Daily News

ရေကို တောက်ပတဲ့ရွှေသတ္တုတစ်မျိုးအဖြစ် အောင်မြင်စွာ အသွင်ပြောင်းလဲနိုင်ခဲ့ကြတဲ့ သုတေသနပညာရှင်များ

မသန့်စင်ထားတဲ့ရေက လျှပ်စစ်ဓာတ်ကိုသယ်ဆောင်နိုင်နေပါပြီ။ ဆိုလိုသည်မှာ အနုတ်လက္ခဏာပါတဲ့ အီလက်ထရွန်များက ၎င်းရဲ့မော်လီကျူးများအကြား အလွယ်တကူစီးဆင်းနိုင်တယ်လို့ လေ့လာမှုအသစ်အရ သိရပါတယ်။ သို့ပေမဲ့ သန့်စင်ထားတဲ့ရေက မော်လီကျူးများသာပါရှိပြီး ၎င်းရဲ့အပြင်ဘက်ဆုံးရှိအီလက်ထရွန်များက သတ်မှတ်ထားတဲ့အက်တမ်များနှင့် ချည်နှောင်ထားတဲ့အတွက်ကြောင့် ရေမှတဆင့် လွတ်လပ်စွာ မစီးဆင်းနိုင်ပါဘူး။ သီအိုရီအရ လူတစ်ဦးအား သန့်စင်တဲ့ရေဖြင့်လုံလောက်တဲ့ဖိအားပေးလျှင် ရေမော်လီကျူးများက အက်တမ်တစ်ခုစီရဲ့အနီးဆုံးအပြင်ဘက်ရှိအီလက်ထရွန်များဖြစ်တဲ့ ၎င်းတို့ရဲ့ valence ခွံများနှင့် အတူတကွကျဆင်းလာပါလိမ့်မယ်။ ၎င်းက အီလက်ထရွန်များကို မော်လီကျူးတစ်ခုစီအကြား လွတ်လပ်စွာစီးဆင်းစေပြီး ရေအားသတ္တုတစ်ခုအဖြစ် နည်းပညာအရ ပြောင်းလဲစေနိုင်ပါတယ်။


ပြဿနာက ရေကိုသတ္တုထဲသို့၀င်ရန် ဖိအား ၁၅ သန်း (၂၂၀ psi ခန့်) လိုအပ်ပါလိမ့်မယ်လို့ Prague မြို့ရှိ Czech Academy of Physical Academy မှလေ့လာမှုစာရေးဆရာ Pavel Jungwirth က Nature News သတင်းသို့ ပြောကြားခဲ့ပါတယ်။ ဒီအကြောင်းကြောင့် ဘူမိရူပဗေဒပညာရှင်များက ၎င်းက Jupiter, Neptune နှင့် Uranus ကဲ့သို့ကြီးမားသောဂြိုလ်ကြီးများရဲ့အလယ်မှာသာရှိနေနိုင်တယ်လို့ သံသယရှိခဲ့ကြပါတယ်။


သို့ပေမဲ့ Jungwirth နှင့်သူ့လုပ်ဖော်ကိုင်ဖက်များက Jupiter ဂြိုလ်ရဲ့ဗဟိုချက်မှာတွေ့ရတဲ့ဖိအားများကိုမဖန်တီးဘဲ ကွဲပြားတဲ့နည်းလမ်းများနှင့် သတ္ထုတစ်ခုအဖြစ် ပြောင်းလဲနိုင်ပါလားဟု ရူးမိုက်စွာ တွေးတောခဲ့ကြပါတယ်။ Alkali သတ္တုဟာ ဆိုဒီယမ်နှင့်ပိုတက်စီယမ်ကဲ့သို့ဒြပ်စင်များပါ၀င်ပြီး ၎င်းတို့ရဲ့ valence ခွံမှာအီလက်ထရွန်တစ်ခုသာ ပါ၀င်ပါတယ်။


Alkali သတ္တုများဟာ ဓာတုဗေဒနှောင်ကြိုးများဖွဲ့စည်းတဲ့အခါ အခြားအက်တမ်များသို့ မျှဝေလေ့ရှိပါတယ်။ အကြောင်းမှာ ထိုတစ်ခုတည်းသောအီလက်ထရွန်ရဲ့ဆုံးရှုံးမှုက Alkali သတ္တုကို ပိုမိုတည်ငြိမ်သွားစေပါတယ်။


စမ်းသပ်မှုအသစ်တစ်ခုမှာ သိပ္ပံပညာရှင်များက ဆိုဒီယမ်နှင့်ပိုတက်စီယမ်တို့ပါ၀င်တဲ့ ဆေးထိုးပြွန်ကိုလေဟာနယ်ခန်းတစ်ခုမှာ အတွင်းအရည်များညှစ်ထုတ်ပြီးနောက် ထိုအခန်းအပူချိန်မှာ ၎င်းကိုစက္ကန့်အနည်းငယ်ကြာအောင်ထားပြီး သတ္တုအသစ်တစ်မျိုးကို ပြောင်းလဲစေခဲ့ပါတယ်။ စမ်းသပ်မှုလုပ်ဆောင်ရန် အီလက်ထရွန်များက ပေါက်ကွဲစေနိုင်တဲ့တုံ့ပြန်မှုထက် ပိုမြန်ရန်လိုအပ်ကြောင်း Jungwirth က Nature News သို့ပြောကြားခဲ့ပါတယ်။


Alkali သတ္တုများအား ရေထဲသို့အီလက်ထရွန်များချဲ့လိုက်တာနှင့်တစ်ပြိုင်နက် မယုံနိုင်စရာအရာတစ်ခုဖြစ်ပျက်ခဲ့ပါတယ်။ ခဏအကြာမှာ တောက်ပတဲ့ရွှေရောင်သတ္တုတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ ရောင်ခြည်သုံးပြီး တောက်ပတဲ့၎င်းအဝါရောင်ရေက အမှန်တကယ်သတ္တုဖြစ်တာကို ပြသနိုင်ခဲ့ပါတယ်။


” ကျွန်တော်တို့ရဲ့လေ့လာမှုက သတ္တုရည်ကိုကမ္ဘာပေါ်မှာအမှန်တကယ်ထုတ်လုပ်နိုင်ရုံတင်မကဘဲ ၎င်းရဲ့လှပတဲ့ရွှေသတ္ထုတောက်ပမှုနှင့်ဆက်နွယ်သောရောင်ခြည်ဂုဏ်သတ္တိကိုပါပြသနိုင်ခဲ့တယ် ” လို့ Humboldt တက္ကသိုလ်မှ Young Investigator Group ရဲ့လေ့လာမှုစာရေးဆရာ Robert Seidel က ပြောကြားခဲ့ပါတယ်။ ဒြပ်စင်အသစ်တစ်ခုကို သင်ရှာဖွေတွေ့ရှိတဲ့အခါ ၎င်းရဲ့ feeling က အရမ်းအံ့ဩပြီးစိတ်ဝင်စားစရာကောင်းတယ် လို့လည်း Jungwirth က Nature News သတင်းသို့ ထပ်မံပြောကြားခဲ့ပါသေးတယ်။

Mia (KB Chimmy One)

Reference : livescience

Leave a Comment