Daily News

စူပါဟီးရိုးကို ကူညီဖို့ TV ဖန်သားပြင်ကို တွေ့သမျှပစ္စည်းတွေနဲ့ ပစ်ပေါက်နေခဲ့တဲ့ ကလေးငယ်(ရုပ်သံ)

ကလေးငယ်များဟာ ၎င်းတို့ရဲ့အကြိုက်ဆုံးကာတွန်းဇာတ်ကားများကို စွဲလမ်းနေသည်မှာ မထူးဆန်းပါဘူး။ အချို့က ၎င်းတို့ကြိုက်နှစ်သက်တဲ့ကာတွန်းဇာတ်ကောင်များရဲ့ရုပ်ပုံတူအရုပ်များကို ၎င်းတို့ရဲ့အကောင်းဆုံးသူငယ်ချင်းများလို့လည်း သတ်မှတ်ကာ ယုံကြည်ထားတတ်ကြပါတယ်။ တရုတ်နိုင်ငံရှိ မကြာသေးမီက ကလေးငယ်တစ်ဦးဟာ သူအကြိုက်ဆုံးကာတွန်းဖြစ်တဲ့ Ultraman အက်ရှင်ဇာတ်လမ်းတွဲကြည့်နေစဉ် ၎င်းအက်ရှင်ဇာတ်လမ်းတွဲရှိ သူရဲကောင်းအား အပြင်ကနေကူညီဖို့ဆုံးဖြတ်ခဲ့တဲ့ဗီဒီယိုက လူမှုကွန်ရက်မှာ အတော်လေးလူသိများကာ ပြန့်နှံ့သွားခဲ့ပါတယ်။ ဗီဒီယိုထဲအရ အဆိုပါကလေးငယ်ဟာ TV ဖန်သားပြင်ပေါ်ရှိ အကြိုက်ဆုံးစူပါဟီးရိုးကို မိစ္ဆာရန်သူများရဲ့ရန်မှ ကာကွယ်ကာကူညီနိုင်ရန်အတွက် သူ့ရဲ့အနီးအနားရှိ ကစားစရာများနှင့်အခြားအရာဝတ္ထုများဖြင့် TV ဖန်သားပြင်သို့ အားပြင်းပြင်းထည့်ကာ ပစ်ပေါက်နေခဲ့ပါတယ်။


ထို့နောက် အဆိုပါကလေးဟာ ဧည့်ခန်းထဲတစ်ဝိုက်မှတွေ့ရှိတဲ့အခြားအရာဝတ္ထုတစ်ခုကို ကောက်ယူပြီး နောက်ထပ်တစ်ကြိမ် TV ဖန်သားပြင်ပေါ်သို့ ပစ်ပေါက်ခဲ့ရင်း TV ရဲ့အပေါ်ဘက်အခြားကိုပျက်စီးသွားစေခဲ့ပါသေးတယ်။ အဆိုပါကလေးရဲ့စူပါဟီးရိုးများကိုကူညီဖို့ အရာဝတ္ထုပစ္စည်းများဖြင့် TV အားပစ်ပေါက်နေခဲ့တဲ့၎င်းဗီဒီယိုဟာ shares ပေါင်း ၃,၁၀၀ ကျော် ၊ Likeပေါင်း ၁၃,၀၀၀ ကျော်နှင့် မှတ်ချက်ပေါင်း ၄၅၀၀ ကျော်ကိုရရှိခဲ့ပါတယ်။ ၎င်းဗီဒီယိုကြောင့် အင်တာနက်သုံးစွဲသူများစွာက ပျော်ရွှင်စွာ ဟာသနှောခဲ့ကြပြီး အခြားသူများမှာတော့ ကလေးရဲ့မိဘများကဘယ်ရောက်နေခဲ့တာလဲလို့ မေးခွန်းထုတ်ခဲ့ကြပါတယ်။ ကလေးဆိုတဲ့အတိုင်း မသိသေးတဲ့အရာတွေများစွာရှိသေးတာကြောင့် အဆိုပါကလေးရဲ့လုပ်ရပ်ကို အပြစ်ပြောလို့မရသလို ၎င်းဟာ မိဘတွေရဲ့အနီးကပ်ကြည့်ရှုစောင့်ရှောက်မှုနှင့်သာ သက်ဆိုင်ပါတယ်။


Mia (KBdailynews)


Reference : worldofbuzz


Zawgyi


ကေလးငယ္မ်ားဟာ ၎တို႔ရဲ႕အႀကိဳက္ဆုံးကာတြန္းဇာတ္ကားမ်ားကို စြဲလမ္းေနသည္မွာ မထူးဆန္းပါဘူး။ အခ်ိဳ႕က ၎တို႔ႀကိဳက္ႏွစ္သက္တဲ့ကာတြန္းဇာတ္ေကာင္မ်ားရဲ႕႐ုပ္ပုံတူအ႐ုပ္မ်ားကို ၎တို႔ရဲ႕အေကာင္းဆုံးသူငယ္ခ်င္းမ်ားလို႔လည္း သတ္မွတ္ကာ ယုံၾကည္ထားတတ္ၾကပါတယ္။ တ႐ုတ္ႏိုင္ငံရွိ မၾကာေသးမီက ကေလးငယ္တစ္ဦးဟာ သူအႀကိဳက္ဆုံးကာတြန္းျဖစ္တဲ့ Ultraman အက္ရွင္ဇာတ္လမ္းတြဲၾကည့္ေနစဥ္ ၎အက္ရွင္ဇာတ္လမ္းတြဲရွိ သူရဲေကာင္းအား အျပင္ကေနကူညီဖို႔ဆုံးျဖတ္ခဲ့တဲ့ဗီဒီယိုက လူမႈကြန္ရက္မွာ အေတာ္ေလးလူသိမ်ားကာ ျပန႔္ႏွံ႔သြားခဲ့ပါတယ္။ ဗီဒီယိုထဲအရ အဆိုပါကေလးငယ္ဟာ TV ဖန္သားျပင္ေပၚရွိ အႀကိဳက္ဆုံးစူပါဟီး႐ိုးကို မိစာၦရန္သူမ်ားရဲ႕ရန္မွ ကာကြယ္ကာကူညီႏိုင္ရန္အတြက္ သူ႔ရဲ႕အနီးအနားရွိ ကစားစရာမ်ားႏွင့္အျခားအရာဝတၳဳမ်ားျဖင့္ TV ဖန္သားျပင္သို႔ အားျပင္းျပင္းထည့္ကာ ပစ္ေပါက္ေနခဲ့ပါတယ္။

ထို႔ေနာက္ အဆိုပါကေလးဟာ ဧည့္ခန္းထဲတစ္ဝိုက္မွေတြ႕ရွိတဲ့အျခားအရာဝတၳဳတစ္ခုကို ေကာက္ယူၿပီး ေနာက္ထပ္တစ္ႀကိမ္ TV ဖန္သားျပင္ေပၚသို႔ ပစ္ေပါက္ခဲ့ရင္း TV ရဲ႕အေပၚဘက္အျခားကိုပ်က္စီးသြားေစခဲ့ပါေသးတယ္။ အဆိုပါကေလးရဲ႕စူပါဟီး႐ိုးမ်ားကိုကူညီဖို႔ အရာဝတၳဳပစၥည္းမ်ားျဖင့္ TV အားပစ္ေပါက္ေနခဲ့တဲ့၎ဗီဒီယိုဟာ shares ေပါင္း ၃,၁၀၀ ေက်ာ္ ၊ Likeေပါင္း ၁၃,၀၀၀ ေက်ာ္ႏွင့္ မွတ္ခ်က္ေပါင္း ၄၅၀၀ ေက်ာ္ကိုရရွိခဲ့ပါတယ္။ ၎ဗီဒီယိုေၾကာင့္ အင္တာနက္သုံးစြဲသူမ်ားစြာက ေပ်ာ္႐ႊင္စြာ ဟာသေႏွာခဲ့ၾကၿပီး အျခားသူမ်ားမွာေတာ့ ကေလးရဲ႕မိဘမ်ားကဘယ္ေရာက္ေနခဲ့တာလဲလို႔ ေမးခြန္းထုတ္ခဲ့ၾကပါတယ္။ ကေလးဆိုတဲ့အတိုင္း မသိေသးတဲ့အရာေတြမ်ားစြာရွိေသးတာေၾကာင့္ အဆိုပါကေလးရဲ႕လုပ္ရပ္ကို အျပစ္ေျပာလို႔မရသလို ၎ဟာ မိဘေတြရဲ႕အနီးကပ္ၾကည့္ရႈေစာင့္ေရွာက္မႈႏွင့္သာ သက္ဆိုင္ပါတယ္။

Mia (KBdailynews)

Leave a Comment