ အသုံးျပဳႏိုင္ပါတယ္။ ၾကက္သြန္နီဂ်ယ္လ္က အမာ႐ြတ္တစ္ရႉးေတြကို ေဘးထြက္ဆိုးက်ိဳး မရွိေစဘဲ ဖယ္ရွားေပးပါတယ္။ တစ္ေန႔ကို 3 ႀကိမ္ခန႔္ လိမ္းေပးလို႔ ရပါတယ္။

3. ပန္းသီးရွာလကာရည္ႏွင့္ ပ်ားရည္

ပန္းသီးရွာလကာရည္က အမာ႐ြတ္ေတြကို လုံးဝ ေပ်ာက္ကင္းေစမွာေတာ့ မဟုတ္ပါဘူး။ ပန္းသီးရွာလကာရည္နဲ႔ ပ်ားရည္ကိုေရာၿပီး အမာ႐ြတ္ေပၚ လိမ္းေပးရင္ တျဖည္းျဖည္း ထူးျခားလာပါတယ္။

2. သံလြင္ဆီႏွင့္ အုန္းဆီ

အုန္းဆီက ေကာ္လဂ်င္ ထုတ္လုပ္မႈကို လႈံ႕ေဆာ္ေပးပါတယ္။ သံလြင္ဆီက ဗီတာမင္ ပါဝင္တာေၾကာင့္ အနာျမန္ျမန္ က်က္ေစပါတယ္။ အသားအေရကိုလည္း ေရဓာတ္နဲ႔ အာဟာရဓာတ္ ျဖည့္ေပးပါတယ္။ သံလြင္ဆီနဲ႔ အုန္းဆီကို တစ္ေန႔ကို 10 မိနစ္ခန႔္ အခ်ိန္ေပးၿပီး လိမ္းေပးရင္ အမာ႐ြတ္ေတြ တျဖည္းျဖည္းေပ်ာက္သြားမွာပါ။

1. ဗီတာမင္ C

ဗီတာမင္ C ကို အမာ႐ြတ္ေတြ အတြက္ အသင့္ေတာ္ဆုံး ပါပဲ။ ေကာ္လဂ်င္ ထုတ္လုပ္မႈ တိုးတက္လာေစဖို႔အတြက္ အသားအေရက ဗီတာမင္ C လိုအပ္ပါတယ္။ ဗီတာမင္ C ကို လိမ္းဖို႔ အတြက္ေရာ၊ ေသာက္ဖို႔အတြက္ပါ ဆရာဝန္ေတြက အႀကံျပဳထားပါတယ္။

အမာ႐ြတ္ေတြ ၾကာၾကာ မက်န္ေစဖို႔အတြက္ အနာျဖစ္ၿပီဆိုရင္

– အနာကို သန႔္သန႔္ရွင္းရွင္း ထားၿပီး ေရဓာတ္ျဖည့္ေပးတဲ့၊ ဆီပါဝင္တဲ့ လိမ္းေဆးတစ္ခုခုကို လိမ္းပါ။

– အနာကို ပတ္တီးနဲ႔ ပတ္ထားပါ။

– အနာကို ေနေရာင္ အထိမခံဘဲ ေနပူခံလိမ္းေဆးကို လိမ္းေပးပါ။

– အနာကို မွန္ကန္တဲ့ ကုသမႈေတြက လြဲၿပီး တျခား ကုသမႈေတြ မျပဳလုပ္သင့္ပါဘူး။

– အနာမက်က္ခင္ အနာေဖးကို မခြာသင့္ပါဘူး။

– ေလ့က်င့္ခန္း လုပ္လို႔ ရပါတယ္။

– အနာက်က္ေအာင္ စိတ္ရွည္ရွည္ေစာင့္ပါ။

Zombie (LoveMedia)

Leave a Comment