Tue. Oct 26th, 2021

သင့်အနေနဲ့ ဂုဏ်သတင်းမွှေးပျံ့ဖို့ ကြိုးစားနေသူ ပုံရိပ်ကောင်းတစ်ခု ရရှိဖို့ ကြိုးစားနေတဲ့သူတစ်ယောက်ဆိုရင်တော့ လူအများရဲ့အထင်ကြီးလေးစားမှု၊ အာရုံစိုက်မှုကို အရင်ဆုံးရရှိပိုင်ဆိုင်ဖို့ ကြိုးစားသင့်ပါတယ်။ ဒီလိုလူအများရဲ့အထင်ကြီးလေးစားမှုကို ပိုင်ဆိုင်နိုင်ဖို့ဆိုတာ တော်ရုံအရည်အချင်းနဲ့ မရပါဘူး။

မိမိကိုယ်တိုင်က မွန်မြတ်တဲ့စိတ်ထား ထားရှိဖို့လိုအပ်သလို ယောကျာ်းပီသတဲ့ တကယ့်ယောကျာ်းဖြစ်ဖို့လည်း လိုအပ်ပါတယ်။ မွန်မြတ်တဲ့ တကယ့်ယောကျာ်းကောင်းဖြစ်ဖို့ ခက်ခဲတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမဲ့ သင် နေ့စဉ်ပြုလုပ်တဲ့အရာတွေထဲမှာ အခုဖော်ပြမယ့် သွင်ပြင်လက္ခဏာများကို ဖြည်းဖြည်းချင်း လိုက်နာကျင့်သုံးသွားမယ်ဆိုရင်တော့ သင်သည် ယောကျာ်းပီသတဲ့ တကယ့်ယောကျာ်းကောင်းဖြစ်မှာပါ။

ခေါင်းဆောင်နိုင်ရပါမယ်

မိမိရဲ့လူမှုပတ်ဝန်းကျင်မှာသာမက လုပ်ငန်းခွင်မှာ၊ ဘယ်လိုအခြေအနေမျိုးပဲရောက်နေပါစေ လူအများကို ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့အရည်အချင်းမျိုး ရှိဖို့လိုအပ်ပါတယ်။ ဆုံးဖြတ်ချက် မပြတ်မသားဖြစ်နေမယ့်အစား ပြတ်သားမှတ်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချနိုင်ရပါမယ်။ ကိုယ့်အဖွဲ့သားများအပေါ် ကိုယ်ချင်းစာစိတ်ထားတတ်ဖို့လည်း လိုပါတယ်။

သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်တတ်ရပါမယ်

လူအများရှေ့မှာသာမကဘဲ လူအများရဲ့နောက်ကွယ်မှာလည်းပဲ သန့်ရှင်းသပ်ရပ်စွာနေထိုင်နိုင်ရပါမယ်။ ဖက်ရှင်ကျပြီး သန့်ရှင်းသပ်ရပ်စွာ ဝတ်စားတတ်မှ လူအများရဲ့အာရုံစိုက်ခြင်းကို ခံရမှာဖြစ်ပြီး ပုံရိပ်ကောင်းတစ်ခုကို ဖန်တီးနိုင်မှာပါ။

ကတိတည်ရပါမယ်

 

\

လူမှာ ကတိ မင်းမှာ သစ္စာ ဆိုတဲ့စကားအတိုင်းပဲ ကတိမတည်တဲ့သူအဖို့ ဂုဏ်သတင်းမွှေးပျံ့ဖို့ အင်မတန်ခက်ခဲပါတယ်။ တကယ့်ယောကျာ်းကောင်း ယောကျာ်းမြတ်တစ်ယောက်က သူပေးထားတဲ့ ကတိကို ဘယ်အခြေအနေမျိုးမှာမဆို တည်တံ့ဖို့ ကြိုးစားတတ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒါက သူ့ဘဝအတွက် သူကိုယ်တိုင်ချမှတ်ထားတဲ့စည်းကမ်းဖြစ်လို့ပါပဲ။

တည်ငြိမ်ရင့်ကျင့်မှုရှိခြင်း

သူနဲ့ သဘောထာားမတိုက်ဆိုင်တဲ့လူတွေရဲ့စော်ကားဆန့်ကျင်မှုတွေ ခံစားနေရသည့်တိုင်အောင် တကယ့်ယောကျာ်းကောင်းက ရန်ကိုရန်ချင်း မတုံ့နှင်းဘဲ အေးဆေးတည်ငြိမ်စွာနဲ့ ပြဿနာကို ဖြေရှင်းတတ်ကြပါတယ်။ ပြဿနာတစ်ခုကို စိတ်လိုက်မာန်ပါ မဆုံးဖြတ်ဘဲ ခေါင်းအေးအေးဖြင့် ရင်ဆိုင်ဖြေရှင်းခြင်းကသာလျှင် မှန်ကန်သောဖြေရှင်းနည်းဖြစ်ပါတယ်။

မိမိရဲ့ပါရမီဖြည့်ဖက်အတွက်ပါ ထည့်သွင်းစဉ်းစားပေးရပါမယ်

 

 

မိမိရဲ့လက်အောက်ငယ်သားတွေအတွက် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ရုံနဲ့ မပြီးသေးပါဘူး။ မိမိချစ်သူ (သို့) အိမ်သူသက်ထားအတွက်လည်း ယောကျာ်းကောင်းတစ်ယောက်ဖြစ်ဖို့လိုအပ်ပါတယ်။ မိမိချစ်သူ (သို့) အိမ်သူသက်ထားကို အချိန်ပေးဖို့လိုအပ်သလို လေးစားစွာ ဆက်ဆံဖို့လည်း လိုအပ်ပါတယ်။ ဒါမှ အောင်မြင်တဲ့ဘဝအပြင် ပျော်ရွှင်စရာကောင်းတဲ့ဘဝကိုပါ တစ်ချိန်တည်း တပြိုင်နက်တည်းမှာ ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။

Source: Azuro-republic.com

Leave a Reply

Your email address will not be published. Required fields are marked *