Daily News

ပထမဆုံးမြေးယောကျ်ားလေးကို မွေးဖွားပေးခဲ့လို့ဆိုပြီး သားဖြစ်သူအား ဒေါ်လာ ၁၄ သန်းကို ရက်ရက်ရောရောလက်ဆောင်ပေးခဲ့တဲ့ သူဌေးကြီး

ယောက်ျားလေးတော်တော်များများဟာ နောင်မှာ ၎င်းတို့ရဲ့မိသားစုနာမည်ကို ဆက်ခံမယ့် သားတစ်ယောက်၊မြေးတစ်ယောက်တို့ကိုလိုချင်တတ်ကြပါတယ်။ တရုတ်ပြည်က ဖခင်တစ်ဦးဟာ သူ့ရဲ့သားနှင့် သားရဲ့ဇနီးဖြစ်သူတို့က သူ့အတွက် မြေးလေးတစ်ယောက်မွေးပေးခဲ့ပြီးနောက် သူဟာ ၎င်းတို့အား ယွမ် သန်း ၁၀၀ (ဒေါ်လာ ၁၄ သန်း) ကို လိုလိုလားလားလက်ဆောင်ပေးခဲ့ပါတယ်။ ဒါဟာ မယုံနိုင်စရာကောင်းလောက်အောင်ပါဘဲ။ Macau ကာစီနိုသူဌေးကြီးဖြစ်တဲ့ Stanley Ho မှာ ဇနီး လေးယောက်နှင့် သားသမီး ၁၇ ယောက်ရှိပါတယ်။


သူ့ရဲ့အသက်အရွယ်မှာ သားသမီးများစွာရှိနေတဲ့ အသက် ၉၈ နှစ်အရွယ် Stanley ဟာ အသက် ၂၅ နှစ်အရွယ် သားဖြစ်သူ Mario ရဲ့သားဦးလေးဖြစ်တဲ့ Ronaldo လေး လူ့ဘဝထဲမရောက်လာခင်အထိတော့ သူ့မှာ မြေးလေးတစ်ယာက်မှမရှိဘဲ မြေးမလေးတွေသာ ရှိနေခဲ့ပါတယ်။


Mario ဟာ Ming Xi အား ခမ်းနားထည်ဝါစွာ ချစ်ခွင့်ပန်ခဲ့ပါတယ်။ သို့ပေမဲ့ ကောလာဟလသတင်းများအရ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဇူလိုင်လ ၃၀ ရက်က Victoria’s Secret စူပါမော်ဒယ်တစ်ဦးက သူမရဲ့လောင်းကစားရုံသူဌေးကြီးရဲ့သားနှင့်လက်ထပ်ခဲ့စဉ် ယွမ်သန်း ၅၀၀ (ဒေါ်လာ ၇၀.၈ သန်း) ရရှိခဲ့တယ်လို့ သတင်းများထွက်ခဲ့ပါသေးတယ်။


Netizen တော်တော်များများက ထိုအချိန်တုန်းက Ming ဟာ ကိုယ်ဝန်ရှိနေပြီး ဗိုက်ပါထွက်နေခဲ့တာကြောင့် မင်္ဂလာအခမ်းအနားကို တိတ်ဆိတ်စွာ ပြုလုပ်ခဲ့သည်ဟုထင်ခဲ့ကြပေမဲ့ အချို့ကလည်း မကြာခင်မှာ ခမ်းနားတဲ့အခမ်းအနားကို တွေ့မြင်ရလိမ့်မည်ဟု မျှော်လင့်နေခဲ့ကြပါတယ်။


Stanley ဟာ နောက်ဆုံးမှာ မြေးယောကျ်ားလေးတစ်ယောက်ကို ရရှိခဲ့ပြီး အလွန်ပျော်ရွှင်နေခဲ့တာကြောင့် လူအများကမျှော်လင့်နေတဲ့ အခမ်းအနားကလည်း ဖြစ်လာတော့မှာ မလွှဲမသွေပါဘဲ။


မျိုးရိုးရဲ့ပထမဆုံးမြေးလေးဟာ သူလမ်းမလျှောက်နိုင်၊ စကားမပြောနိုင်သေးတဲ့အချိန်ကပင် သူဌေးသားဖြစ်နေပြီ။ သို့ပေမဲ့ ကာစီနိုသူဌေးကြီးက အခြားသားသမီးများက သူ့အတွက် မြေးလေးတွေကို မွေးဖွားလာပေးရင်တော့ ၎င်းတို့ရဲ့ကလေးများအား တူညီတဲ့ငွေပမာဏကို လက်ဆောင်ပေးမည်ဟု ရက်ရက်ရောရောကမ်းလှမ်းခဲ့ပါတယ်။


.


ထို့အပြင် Netizens များက ယခုနှစ်အစောပိုင်းမှာ Mario ဟာ သူ့ရဲ့အမေက မြေးလေးတစ်ယောက်ကို လိုချင်နေခဲ့ပြီး အကယ်လို့ သူသာအောင်မြင်ခဲ့လျှင် သူ့အား ယွမ်သန်း ၁၀၀ ကို ” ကျေးဇူးလက်ဆောင်” အဖြစ် ပေးရလိမ့်မည်ဟု ပြောကြားခဲ့ပါတယ်။ သူနောက်လိုက်တဲ့ဟာသကတော့ ဟာသလုံးလုံးကြီးမဖြစ်သွားခဲ့မှန်း သိသာထင်ရှားနေခဲ့ပါတယ်။ ၎င်းတို့ရဲ့သားဦးလေးနဲ့ ယွမ်သန်းများစွာကို ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ Mario နှင့် Ming Xi တို့အစား ဝမ်းသာမိပါတယ်ဗျာ။

Mia (KBdailynews)

Reference : rachfeed

Leave a Comment