Wed. Oct 27th, 2021

လူတိုင်းပြောကြတဲ့ စကားတစ်ခွန်းရှိပါတယ်။ အဲဒါကတော့ ငွေရှာရတာ အလွန်ခက်ပြီး သုံးရင် ခဏလေးနဲ့ ကုန်သွားတယ်လို့ ပြောတတ်ကြတာပါ။ တကယ်လည်း ပိုက်ဆံဟာ ရှာရတာ ပင်ပန်းခက်ခဲသလောက် ဆီလိုအပေါက်ရှာ ပြန်ထွက်တတ်တဲ့ သဘာဝရှိပါတယ်။ ဒီအတွက် ငွေ ကိုယ့်နားမှာ နေအောင် ကိုယ်က ငွေကို ချစ်ဖို့တော့လိုအပ်ပါတယ်။ ကိုယ်က ငွေကို ချစ်မှ ငွေက ကိုယ့်ကို ချစ်ပြီး အနားမှာနေမှာပါ။

(၁) တကယ်မလိုပဲ ဝယ်တာမျိုးရှောင်ပါ

]

မလိုအပ်တာတွေ လျှောက်ဝယ်နေတာမျိုး မလုပ်ပါနဲ့။ မလိုအပ်တာတွေ လျှောက်ဝယ်နေတာဟာ ဖြုန်းတီးနေခြင်းပါပဲ။ ကိုယ်က ပိုက်ဆံနဲ့ ပေးဝယ်ခဲ့ရပေမယ့်လည်း မလိုအပ်တဲ့အခါ အမှိုက်ဖြစ်သွားနိုင်ပါတယ်။ ဒီတော့ ကိုယ် ခက်ခက်ခဲခဲ ရှာထားတဲ့ ပိုက်ဆံတွေကို အမှိုက်လို မလွှင့်ပစ်လိုက်ပါနဲ့။

(၂) ငွေတန်ဖိုးကိုနားလည်ပါ

ငွေရဲ့တန်ဖိုးကို နားလည်ဖို့ကလည်း အရမ်းအရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငွေက ကိုယ့်ရဲ့ ချွေးတွေ လုံ့လတွေ နဲ့ ပင်ပင်ပန်းပန်းရှာထားရတဲ့ ငွေတွေဖြစ်နေလို့ပါပဲ။ ဒီလို ကိုယ်က ပင်ပန်းခက်ခဲစွာရှာထားရတဲ့ ငွေတွေကို လက်လွတ်စပယ် သုံးလိုက်တာကို ရှောင်ကြဉ်သင့်ပါတယ်။ သုံးသင့်တဲ့နေရာမှာ ကောင်းကောင်းသုံးပြီး နှမြောသင့်တဲ့နေရာမှာ နှမြောပါ။

(၃) စုပါ

ငွေက ကိုယ့်ဆီမှာ မြဲဖို့အတွက် ငွေကို စုဆောင်းဖို့လိုပါတယ်။ ကိုယ်က အများကြီး မစုဆောင်းနိုင်ဘူးဆိုရင်တောင် ကိုယ့်ဝင်ငွေရဲ့ လေးပုံ တစ်ပုံကို စုဆောင်းနိုင်အောင်ကြိုးစားပါ။ ပထမအစပိုင်းမှာ ငွေစုဆောင်းရတာ နည်းတယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် နောက်ပိုင်းမှာတော့ တစတစနဲ့ ငွေတွေ တိုးပွားလာမှာပါ။

(၄) တန်ရာတန်ကြေးကို သိပါစေ

တချို့အရာတွေက တန်ဖိုးနဲ့ ရတာတွေ မတန်တတ်ပါဘူး။ ဒါကို ကိုယ်တိုင်လည်း သိမှာပါ။ ဒီတော့ တစ်ခါ ဂျင်းမိလို့ ခံရပြီးပြီဆိုရင် နောက်တစ်ခါ ဂျင်းထည့်မခံရဖို့ သတိထားပါ။ အားနာတတ်လွန်းတာလည်း နေရာတကာမှာ မကောင်းပါဘူး။ ကိုယ်က အားနာလွန်းလို့ ဘာမှမပြောရင်တောင် တဖက်က ကိုယ့်ကို ငပေါလို့ ထင်သွားတတ်ပါတယ်။ ဒီတော့ ပစ္စည်းတွေရဲ့ တန်ရာတန်ကြေးကို သိပါ။

Zawgyi

လူတိုင္းေျပာၾကတဲ့ စကားတစ္ခြန္းရွိပါတယ္။ အဲဒါကေတာ့ ေငြရွာရတာ အလြန္ခက္ၿပီး သုံးရင္ ခဏေလးနဲ႔ ကုန္သြားတယ္လို႔ ေျပာတတ္ၾကတာပါ။ တကယ္လည္း ပိုက္ဆံဟာ ရွာရတာ ပင္ပန္းခက္ခဲသေလာက္ ဆီလိုအေပါက္ရွာ ျပန္ထြက္တတ္တဲ့ သဘာဝရွိပါတယ္။ ဒီအတြက္ ေငြ ကိုယ့္နားမွာ ေနေအာင္ ကိုယ္က ေငြကို ခ်စ္ဖို႔ေတာ့လိုအပ္ပါတယ္။ ကိုယ္က ေငြကို ခ်စ္မွ ေငြက ကိုယ့္ကို ခ်စ္ၿပီး အနားမွာေနမွာပါ။

(၁) တကယ္မလိုပဲ ဝယ္တာမ်ိဳးေရွာင္ပါ

မလိုအပ္တာေတြ ေလွ်ာက္ဝယ္ေနတာမ်ိဳး မလုပ္ပါနဲ႔။ မလိုအပ္တာေတြ ေလွ်ာက္ဝယ္ေနတာဟာ ျဖဳန္းတီးေနျခင္းပါပဲ။ ကိုယ္က ပိုက္ဆံနဲ႔ ေပးဝယ္ခဲ့ရေပမယ့္လည္း မလိုအပ္တဲ့အခါ အမႈိက္ျဖစ္သြားႏိုင္ပါတယ္။ ဒီေတာ့ ကိုယ္ ခက္ခက္ခဲခဲ ရွာထားတဲ့ ပိုက္ဆံေတြကို အမႈိက္လို မလႊင့္ပစ္လိုက္ပါနဲ႔။

(၂) ေငြတန္ဖိုးကိုနားလည္ပါ

ေငြရဲ႕တန္ဖိုးကို နားလည္ဖို႔ကလည္း အရမ္းအေရးႀကီးပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ေငြက ကိုယ့္ရဲ႕ ေခြၽးေတြ လုံ႔လေတြ နဲ႔ ပင္ပင္ပန္းပန္းရွာထားရတဲ့ ေငြေတြျဖစ္ေနလို႔ပါပဲ။ ဒီလို ကိုယ္က ပင္ပန္းခက္ခဲစြာရွာထားရတဲ့ ေငြေတြကို လက္လြတ္စပယ္ သုံးလိုက္တာကို ေရွာင္ၾကဥ္သင့္ပါတယ္။ သုံးသင့္တဲ့ေနရာမွာ ေကာင္းေကာင္းသုံးၿပီး ႏွေျမာသင့္တဲ့ေနရာမွာ ႏွေျမာပါ။

(၃) စုပါ

ေငြက ကိုယ့္ဆီမွာ ၿမဲဖို႔အတြက္ ေငြကို စုေဆာင္းဖို႔လိုပါတယ္။ ကိုယ္က အမ်ားႀကီး မစုေဆာင္းႏိုင္ဘူးဆိုရင္ေတာင္ ကိုယ့္ဝင္ေငြရဲ႕ ေလးပုံ တစ္ပုံကို စုေဆာင္းႏိုင္ေအာင္ႀကိဳးစားပါ။ ပထမအစပိုင္းမွာ ေငြစုေဆာင္းရတာ နည္းတယ္လို႔ ထင္ေကာင္းထင္ႏိုင္ေပမယ့္ ေနာက္ပိုင္းမွာေတာ့ တစတစနဲ႔ ေငြေတြ တိုးပြားလာမွာပါ။

(၄) တန္ရာတန္ေၾကးကို သိပါေစ

တခ်ိဳ႕အရာေတြက တန္ဖိုးနဲ႔ ရတာေတြ မတန္တတ္ပါဘူး။ ဒါကို ကိုယ္တိုင္လည္း သိမွာပါ။ ဒီေတာ့ တစ္ခါ ဂ်င္းမိလို႔ ခံရၿပီးၿပီဆိုရင္ ေနာက္တစ္ခါ ဂ်င္းထည့္မခံရဖို႔ သတိထားပါ။ အားနာတတ္လြန္းတာလည္း ေနရာတကာမွာ မေကာင္းပါဘူး။ ကိုယ္က အားနာလြန္းလို႔ ဘာမွမေျပာရင္ေတာင္ တဖက္က ကိုယ့္ကို ငေပါလို႔ ထင္သြားတတ္ပါတယ္။ ဒီေတာ့ ပစၥည္းေတြရဲ႕ တန္ရာတန္ေၾကးကို သိပါ။

Leave a Reply

Your email address will not be published. Required fields are marked *