Daily News

လစာမြင့်တဲ့အလုပ်မှနှုတ်ထွက်ကာ မြေလွတ်တစ်ခုကိုဝယ်ယူပြီး သူမရဲ့ဘဝကို အကန့်အသတ်မရှိဘဲ ပျော်ရွှင်စွာဖြတ်သန်းနေခဲ့တဲ့ အမျိုးသမီးတစ်ဦး

လက်ရှိ အသက် ၄၃ နှစ်အရွယ် Tamsin Carvan အမျိုးသမီးဟာ သူမမိသားစုနှင့်အတူ ပန်းများ၊ အပင်များနှင့်အိမ်နီးချင်းများကဲ့သို့သော တိရိစ္ဆာန်များနှင့်အတူ သဘာဝတရားရဲ့အငြိမ်းချမ်းဆုံးဘ၀ကို ခံစားကာနေထိုင်လျက်ရှိပါတယ်။ တစ်ချိန်က Carvan ၀ယ်ယူခဲ့တဲ့မြေက ခြောက်သွေ့တဲ့မြေဖြစ်ပြီး ယခုအခါအသီးအရွက်များနှင့်ပြည့်နှက်နေပြီး ဒီလိုစိမ်းလန်းတဲ့နေရာကို ၁၃ နှစ်အတွင်း Carvan မိသားစုတို့ကြိုးစားအားထုတ်မှုရဲ့ရလဒ်တစ်ခုလည်းဖြစ်ပါတယ်။


.


Carvan ရဲ့ဘဝက အလွန်ရိုးရှင်းပါတယ်။ သူမ အသက် ၂၇ နှစ်မှာ လူသိများတဲ့ကြော်ငြာကုမ္ပဏီတစ်ခုမှာ သင့်တင့်လျောက်ပတ်တဲ့လစာဖြင့် အလုပ်လုပ်ရင်း ပုံမှန်လူတစ်ဦးရဲ့ဘဝလို နေထိုင်ခဲ့ပါတယ်။ ထို့နောက် လူအများအားအရူးလို့ထင်မိစေတဲ့သူမရဲ့ဆုံးဖြတ်ချက်က အရာအားလုံးကို ပြောင်းလဲစေခဲ့ပါတယ်။


.


Carvan ဟာ သူမစုဆောင်းထားတဲ့ငွေများအားလုံးကိုသုံးပြီး သြစတေးလျနိုင်ငံ Poowong ပြည်နယ်မှာ စတုရန်းမီတာ ၁၄၀,၀၀၀ ရှိတဲ့မြေကွက်ကို ၀ယ်ယူခဲ့ပါတယ်။ ထိုဆုံးဖြတ်ချက်က အဓိပ္ပာယ်မဲ့ပုံရပေမဲ့ Carvan ဟာ ၎င်းကို အပီအပြင်စိတ်ဆုံးဖြတ်ထားခဲ့ပါတယ်။


.


အဖော်အဖြစ် လယ်ယာတစ်ကွင်း ၊ ပန်းများပြည့်နှက်နေတဲ့ ဥယျာဉ်နှင့် သက်တောင့်သက်သာရှိတဲ့ အိမ်ဒီဇိုင်းများအတွက်ကိုလည်း Carvan က ကိုယ်တိုင်စဉ်းစားပုံဖော်ခဲ့ပြီး သူမအတွက် သက်တောင့်သက်သာရှိစေတဲ့အပြင် Carvan ဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ကိုက်ညီတဲ့အယူအဆကိုလည်း လိုက်နာခဲ့ပါတယ်။


.


Carvan ဟာ အိမ်ဆောက်ပစ္စည်းများမှ အညစ်အကြေးများကိုလည်း ပြန်လည်ပြုပြင်ပြီး သူမလိုချင်တဲ့အရာကိုပြန်လည် ဒီဇိုင်းထုတ်ခဲ့ပြီး Carvan ဟာ တဖြည်းဖြည်းနှင့် သူမကိုယ်တိုင်ပရိဘောဂများကို ပြုလုပ်လာနိုင်ခဲ့ပါတယ်။


.


စပါးခင်းများ၊ မြက်ခင်းများ၊ သစ်ပင်များ၊ သစ်သီးမျိုးစုံနှင့်ဟင်းသီးဟင်းရွက်များစိုက်ပျိုးထားတာကြောင့် ထိုလတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်များကလည်း မိသားစုတစ်စုလုံး လုံလောက်စွာစားသုံးနိုင်ပါတယ်။


.


ရိတ်သိမ်းရာသီအပြီးမှာ ဖရဲသီး၊ သစ်သီးများနှင့်လတ်ဆတ်တဲ့နို့များကို Carvan မှ ယိုနှင့်ဒိန်ခဲအဖြစ် ပြုလုပ်ထားပါသေးတယ်။ ကဲ Carvan လို့ ဒီထက်ပိုကျေနပ်စရာကောင်းတဲ့ဘဝမျိုးကရှိပါအုံးပါ့မလားဗျာ။ သင်လည်း ပျော်ရွှင်မှုအတွက် သင့်ရဲ့စိတ်ပြတင်းပေါက်ကို ဖွင့်ကြည့်လိုက်ပါ။


.


သို့ပေမဲ့ အရေးကြီးတာက လူနေထူထပ်တဲ့မြို့တော်ကြီးကလည်း မြို့လယ်ရှိလူများရဲ့သာယာဝပြောမှုများရှိသလို ကျေးလက်ဒေသမှာလည်း လှပပြီး ကဗျာဆန်တဲ့ လူနေမှုဘဝမျိုးလည်း ရှိနေပါတယ်။ ဒီနှစ်ခုတည်းကနေ တစ်ခုကိုတော့ သင့်ရွေးချယ်ရမှာပါ။


.


.


သို့ပေမဲ့ ပျော်ရွှင်မှုတိုင်းအတွက် တိကျတဲ့ဆုံးဖြတ်ချက်တစ်ခုတော့ လိုအပ်ပါလိမ့်မယ်။ အချိန်ဟာ မည်သည့်ရဲစွမ်းသတ္တိနှင့်ကြိုးစားမှုကိုမှ စိတ်ပျက်စေမှာ မဟုတ်ပါဘူး။

Mia (KB Chimmy One)

Reference : gtgoodtimes

Leave a Comment